အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ ဖေဖော်ဝါရီ ၂၀၂၃

၀၇:၄၀:၄၅
1349041

အသံထက်မြန်သော ခရုဇ် ဒုံးကျည်များကို ထပ်မံတီထွင်ထုတ်လုပ်မည် / အီရန် ဗိုလ်ချုပ်ကြီး စလာမ်မီ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အစ္စလာမ်မစ် အစောင့်တပ် IRGC ၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်း(န) စလာမ်မီ မှ အသံထက်မြန်သော ခရုဇ် ဒုံးကျည်များကို ထပ်မံတီထွင်ထုတ်လုပ် ခိုင်မာသည် ခိုင်မာသည့် ဆန္ဒပြုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တီဟီရန်မြို့ရှိ အမေရိကန်သံရုံး(ခ) သူလျှိုအခြေစိုက်စခန်းဟောင်း တွင် ကျင်းပသည့် အခမ်းအနား တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အစ္စလာမ်မစ် အစောင့်တပ် IRGC ၏ ဗိုလ်ချုပ်ကြီး စလာမ်မီ မှ အမေရိကန် အနေဖြင့် စစ်မျက်နှာ တွင် အီရန်အား ရှုံး နိမ့်ပြီး နောက် ကျွန်ုပ်တို့ ၏ ဆန့်ကျင်ဘက်မဟာ  ဗျူဟာမြောက် များကို သုံးနေကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အစ္စလာမ်မစ် အစောင့်တပ် IRGC ၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်း(န) စလာမ်မီ မှ ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် အတိမ်အနက်သည် မြေထဲပင်လယ်နှင့် ပင်လယ်နီအထိ ကျယ်ပြန့်လာကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမှ ဆက်လက်ပြီး မိမိတို့ အနေဖြင့် မြေထဲပင်လယ်နှင့် ပင်လယ်နီကမ်းရိုးတန်းတွင် ရှိနေကြပြီး ရန်သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အစ္စလာမ်မစ် အစောင့်တပ် IRGC ၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်း(န) စလာမ်မီ မှ ရန်သူသည် ယုတ္တိတန်သော ပါဝါကို နားမလည်သောကြောင့် နယ်ချဲ့အာဏာရှင်များကို အာဏာဘာသာစကားဖြင့်သာ ပြောဆိုသင့်သည်ဟု ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး သတ္တိရှိစွာ ရဲတင်းစွာဖြင့် ခရုဇ်ဒုံးပျံများကို ပိုမိုတိုးတက်အောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေကြောင်းဌာနခွဲသည် ယနေ့နောက်ဆုံးပေါ် Pawah ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး၊ ကီလိုမီတာ တစ်ဆယ့်ခြောက်ရာ့ ငါးဆယ် အကွာအဝေး တွင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရှိခဲ့ရပါတယ်။

****************************************************************

END / 251