အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၁ မေ ၂၀၂၃

၁၅:၁၆:၃၂
1370162

အီရန် နှင့် အိုမန် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံ လုံး အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေကြောင်း / ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ

အိုမန် နိုင်ငံ ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် အာလေ့ စအီးဒ်သည် ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ (အစ္စလာမ့် တော်လှန်ရေးခေါင်းဆောင်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ တို့သည် တွေ့ဆုံ ခဲ့ကြပြီး အရေးကြီးစကားများ ပြောဆိုခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ (အစ္စလာမ့် တော်လှန်ရေးခေါင်းဆောင်ကြီး ) ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ အိုမန် နိုင်ငံ ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် အာလေ့ စအီးဒ် နှင့် မေလ ၂၉ရက်နေ့ တွင်တွေ့ဆုံခဲ့ပြီး အီရန် နှင့် အိုမန်ကြား ဆက်ဆံရေး မြှင့်တင်ရေးဟာ နှစ်နိုင်ငံအတွက် အကျိုးရှိစေတယ်လို့ ရဲဟ်ဗရ်အင်န်ကေလာဗ်မှမိန့်ဆိုခဲ့ပါတယ်။

ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ အိုမန် နိုင်ငံ ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် အာလေ့ စအီးဒ် နှင့် တွေ့ဆုံချိန် တွင် ဒေသတွင်းရှိ ဇီယွန်ဝါဒီအစိုးရ၏ အန္တရာယ်များကို သတိပေးခဲ့ပြီး  မတရားကျူးကျော်နိုင်ငံ ဇီယွန် (အစ္စရေး ) နှင့်၎င်း ၏ မဟာမိတ်များ၏  မူဝါဒ မှာ ‌ဒေသတွင်း နိုင်ငံများ တွင် သဘောထား ကွဲလွဲမှု၊ မစည်းလုံးမှု များကို ဖန်တီး ပြီး ငြိမ်းချမ်းရေး တည်ငြိမ် ရေး ကို ဖျက်စီးရန်ဖြစ်ကြောင်း ဤအတွက် ဒေသတွင်း ရှိနိုင်ငံများ အားလုံး မှ ဤကိစ္စ ကို အာရုံ စိုက်သင့် ကြောင်း မိန့်ကြားခဲ့ ပါတယ်။

အစ္စလာမ့် တော်လှန်ရေးခေါင်းဆောင်ကြီး မှ အစ္စလာမ်နိုင်ငံများနှင့် အစိုးရများ အနေဖြင့် မိမိတို့ ၏ ဆက်ဆံရေးကိုတိုးမြှင့် အောင်ပြုလုပ်ပြီး မိမိ တို့ ၏ ဂုဏ်သိက္ခာ ကြီးကျယ်မှုနှင့် အဆင့်အတန်းကို တည်ထောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အစ္စလာမ် နိုင်ငံ များ အချင်းချင်း အစ္စလာမ်ကမ္ဘာ နှင့် မွတ်စလင်မ်များ ၏အကျိုး စီးပွား အတွက်  အပြန်အလှန် ကူညီဖေးမ ပြီး ပူးပေါင်းဆောင်ရွက် ကြရန် မိန့်ကြား ခဲ့ပါတယ်။

ဤတွေ့ဆုံ မှု တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ  အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် ရအီစီ လည်း ပါဝင်ခဲ့ပါတယ်။ အိုမန် ဘုရင် အနေဖြင့် ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ နှင့်တွေ့ဆုံ ရခြင်း အတွက် ဝမ်းမြောက် ဝမ်းသာ ကြောင်းထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ပြီးနောက် အိုမန် နိုင်ငံမူဝါဒ များ မှာ အီရန် အပါအဝင် အိမ်နီးချင်း နိုင်ငံများ နှင့် ဆက်ဆံရေးကို တိုးချဲ့ ရေးကို အခြေခံ ထားကြောင်း ပြောကြား ခဲ့ပါတယ်။

အိုမန်ဘုရင်မှ ဆက်လက်ပြီး ဟီရန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ နယ်ပယ်အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြောင်း  နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုတိုး တက်ကောင်းမွန်  လာသည်ဟု မျှော်လင့် နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုမန် နိုင်ငံ ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် အာလေ့ စအီးဒ်နှင့် ကိုယ်စားလှယ် အဖွဲ့ သည်  ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ နင့်တွေ့ဆု့ပြီးနောက် တီဟီရန်မြို့တော် မှပြန်လည် ထွက်ခွာ သွားကြပါတယ်။

အိုမန်နိုင်ငံ ဘုရင် သည် တီဟီရန်မြို့သို့ တနင်္ဂနွေနေ့က အဆင့်မြင့် နိုင်ငံရေးနှင့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိခဲ့ပြီး တီဟီရန် နှင့် မစ်ကတ်သွ် အကြား ကာလကြာရှည် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများ ကို မြှင့်တင်ရန်တို့ကို ဆောင်ရွက်ခဲ့ကြောင်း မှတ်သားသင့်ပါတယ်။

အိုမန် ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် အာလေ့ စအီးဒ် ၏ ခရီးစဉ် ပထမနေ့တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ  အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် ရအီစီ ဘက်မှ တရားဝင် ကြိုဆို မှုကို ပြုခဲ့ပြီး ၎င်း နှင့်အတူ အထူး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပြီးနောက် နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ကိုယ်စား လှယ်အဖွဲ့များလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

အိုမန် ဘုရင် ဤ အရေးကြီးခရီးစဉ်တွင် အမျိုးမျိုးသော ကိစ္စ များ ဖြစ်သည့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် လွတ်လပ်သောဇုန်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းလေးခုကို လက်မှတ်ရေး ထိုးခဲ့ပါတယ်။  အီရန် နှင့် အိုမန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် တီဟီရန်  နှင့် မတ်စကတ်သွ် အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဘက်စုံမဟာဗျူဟာစီမံချက်ကို ပြင်ဆင်ထား ပြီးဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************
END / 251