အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၂၈ မေ ၂၀၂၃

၂၀:၀၈:၀၁
1369434

ဆားဘီးယားအစိုးရကို ပြည်သူသောင်းချီ ဆန္ဒပြ

ဆားဘီးယားနိုင်ငံ မြို့တော်ဘဲလ်ဂရိတ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကို မေ ၂၇ ရက်ကမိုးတွေ၊ လေတွေကြားမှာ ပြုလုပ်ခဲ့ပြီး လူဦးရေသောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆားဘီးယားနိုင်ငံ မြို့တော်ဘဲလ်ဂရိတ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကို မေ ၂၇ ရက်ကမိုးတွေ၊ လေတွေကြားမှာ  ပြုလုပ်ခဲ့ပြီး လူဦးရေသောင်းနဲ့ချီ တက် ရောက်ခဲ့ကြပါတယ်။

လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂ ခုနဲ့အတူ လူအဖွဲ့အစည်းအတွင်း ဒီလိုအကြမ်းဖက်တဲ့ ယဉ်ကျေးမှုမျိုး စိမ့်ဝင် စေခဲ့ တယ်လို့ ဆိုကာ အစိုးရရဲ့ မူဝါဒတွေအပေါ်မှာ ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။

ဆာဘီးယားနိုင်ငံပိုင်ရုပ်သံဌာန RTS ရဲ့ အိမ်ရာဝင်း အပြင်ဘက်ရှိ လမ်းတွေပေါ်မှာ ဆန္ဒပြ လူအုပ်ကြီးနဲ့ ပြည့်နှက်နေခဲ့ပြီး သမ္မတအပါအဝင် ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံတော်လုံခြုံရေး အေဂျင်စီရဲ့ ဒါရိုက်တာဖြစ်သူ တို့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မီဒီယာလွတ်လွပ်ခွင့် ပိုမိုရရှိရေးကိုပါ လိုလားနေကြတာ ဖြစ်ပါတယ်။ ဒီလူထုစုဝေးပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ အတိုက်အခံပါတီတွေက ဆားဘီးယား တိုးတက်ရေးပါတီ (SNS)ဦးဆောင်တဲ့ အစိုးရဟာ အကြမ်းဖက်မှုအပေါ် အားပေးတဲ့ မီဒီယာတွေကို ထိန်းချုပ်ဖို့နဲ့ လူအဖွဲ့အစည်းထဲက ရာဇဝတ်မှုတွေအပေါ် အရေးယူဆန့်ကျင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

အစိုးရဘက်ကတော့ အတိုက်အခံပါတီတွေရဲ့  စွပ်စွဲချက်အပေါ် ငြင်းဆန်ကာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့အတွက် ဒီလိုဆန္ဒပြပွဲတွေကို စီစဉ်နေတာလို့ တုံ့ပြန် ပါတယ်။

ဒါဟာ ရက်သတ္တပတ်များစွာအတွင်း ၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သလို အရင်ဆန္ဒပြပွဲ ၃ ခု တုန်းကလည်း ဒီလူဦးရေပမာဏအတိုင်း ရာသီ ဥတု ဆိုးရွား နေတဲ့ကြားက တက်ရောက် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ ဆာဘီးယားသမ္မတ ဗူဆစ် က SNS ပါတီရဲ့ ခေါင်းဆောင်နေရာကနေ နုတ်ထွက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး မီလို့စ် ဗူချက်ဗစ် (Milos  Vucevic)က သူ့ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။

ဗူဆစ်က သူဟာ နိုင်ငံတော်အကြီးအကဲအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

****************************************************************
END / 251