မြန်မာဘာသာပြန်
ဖေဖေ ... ဖေဖေ ... ဖေဖေ
သမီးတစ်ယောက်တည်း
အရမ်းကိုမှောင်မိုက်ပြီး ပူပြင်းနေတဲ့မြေပြင်ကြီးပေါ်မှာ
ခိုင်မာ(ရွက်ဖျင်တဲ)တွေလဲ နှင့် သမီးအဝတ်စား
မီးလောင်းခဲ့ပြီး
ပြီးနောက်သမီးဆီကို
ရက်စက်ယုတ်မာသူ
တစ်ဦးဟာဦးတည်ပြီးလာခဲ့ပါတယ်။
သမီးတုန်ခါပြီး၊နှလုံးတုန်ခဲ့ရပါတယ်
ဖေဖေ ...
အဲ့ဒီသူကသမီးရဲ့နားတောင်းလေးကို
အတင်းဆွဲဖြုတ်လုယူပစ်လိုက်တယ်
နားကနေထွက်လာတဲ့သွေးတွေဟာ အကျီကိုတောင်စွန်းထင်းကုန်ပြီ ...
အဲ့ဒီသူကသမီးရဲ့ပါးကိုလဲရိုက်တယ်
သမီးဘယ်လိုမှမထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါတယ် ...
ပြီးတော့သမီးအော်ငိုပြီးတမ်းတ ခဲ့ပါတယ်
ဦးရီးတော် အဘာစ် (အ.စ) ၊ရှင်မ်ရ် (လ.န) က သမီးကိုရိုက်နေပါတယ် ။သမီးကို ကူညီပေးဖို့ ဘယ်သူမှလဲမလာကြဘူး ...
ဖေဖေ ...
သမီးငိုလျက် နေခဲ့ရပါတယ် ......
ဖေဖေ ... ဖေဖေ
အသက်တမျှချစ်ရသည့်ဖေဖေ
သမီးဘာတွေပြောပြရပြီး၊ဘာတွေမပြောရမည်နည်း
ပူဆွေးဝမ်းနည်းကြေကွဲစရာဒုက္ခဝေဒနာများ ခရီးစဉ်အခြေအနေ နှင့် ရှာမ်အကျဉ်းထောင်၏ ရက်စက်ယုတ်မာမှု အကြောင်းကို
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ...
ရှင်မ်ရ် (လ.န) ဟာလေ သမီးကို ပါးရိုက်တယ် ...
နားတောင်းကိုလဲအတင်းဆွဲလုတယ် ။
နားကနေထွက်လာတဲ့သွေးတွေဟာ
သမီးရဲ့အကျီကိုတောင် ပေကုန်တယ် ...
အသက်တမျှချစ်ရသည့်ဖေဖေ
နည်းနည်းလောက် ကြည့်လဲ့ပါအုန်း
သမီးရဲ့ ပါးပြင်ကလေးနီကုန်ပြီး
ဘယ်ဖတဆိုးကလေးငယ်ကိုများ ဘယ်သူကအဲ့လောက်ထိရိုက်ရက်ကြပါသလဲ...
ရှင်မ်ရ်(လ.န)ကို မြင်ပီး
သမီးကြောက်လို့တုန်ခါနေပါတယ် ...
အကို စဂျ်ဂျားဒ်(အ.စ)ရဲ့ နောက်ကနေကွယ်ပြီး ပုံးနေ လိုက်တယ်
ဖေဖေ ... ဖေဖေ ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
ဤကြေကွဲမှု၏ မီးတောက်ဟာ သမီးဘဝတစ်ခုလုံးကို လောင်ကျွမ်းပြာကျ ခဲ့စေပါတယ် ... ဖေဖေ
ထပ်ပြီးတော့ သမီး၏ အခြေအနေကို
ပြောပြပါမယ် ...
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေမျှဝေခံစားချင်ပါတယ် ...
