အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၇ ဇွန် ၂၀၂၃

၁၆:၃၅:၁၃
1371670

အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် တွင် အမြင့်မြတ် ဆုံးသူ

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် တွင် အမြင့်မြတ် ဆုံးသူ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝစာအေလွတ်ရှ်ရှီအဟ်ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:
اِنَّ اَكْرَمَكُمْ عِنْدَاللّه‏ِ اَشَدُّكُمْ اِكْراما لِحَلائِـلِهِمْ.

 အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ် ) မိန့်တော် မူ၏။

“ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် တွင် (အနီးတွင်) အမြင့်မြတ် ဆုံးသူ မှာ မိမိ ဇနီးသည် အား ပို၍ လေးစား ဂုဏ်ပေးသူ ဖြစ်ပါသည်။”

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ်ကျမ်း ၊ အတွဲ၁၅ ၊ စာမျက်နှာ၅၈ ၊ ဟဒီးစ်တော် ၆

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  အလ္လာဟ် ဟို အရှင်မြတ် အနီး တွင် အမြင်တွင် အမြင့်မြတ်ဆုံးသူ ဖြစ်လိုလျှင် ကျနော် တို့ သည် မိမိတို့ ၏ ဇနီး မယား များ ကို ပို၍ လေးစား ဂုဏ်ပေးရမည်ဖြစ်ပါတယ်။  ဇနီး မယားကိုလေးစား ဂုဏ်ပေးခြင်း နှင့် မယားကြောက်ခြင်းသည်လည်း မတူကြောင်း သိထားဖို့ လိုပါတယ်။  အလ္လာဟ့် အတွက် မိမိ ဇနီးသည် ကို လေးစား ဂုဏ်ပေး ရန်  အရေးကြီး ပါတယ်။

****************************************************************
END / 251