အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၉ မေ ၂၀၂၃

၀၀:၀၆:၀၄
1366894

မုံရွာတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် သာသနိကအဆောက်အုံများ ထိမှန်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်က လည်တော်ကျေးရွာဘက်ကို စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားစေတီတွေနဲ့ ဘာသာရေးအဆောက်အုံတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်က လည်တော်ကျေးရွာဘက်ကို စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားစေတီတွေနဲ့ ဘာသာရေးအဆောက်အုံတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ မြေနဲကျေးရွာ၊ စွမ်းရည်ထက် ဆီဆိုင်နားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မုံရွာမြို့တောင်ဘက် လည်တော်ကျေးရွာ အရှေ့ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ကာ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ ညဦးပိုင်းလောက်က စပစ်ခဲ့တာပါ။ ပစ်တာက တကြိမ်တည်းပါ။ တော်လှန်ရေးသမားတယောက်အနေနဲ့တော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ပစ်ခဲ့တာပါ။ ထိခိုက်မှုမရှိလို့ တော်သေးတယ်ပြောရမယ်။ တကယ်လို့သာ ကျေးရွာတွေပေါ်ကို တည့်တည့်ကျလာခဲ့ရင် သူတို့(စစ်ကောင်စီ)အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တခုလို့ပဲ ဆိုချင်တယ်။ ပြီးတော့ အခုက ဘာသာရေးအဆောက်အုံတွေ ပျက်စီးခဲ့ရတာ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ရင်ထဲမှာ ယူကျုံးမရ ဖြစ်ရတယ်။ ဘယ်ဘာသာပဲနေနေ ဘာသာရေးအဆောက်အအုံဟာ ကိုးကွယ်ရာ၊ မြတ်နိုးရာ ဖြစ်ပါတယ်။ သူတို့ ဒီလို လုပ်ချင်ရာလုပ်တယ်၊ ပြီးရင် PDF တွေလုပ်ပါတယ် သတင်းလွှင့်မယ်၊ ဒေါသလည်းထွက်တယ်၊ ကန့်လည်းကန့်ကွက်ပါတယ်ရှင်။”

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သာသနာ့နယ်မြေအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး ဘုရားစေတီတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသခံတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာပါတယ်။


****************************************************************
END / 251