အသက်တမျှချစ်ရသည့် ဖေဖေ
ကြိုဆိုပါတယ် ...ဆင်းရဲသား၏အိမ်ကို ကြွလာသည့်အတွက် ... ကြွလာပေးပါဖေဖေ ၊ ဖေဖေကို ဖတဆိုး၏ဖြစ်ရပ်ကိုပြောပြပါမယ် ...
အသက်တမျှချစ်ရသည့် ဖေဖေ
ကြိုဆိုပါတယ် ... သမီးဖေဖေ၏ ကိုယ်ခန္ဓာ ပေါ်တွင် ပေးကျန်နေသည်မြေများပေါ် စတေးပါတယ် ...
အလ္လာဟ်အားကျိန်ဆိုပါတယ်။ ဖေဖေသမီးနှင့် ဝေးဖို့ ခရီးထွက်တော့မည်ပြုသည့်အချိန် သမီးနှလုံးသားနာကျင်ကွဲသွားခဲ့ရပါတယ် ...
ဖေဖေမရှိတော့သည့်နောက်ပိုင်း လအ်နသ်သီများဟာ သမီးတို့၏ တဲများကို မီးရှို့ ခဲ့ကြပါတယ် ....
မည်သည့် အပြစ်ကြောင့် ကလေးငယ်များ ကို ရိုက်နက်ခဲ့ကြပါသနည်း ?
ဖေဖေ.... ဖေဖေ ...
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေမျှဝေခံစားချင်ပါတယ် ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ...
အားလုံး၏ လက်မောင်းများကို ချည်နှောင်ထားပါတယ် ... အားလုံး၏လက်မောင်းကိုချည်နှောင်ထားသည့်
ကြိုးဖြင့်သမီးလည်ပင်းကို ချည်နှောင် ထားပါတယ် ...
ကြိုးကိုဆွဲသည့်အခါတိုင်း ၊ခြေလှမ်းတိုင်း သမီးအသက်ထွက်မတတ်ခံခဲ့ရပါတယ်...ဖေဖေ
အသက်တမျှချစ်ရသည့်ဖေဖေ ... သမီးဟာခရီးတစ်လျှောက် လေးဘက် သွားခဲ့ရပါတယ် ...
နာကျင်တဲ့အခါ ...တမ်းတာ ခဲ့ရပါတယ် ...ဖေဖေ
မူးမဲ့ပြီး မြေကြီးပေါ်သို့လဲကျသည့်အခါ မကျဘဲ ကြိုးဟာ လည်ပင်းကို ညစ်ထားပါတယ် ... ဖေဖေ
ဖေဖေလဲမရှိတော့ရော ရန်သူတွေဟာ သမီးတို့ရဲ့ ခိုင်မာ(တဲနန်း)တွေကိုမီးရှို့ကြတယ် ကလေးငယ်တွေကိုလဲ ရိုက်နက်ကြတယ်
အသက်တမျှချစ်ရသည့် မေမေ ..
ဖေဖေသာ ခွင့်ပေးခဲ့မယ်ဆိုရင်
သမီးရဲ့နာကျင်မှုတွေကို ပြောပြပါရစေ
ဖေဖေရဲ့ နာကျင်မှုတွေကိုလဲ ပြောပြပါ ...
သမီးရဲ့နာကျင်မှုတွေကို ပြောပြပါရစေ
ဖေဖေရဲ့ နာကျင်မှုတွေကိုလဲ ပြောပြပါ ...
အသက်တမျှချစ်ရသည့် ဖေဖေ ...
အများဆုံး သမီး၏ အဒေါ် ကိုရိုက်နက်ခဲ့ကြပါတယ်...
အသက်တမျှချစ်ရသည့် ဖေဖေ ...
သမီး၏မျက်နှာ တွင်ပါးရိုက်ခံထားရလို့ ထွက်ပေါ်နေသည့် အနီ ရောင် ကို ကြည့်ပါအုန်း ...
