အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA / FACEBOOK
အင်္ဂါနေ့

၁၈ ဧပြီ ၂၀၂၃

၂၂:၅၈:၀၇
1359222

လိုင်လတုလ်ကဒရ် ညဉ့်သည် မည်သည့်ညဉ့်ဖြစ်သနည်း?

ဟာဂျီ ဦးစံဖေ ၏ ပို့စ်အား ပြန်လည် တင်ပြထားပါတယ်။ အင်န်ရှာအလ္လာဟ် လေ့လာ မှတ်သား နိုင်ကြပါစေ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယေဘုယျအားဖြင့်တပည့်၏အယူအဆသည်မှားယွင်း
လေ့ရှိပြီးဆရာ၏အဆိုအမိန့်သည်အမှန်ဖြစ်၏။အပြစ်မကင်း
သူ"မအ်စူမ်"မဟုတ်သူ၏အယူအဆသည်မှားယွင်းလေ့ရြှိပီး
"မအ်စူမ်"၏အဆိုအမိန့်သည်အမှန်ဖြစ်ပါသည်။

     အပြစ်မကင်းသူ"غیر معصوم"ဖြစ်သည့်တပည့်တစ်ဦး
သာဖြစ်သည့်အဗူဟနီဖါ၏အယူအဆသည်အမှန်မဖြစ်နိုင်ဘဲ
၎င်း၏ဆရာ ဖြစ်သူ"معصوم"အေမာမ် ဂျာအ်ဖရ် စာဒစ်က်(အ.စ)
သခင်၏အဆိုအမိန့်အရ"ရမ်ဇွာန်"လ(၂၃)ရက်ညဉ့်သည်
"လိုင်လတုလ် ကဒရ်"ညဉ့်မြတ်ဖြစ်သည်ဟုဆိုနိုင်သည။်

      ဤအဆိုမှန်ကန်‌ကြောင်းကိုအများစုဖြစ်သော"စွန္နီ"
မွတ်စလင်မ်တို့အတည်ပြုလက်ခံထားသော-ပါကစ္စတန်
နိုင်ငံ၊ကရာချြီမို့၌ပုံနှိပ်ထုတ်ဝေသော"အူရဒူဘာသာပြန်
"မစ်ရှကတ်ရှရီဖ်"(مشکو'ة شريف) ပထမတွဲ၊စါမျက်နှာ
(၃၅၄)တွင်ဖေါ်ပြထားသော"ဟဒီဆ်"အမှတ်(၁၉၈၁)ကို
မူရင်းအတိုင်းကောက်နုတ်ကာအောက်တွင်တင်ပြလိုက်
ပါသည်:----
                  شب‌ قدر تیءيسوين رات ہے
                 ------------------------------------
(٢٩٨١) عبد اللہ بن انیس کہتے ہیں کہ میں نے عرض کیا یا رسول اللہ میرا گھر جنگل میں ہے، میں وہی رہتاہوں، اور وہیں نماز پڑھتا ہوں، خدا کا شکرہے، پس بتلا یے ۔مجھ کو ایک رات یعنی شب قدر کہ میں اس میں مسجد نبوی کے اندر حاضر ہوکر عبادت کروں، آپ نے فر مایا تیءیسوین رات کو آجاؤ ، عبداللہ کے بیٹے سے پو چھا گیا کہ تمہارا باپ
کیا کر تاتھا، اس نے کہا وہ با ءیسوین تاریخ کو نماز
عصر کے بعد مسجد نبوی میں داخل ہوتا(اور اعتکاف کرتا) اور نہ نکلتا مسجد سے کسی کام کے لیے یہاں تک کہ صبح کی نماز پڑھتا، پس صبح کی
نماز پڑھ کر وہ مسجد سے باہر نکلتا اور اپنی سواری
پر جو مسجد کے با ہر مو جود ہو تی سوار ہو کر اپنے جنگل میں چلا آتا،(ابو داؤد)
 

အထက်ဖေါ်ပြပါ"ရဝါယတ်"အရ"လိုင်လတုလ် ကဒရ်"
ညဉ့်မြတ်သည်ရမ်ဇာန်လ(၂၇)ညဉ့်မဟုတ်ဘဲရမ်ဇွာန်လ
(၂၃)ညဉ့်ဖြစ်ကြောင်းပေါ်လွင်ထင်ရှားကြောင်းတင်ပြအပ်ပါ၏။.     

(والسلام)
ဟီဂျရီသက္ကရာဇ်(၁၄၄၄)ခုနှစ်ရမ်ဇွာန်လ(၂၆)ရက်
(၁၈-၄-၂၀၂၃)


****************************************************************
END / 251