၂၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၇
အမေရိကန်က ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့အား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခွင့် ပိတ်ပင်

ဟားမတ်စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အစိုးရသည် ဒုတိယနှစ်ဆက်တိုက် ပါလက်စတိုင်းကိုယ်စားလှယ်များအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခွင့် မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ္မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဟာဇင်မ် ကာစင်မ် သည် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးသို့ တက်ရောက်ရန် နယူးယောက်သို့ သွားရောက်မည့် ပါလက်စတိုင်းကိုယ်စားလှယ်အဖွဲ့အား ဝင်ခွင့်ဗီဇာများ ထုတ်ပေးရန် အမေရိကန်အစိုးရက ငြင်းပယ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဟာဇင်မ် ကာစင်မ်က ယခုလုပ်ရပ်သည် ဒုတိယနှစ်ဆက်တိုက် ပြုလုပ်ခြင်းဖြစ်ပြီး ကုလသမဂ္ဂဌာနချုပ်၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့် နိုင်ငံတကာဥပဒေများနှင့် သဘောတူစာချုပ်များကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ ယခုဆုံးဖြတ်ချက်သည် ကျူးကျော်သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရ  အတွက် အမေရိကန်၏ လုံးဝဘက်လိုက်သည့် မူဝါဒကို ဆက်လက်ကျင့်သုံးနေခြင်းနှင့် ပါလက်စတိုင်းတို့၏ ရပ်တည်ချက်နှင့် အမြင်များကို နိုင်ငံတကာအသိုင်းအဝိုင်းထံ ရောက်ရှိမလာစေရန် တားဆီးရန် ကြိုးပမ်းခြင်းကို ဖော်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha