အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၇ ဇန်နဝါရီ ၂၀၂၃

၁၄:၂၈:၂၀
1339190

ဗိုလ်ချုပ်ကြီး ကာအာနီ မှ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဟာဂျ် ဆိုလိုင်းမါနီ နှင့် ဟာဂျ် အဘူမဲဟ်ဒီ အလ်မိုဟန်ဒစ် တို့ကျဆုံးခဲ့သည့်နေရာသို့သွားရောက် ခဲ့ပြီး ဂုဏ်ပြု

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစောင့်တပ် ကွတ်စ် တပ်၏ ဗိုလ်ချုပ်ကြီး ကာအာနီ သည် ဇန်နဝါရီ လ ၁၆ ရက်နေ့ တနင်းလာ နေ့ တွင် အီရတ်နိုင်ငံသို့ ခရီး ထွက်ခဲ့ပါတယ်။ခရီးစဥ် အတွင်း ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဟာဂျ် ဆိုလိုင်းမါနီ နှင့် ဟာဂျ် အဘူမဲဟ်ဒီ အလ်မိုဟန်ဒစ် တို့ ကျဆုံးခဲ့ သည့်နေရာသို့သွားရောက် ခဲ့ပြီး ဂုဏ်ပြု ခဲ့ကြေင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစောင့်တပ် ကွတ်စ် တပ်၏ ဗိုလ်ချုပ်ကြီး အစ္စမာလီ ကာအာနီ သည် ဇန်နဝါရီ လ ၁၆ ရက်နေ့ တနင်းလာ နေ့ တွင် အီရတ်နိုင်ငံသို့ ခရီး ထွက်ခဲ့ပါတယ်။ခရီးစဥ် အတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစောင့်တပ် ကွတ်စ် တပ်၏ ဗိုလ်ချုပ်ကြီး ဟောင်း  ရှဟီးဒ် ဟာဂျ် ဆိုလိုင်းမါနီ နှင့်  အီရတ် ပြည်သူ့ တပ် ၏ ဒုတိယ ကွပ်ကဲရေးမှူး ဟောင်း ဟာဂျ် အဘူမဲဟ်ဒီ အလ်မိုဟန်ဒစ် တို့ ကျဆုံးခဲ့ သည့်နေရာ နှင့် အကြမ်း ဖက်သမား များ ကို ခုခံ တိုက်ခိုက်ရင် ရှဟီးဒ် ဖြစ် သွားသူများ ထံ သို့သွားရောက် ခဲ့ပြီး ဂုဏ်ပြု ခဲ့ကြေင်း သိရှိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစောင့်တပ် ကွတ်စ် တပ်၏ ဗိုလ်ချုပ်ကြီး အစ္စမာလီ ကာအာနီ သည် ရှဟီးဒ် အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် ဟကီးမ် ၏ ဇနီး အလ္လာဟ် အမိန့် ခံသွား သည့် အတွက် ဝမ်းနည်း ကြောင်း ပြောကြားရန် အတွက် လည်း သွားရောက်ခဲ့ ကြောင်း သိရှိခဲ့ပါတယ်။ ပြီးနောက် ဆရက်ဒ် အမါရ် ဟကီးမ်  အား ဝမ်းနည်း ကြောင်း ပြောကြားပြီး မရ်ဟွန်မဟ် အတွက် စူရဟ် ဖါသေဟဟ် ဖတ်ပေးခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစောင့်တပ် ကွတ်စ် တပ်၏ ဗိုလ်ချုပ်ကြီး ဟောင်း  ရှဟီးဒ် ဟာဂျ် ဆိုလိုင်းမါနီ သည် ခရစ်သက္ကရာဇ် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ တွင် အီရတ် နိုင်ငံ ဘဂ္ဂဒတ် မြို့ ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီး တွင်  အမေရိကန် တို့၏ မောင်းသူမဲ့ လေယာဿ် ဖြင့် ယောက်ကျား မပီသစွာ ၊ သူရဲကောင်း မပီသစွာ ဖြင့် ကွယ်ဝှက် လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ဤလုပ်ကြံ တိုက်ခိုက်မှု တွင်  အီရတ် ပြည်သူ့ တပ် ၏ ဒုတိယ ကွပ်ကဲရေးမှူး ဟောင်း ဟာဂျ် အဘူမဲဟ်ဒီ အလ်မိုဟန်ဒစ် နှင့် အခြား တပ်သားများလည်း ပါဝင်လုပ်ကြံခံ ခဲ့ရ ခဲ့ကြောင်း သိထားရန် တင်ပြအပ်ပါသည်။

ပြီးနောက် အကြမ်းဖက်သမားများ ကို တော်လှန် နှိမ်နင်းနေသူသည့်ဗိုလ်များ နှင့် တပ်သား များ ကို ယောက်ကျား မသီသစွာ လုပ်ကြံနေကြသည့် အမေရိကန် ၊ အစ္စရေး နှင့် အပေါင်းအပါများ သည် အရှက်မဲ့စွာ ကမ္ဘာအနှံ့အပြား နှင့် မြန်မာ နိုင်ငံတွင် လူအခွင့်ရေး လူ့အခွင့်ရေး ညာသံကောင်းပေးပြီး မင်းသားခေါင်း စွပ်ထားကြ သည့် ဘီးလူးများ ဖြစ် ကြောင်း မှတ် သားသင့်ပါတယ်။

****************************************************************

END / 251