၉ ဇန်နဝါရီ ၂၀၂၃ - ၁၀:၂၆
၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန်က မွတ်စလင်မြို့တော်၀န်

အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် Prospect Park မြို့က မြို့တော်၀န် မိုဟာမက် ခိုင်ရူလာဟာ စနေနေ့က ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 


အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် Prospect Park မြို့က မြို့တော်၀န် မိုဟာမက် ခိုင်ရူလာဟာ စနေနေ့က ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ဒါဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းမှာ သက်တမ်းအရှည်ဆုံး မြို့တော်၀န်အဖြစ် တာ၀န်ထမ်းဆောင်ရသူအဖြစ် မှတ်တမ်း၀င်တာလည်း ဖြစ်ပါတယ်။ ခိုင်ရူလာဟာ ဒီမိုကရက်တစ် ပါတီ၀င်တစ်ဦးပါ။

ဒီလိုပြန်ရွေးခံရတာဟာ လူ့အဖွဲ့အစည်းက သူ့အပေါ် လက်ခံအားထားမှုကို ပြသနေတယ်လို့ ခိုင်ရူလာက ပြောပါတယ်။

“ခွဲခြားမှုတွေ အရည်ပျော်သွားပြီဆိုတာ ဒါက ပြသနေပါတယ်။ လူတွေက ခင်ဗျားဘာလူမျိုးလဲဆိုတာထက် ဘယ်လိုလူလဲဆိုတာကိုပဲ ကြည့်တာပါ”

ဆီးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ခိုင်ရူလာဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ၄ နှစ်အကြာ ၂၀၀၅ ခုနှစ်မှာ Prospect Park မြို့ရဲ့ မြို့တော်၀န်အဖြစ် ပထဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း တာ၀န်ထမ်းဆောင်ရတာ အဆင်ပြေ ချောမွေ့တယ်လို့လည်း ခိုင်ရူလာက ပြောပါတယ်။

အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အရပ်ဖက်အဖွဲ့အစည်း Council on American-Islamic Relation ရဲ့ နယူးဂျာစီရုံးခွဲက နိုင်ငံတစ်၀ှမ်း မွတ်စလင်နိုင်ငံရေးသမားတွေ ရွေးကောက်တင်မြှောက်ခံရမှု အရေအတွက်ဟာ မြင့်တက်လာပြီး နယူးဂျာစီပြည်နယ်မှာတင် အယောက် ၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

****************************************************************
END / 251