အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup.com
စနေနေ့

၂၂ အောက်တိုဘာ ၂၀၂၂

၂၂:၀၁:၂၄
1316134

လွှတ်တော်ကို တိုက်ခိုက်ရန် လှုံ့ဆော်မှုအတွက် ဖြေရှင်းရတော့မယ့် အမေ ရိကန်သမ္မတဟောင်း

ပြီးခဲ့တဲ့နှစ်က လွှတ်တော်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီက ဆင့်ခေါ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့တဲ့နှစ်က လွှတ်တော်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီက ဆင့်ခေါ်လိုက်ပါတယ်။

ထရမ့်ဟာ နိုဝင်ဘာရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံဘဲ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သူ့ကိုထောက်ခံသူတွေဟာ ဝါရှင်တန်က လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော် အထူးကော်မတီက လာရောက်ဖြရှင်းဖို့ ထရမ့်ကို ဆင့်ခေါ်လိုက်ပါတယ်။

“ခင်ဗျားဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတဲ့ တစ်ဦးတည်းသော အမေရိကန်သမ္မတဖြစ်ပြီး ဒီကိစ္စမှာ အဓိက တာဝန်ရှိသူလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး တရားမဝင်ဘူးဆိုတာ ခင်ဗျားလည်း သိပြီးသားပါ” လို့ ဆင့်ခေါ်စာမှာ ဖော်ပြထားပါတယ်။

ကော်မတီဟာ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတစ်ချို့ကိုလည်း ထရမ့်ဆီက တောင်းထားပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မတိုင်မီ ဒီစာရွက်စာတမ်းတွေကို ပေးရမှာဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကော်မတီရှေ့မှောက် မေးမြန်းစစ်ဆေးခံရမှာဖြစ်ပါတယ်။

ထရမ့်ရဲ့ရှေ့နေက ကော်မတီဟာ စံနှုန်းတွေကို မလိုက်နာဘဲ နိုဝင်ဘာလအတွင်းလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို အာရုံလွှဲဖို့အတွက် ဒီလို ဆောင်ရွက်တာလို့ ပြစ်တင်ဝဖေန်ခဲ့ပါတယ်။

ထရမ့်အနေနဲ့ ကော်မတီရဲ့ ဆင့်ခေါ်မှုကို မလိုက်နာရင် တရားရေးဌာနရဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး တရားစွဲဆိုခြင်းကို ခံရမှာ ဖြစ်ပါတယ်။

****************************************************************
END / 251