အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၁ အောက်တိုဘာ ၂၀၂၂

၀၈:၀၇:၄၈
1315778

ဒေလီမြို့ရှိ Iranian Culture House တွင် အိန္ဒိယ သုတေသီများ အဖွဲ့မှ ကုရ်အာန် သုတေသီ သုံးဦးအား ဂုဏ်ပြုအားပေး

ဒေလီမြို့ရှိ Iranian Culture House တွင် အိန္ဒိယ သုတေသီများ အဖွဲ့မှ ကုရ်အာန် သုတေသီ သုံးဦးအား ဂုဏ်ပြုအားပေး သည့် အစီအစဉ် ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ ကုရ်အာန်  သတင်းဌာန၏ အဆိုအရ ဒေလီမြို့ရှိ Iranian Culture House တွင် အိန္ဒိယ သုတေသီများ  အဖွဲ့မှ ကုရ်အာန် သုတေသီ သုံးဦးအား  ဂုဏ်ပြုအားပေး ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အိန္ဒိယ သုတေသီများ  အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ H.I  မိုဟမ္မဒ် ဘာကဲရ် ရေဇာ စအီးဒ်ဒီ  မှ ဤ ကိစ္စ နှင့်ပတ်သက်ပြီး အိန္ဒိယ သုတေသီများ အဖွဲ့၏ မှတ်တမ်း အရ အဖွဲ့၏ အဆင့်မြင့် သုတေသနပြု စာတမ်း များ တွင် ကုရ်အာန် ခေါင်းစဉ် နှင့် ၉၉ ရာခိုင်နှူန်း ကျော် ရှိကြောင်း ဤသုတေသနပြုစာတမ်းများ တွင်  စာတမ်း ၃ ခု ထက်မနည်း သည် အလွန် အဆင့်မြင့်ဆုံး အဆင့်ရှိသည့် စာတမ်း များ ဖြစ်ကြောင်း သို့သော် ဒေလီမြို့ အစီအစဉ်သို့ လာရောက် နိုင်သည့် သူများကို သာ ဦးစားပေး ဖိတ်ခေါ် ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး H.I  မိုဟမ္မဒ် ဘာကဲရ် ရေဇာ စအီးဒ်ဒီ  မှ အဆင့်အမြင့်ဆုံး အဆင့်ရှိကုရ်အာန် ဆိုင်ရာ သုတေသီစာတမ်းကို ၂ ခု ကို ပြုစု ရေးသားခဲ့သည့် အာလင်မ်မ်ျားမှာ H.Iမင်န်ဟာလ် ဟိုစိုင်းခိုင်းရ် အာဗါဒ် ဒီ ၊      H.I ဇိုလ်ဖေကာရ် ဟိုစိုင်းန် နဂ်ပူးရ် နှင့်     H.I ဟာဖေဇ် ဆရက်ဒ် ဒေလာဝဲရ်ဟိုစိုင်းန် အာဗစ်ဒ်ဒီ  အလီပူးရ်တို့ဖြစ်ကြောင်း  ၎င်းတို့အား Iranian Culture House ဘက်မှ ဂုဏ်ပြု ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အမိမြန်မာ နိုင်ငံတွင်လည်း Iranian Culture House ရှိလာရန် ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

****************************************************************
END / 251