အသက်တမျှချစ်ရသည့် ဖေဖေ
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ...
သူတို့ဟာလေ အားလုံးထဲမှာမှ
သမီးရဲ့အဒေါ် ဇိုင်နဘ် (စ.အ)ကို ပိုပြီး ရိုက်နက်ကြတယ် ...
မည်သူဘဲ ဖြစ်ဖြစ် သမီးမျက်နှာကို ကြည့်ပြီး ဇဲဟ်ရာဟ်သခင်မကြီး (စ.အ) ဖြစ်သွားလို့ပြောကြပါတယ် ...
ကြည့်ပါအုန်း ...ဖေဖေ၏မိခင်မွန် ၏ မျက်နှာ တော် အပေါ်
ဘယ်လိုရက်စက် ခဲ့ကြလည်း ဆိုတာ ...
ဖေဖေ... ဖေဖေ...
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေမျှဝေခံစားချင်ပါတယ် ...
အသက်တမျှချစ်ရသည့် ဖေဖေ ...
ဖေဖေကြည့်ဖို့ မပြောနှင့် ၊နားထောင်နိုင်မည် မဟုတ်ချေ။ သမီးရဲ့ပါးပြင်လေးပေါ်က လက်စွပ်အရာကိုလည်း ကြည့်လဲ့ပါအုန်း ...
အသက်တမျှချစ်ရသည့် ဖေဖေ ... ဖေဖေလည်းသမီးကို မှတ်မိတော့မှာ မဟုတ်ဘူး ...
ဆံပင်တွေဟာမြေကြီးတွေပေးနေပြီး နားနှစ်ဖက်လုံးမှသွေးတွေ အခုချိန်ထိ စီးကျနေပါတယ် ...
သည်းခံခြင်းဆိုတာ ဝမ်းနည်းမှုတိုင်းအတွက် ဖြစ်ပေမဲ့သမီးဘယ်လိုသည်းခံခဲ့ရတယ်ဆိုတာနားထောင်ပေးပါအုန်း ...
မိုင်ပေါင်း ၁၃၀၀ ရှီသည့်ခရီးကိုဘယ်လို ဖြတ်သန်းလာသည်ဆိုကို နားထောင်ပေးပါအုန်း ...
ဖေဖေ ... ဖေဖေ
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေကိုမျှဝေခံစားချင်ပါတယ် ...
သမီးရဲ့ မောင်လေး အလီအစ္စဂရ်(အ.စ) ရော ဘယ်ရောက်သွားတာလဲ
ကလေးတွေကတော့ပြောနေတယ်
ဖေဖေမောင်လေးကို အလ္လာဟ်အရှင်မြတ်စီ ခေါ်သွားလိုက်ပြီတဲ့...
အသက်တမျှချစ်ရသည့် ဖေဖေ ...
ဖေဖေဘေယ်လိုဒုက္ခတွေနှင့်ရင်ဆိုင်ရလည်းဆိုတာ ပြောပြပါအုန်း ...
အစ်ကို အလီအက္ကဘရ်ရော အဘယ်ကြောင့်
မရောက်လာရသေးပါသနည်း ...
သမီးမသိပါဘူး ဖေဖေ ...လူတွေဟာ ဘာကြောင့် သမီးကို ဖတဆိုးဆိုပြီး ပြောနေကြလဲ ...
ဖေဖေ၊ ဖတဆိုးဆိုတာ ဘာကို ခေါ်တာပါလဲ ? ...
တစ်စုံတစ်ယောက်ရဲ့ အဖေဟာ ဒီလောကကြီးကနေထွက်သွားခဲ့ရင် သူ့ကိုဖတဆိုးလို့ ခေါ်တာလား ?
သို့မဟုတ်အိမ်လုံးကျွတ် မရှိတောတဲ့သူကို ဖတဆိုး လို့ခေါ်တာလား ?
