အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ နိုဝင်ဘာ ၂၀၂၂

၀၈:၀၉:၁၇
1326013

အီဂျစ် နိုင်ငံတွင် တစ်နှစ်တာ အကောင်းဆုံးကုရ်အာန်ဆရာ ရွေးချယ်ပွဲ ပြုလုပ်

အီဂျစ် သာသနာရေး ဝန်ကြီး မိုဟမ္မဒ် မွတ်ခ်သာရ် ဂျွန်မ်အဟ် မှ ကဖ်ရ်ရှိက္ခ် ၏ရှေ့ဆောင်ဆရာ နှင့် တရား ဟောဆရာ ဖြစ်သည့် မွတ်စ်သဖွာ မိုဟမ္မဒ် မွတ်စ်သဖွာ အဗ်ဒိုလ္လာဟ်အဘူလ်အမါရာန်းမ် အား 2022 ခုနှစ်၏ အကောင်းဆုံး ကျမ်းတော်မြတ်ကုရ်အာန် ဆရာ (တရားဟောဆရာ) အဖြစ်ကြေငြာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေက်နာ သတင်း အထောက်အထားများ အရ ကိုင်ရို သတင်းစာ ဖော်ပြချက်အရ အီဂျစ် သာသနာရေး ဝန်ကြီး မိုဟမ္မဒ် မွတ်ခ်သာရ် ဂျွန်မ်အဟ် မှ ကဖ်ရ်ရှိက္ခ် ၏ရှေ့ဆောင်ဆရာ နှင့် တရား ဟောဆရာ ဖြစ်သည့် မွတ်စ်သဖွာ မိုဟမ္မဒ်  မွတ်စ်သဖွာ အဗ်ဒိုလ္လာဟ်အဘူလ်အမါရာန်းမ် သည် 2022 တွင်ပြုလုပ်သည့် အကောင်းတကာ အကောင်းဆုံး ဆရာ ပြိုင်ပွဲ တွင် ရွေးချယ်ခံခဲ့ရကြောင်း  ပေါင်တစ်သိန်း ဆု ချီးမြှင့်ြခင်းခဲ့ခဲ့ရကြောင်း ပြောကြား ခဲ့ပါတယ်။

အီဂျစ် သာသနာရေးဝန်ကြီး ၏  ပြောကြားချက်အရ အီဂျစ် သာသနာရေး ဝန်ကြီးဌာန ၏ ပံ့ပိုး မှု ဖြင့် ကျမ်းတော်ကုရ်အာန် ဆိုင်ရာ သင်ကြားမှု များ တိုးတက်ရေး နှင့် အာဂုံဆောင်ခြင်းကို အားပေး ထောက်ခံ ရန်အတွက် ၂၀၂၂ အကောင်းတကာ အကောင်းဆုံး ဆရာ ပြိုင်ပွဲကို ကျင်းပ ခဲ့ရ ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

မွတ်စ်သဖွာ မိုဟမ္မဒ်  မွတ်စ်သဖွာ အဗ်ဒိုလ္လာဟ်အဘူလ်အမါရာန်းမ် မှ မိမိ အား ရွေးချယ် ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း အလ္လာဟ်ဟို အရှင်မြတ်သခင်အား ကျနော်ကို ဤနှစ် ၏ အကောင်းအကောင်းဆုံး ဆရာ အဖြစ်ရွေးချယ် မှုအား ပေးသနား ခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း ထိုနည်း တူစွာ ကျင်းပပြီး ဆုချီးမြှင့် မှုကို ဆောင်ရွက်ပေးခဲ့သည့် အီဂျစ် သာသနာရေး ဌာနကို လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အီဂျစ် သာသနာရေး ဝန်ကြီးဌာန မှ ပြုလုပ်ပေးမှုကို စံပြု နမူနာ ယူသင့်ပါတယ်။

****************************************************************

END / 251