အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၈ ဖေဖော်ဝါရီ ၂၀၂၃

၀၀:၂၆:၀၈
1344584

ပြင်သစ်တွင် အိမ်မီးလောင်ပြီး မိခင်နှင့် သားသမီး ၇ ဦး သေဆုံး

ပြင်သစ်နိုင်ငံမြောက်ပိုင်းက အိမ်မီးလောင်မှုအတွင်း မိခင်တယောက်နဲ့ သူ့ကလေး ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရ အစိုးရဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြင်သစ်နိုင်ငံမြောက်ပိုင်းက အိမ်မီးလောင်မှုအတွင်း မိခင်တယောက်နဲ့ သူ့ကလေး ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရ အစိုးရဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။

တနင်္လာနေ့ အစောပိုင်းက စခဲ့တဲ့ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။

သေဆုံးကလေးငယ်တွေဟာ အသက် ၂ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတွေလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဖခင်ဟာ လက်ရှိမှာ ဆေးရုံတက်နေရပြီး အသက်အန္တရာယ်မရှိဘူးလို့ ရှသူးကျယ်ရီ စီရင်စုနယ် ဒုအုပ်ချုပ်ရေးမှူး ဖှာတူး မာနိုက ပြောပါတယ်။

မီးလောင်ခဲ့တဲ့အိမ်က ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အိမ်နီးချင်းမိသားစုရဲ့ အိမ်လည်း ပျက်စီးခဲ့လို့ သူတို့ကို တခြားနေရာ ရွှေ့ပေးခဲ့ရပါတယ်။

****************************************************************
END / 251