အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၁၁ ဒီဇင်ဘာ ၂၀၂၂

၂၁:၀၈:၅၁
1330186

ဖမ်းဆီးခံထားရသည့် တေးရေးတေးဆို သျှန်ထွဏ်း (မြန်မာစာ) ပြန်လွတ်

ဖမ်းဆီးခံထားရတဲ့ တေးရေး တေးဆို သျှန်ထွဏ်း (မြန်မာစာ) ဟာ ဒီဇင်ဘာ ၁၀ ရက်က ပြန်လည်လွတ်လာတယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။




အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ဖမ်းဆီးခံထားရတဲ့ တေးရေး တေးဆို သျှန်ထွဏ်း (မြန်မာစာ) ဟာ ဒီဇင်ဘာ ၁၀ ရက်က ပြန်လည်လွတ်လာတယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

"ဟုတ်ပါတယ် မနေ့က ပြန်လွတ်လာတာပါ။ ကိုဖိုးချစ်တော့ မပါသေးဘူးလို့သိရတယ်" လို့ နီးစပ်သူတဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

သရုပ်ဆောင် ဇာတ်မင်းသားဖိုးချစ်နဲ့ တေးရေး၊ တေးဆိုသျှန်ထွဏ်း ( မြန်မာစာ) တို့ အပါအဝင် ၄ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက် မှာ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ သိရပါတယ်။

ဖိုးချစ်၊ သျှန်ထွဏ်း(မြန်မာစာ) အပါအဝင် ၄ ဦး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာတော့ ဖိုးချစ်နဲ့ သျှန်ထွန်း (မြန်မာစာ) တို့ဟာ တော်လှန်ရေးရဲဘော်‌တွေကို ကူညီထောက်ပံ့တာကြောင့် အဖမ်းခံရတာလို့ ရေးသားဖော်ပြနေပါတယ်။


****************************************************************
END / 251