ဖေဖေ ... ဖေဖေ
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေကိုမျှဝေခံစားချင်ပါတယ် ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ၊ သမီး ၏ဒဏ်ရာဒဏ်ချက်များ နှင့်ပတ်သက်ပြီး ဖေဖေသတင်းမရှိဘူးနော် ...အခုခူတွေသမီးကို ဖတဆိုးမလေးဆိုပြီးခေါ်ကြပါတယ် ...
အသက်တမျှချစ်ရသည့်ဖေဖေ ... သမီးယနေ့အထိ နားမလည်ပါဘူး ...အဖေမရှိခြင်းဟာ ဖတဆိုးဖြစ်တာလား ? အကျဉ်းချခံရတာလားဆိုတာ ...
လူတွေကသမီးကို ဒိုအာ တောင်းခိုင်းကြပါတယ် ...
နောက်ထပ် ဘယ်ကလေးမှ သမီးလို ဖတဆိုး မဖြစ်စေဖို့အတွက် ...
ဖေဖေ ... ဖေဖေ ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေကိုမျှဝေခံစားချင်ပါတယ် ...
သူတို့တွေဟာ မိမိတို့၏ ရက်စက်ကြမ်းတမ်းတဲ့ အပြောအဆိုတွေဖြင့် သမီးတို့ရဲ့ နှလုံးသားကိုလောက်မြိုက်စေခဲ့တယ်
ဤအပြုအမှုတွေဟာ ဘယ်လိုအပြုအမှုတွေပါလဲ ...
ဖတဆိုးကလေးများကို ရိုက်နက်ကြပါတယ် ...
ဤဝမ်းနည်းကြေကွဲဖွယ်နာကျင်ဖွယ်မီးအားသမီးတို့၏ ဘဝကိုလောင်းကျွမ်းစေပြီး
ပြာလုပ်ခဲ့ပါတယ် ...
သမီးနောက်ထဖန် မိမိ ၏ အခြေအနေကိုပြောပြပါမည် ... ဖေဖေ ..
အသက်တမျှချစ်ရသည့်ဖေဖေ ... အကယ်၍ ခွင့်ပြုမည်ဆိုလျင် သမီးဖေဖေ၏ နာကျင်မှုတွေကိုမျှဝေခံစားချင်ပါတယ် ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
အသက်တမျှ ချစ်ရသည့်ဖေဖေ ၊ ဖေဖေ ဦးခေါင်းတော်ကိုလေ
သမီးအကျဉ်းထောင်ထဲမှာ မြင်တွေရတဲ့အခါ ကိုယ့်ကိုကိုယ်ဘယ်လိုမှ
ထိန်းမရနိုင်အောင် နာကျင်ခဲ့ရပါပြီး ...
အသက်တမျှချစ်ရသည့်ဖေဖေ ...
အခုသမီး၏နာကျင်မှုတွေ ၊ဝေဒနာတွေ၏မောပန်းခြင်းဟာ ဝေးသွားပါပြီး ...
အခုသမီးအေးအေးဆေးဆေးသေနိုင်ပါပြီး ...
ဤနေရာတွင်ပြီးဆုံးသွားပါပြီး ၊ မဇ်ဟရ်နှင့်ဖရ်ဟန် အားတမ်းတခဲ့ပါတယ် ...
ကျမကိုခေါ်သွားကြပါတော့ဟု သမီးငယ်လေး စကီနာ (စ.အ)မှ ပြောပါတယ် ...
ဖေဖေ ... ဖေဖေ ...
ဖေဖေ၏ နာကျင်ကြေကွဲဖွယ် ဒုက္ခ ကို သမီးကိုပြောပြပါ။
သမီးလည်းမိမိ၏ နာကျင် ကြေကွဲဖွယ် ဒုက္ခကိုဖေဖေကို ပြောပြပါမည်။
****************************************************************
END / 251
