အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၅ ဒီဇင်ဘာ ၂၀၂၃

၁၇:၂၈:၂၁
1420490

ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲက ဘယ်တော့ ပြီးမလဲ ဆိုသည့် အကြောင်း ချေချင်းညာ သမ္မတက ပြောကြား

ယူကရိန်းသည် ဥရောပခေါင်းဆောင်အများစု၏ ထိပ်တန်းဦးစားပေးများထဲတွင် မပါဝင်ကြောင်း ၎င်းတို့၏ သီးသန့်စုဝေးပွဲများတွင် ဥရောပအရာရှိများက ဝန်ခံခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများအရ ချေချင်းညာ သမ္မတ ရမ်တွာန် ကာဒီရော့ဗ်မှ  ယူကရိန်းနှင့် ရုရှားကြား စစ်ပွဲသည် ၂၀၂၄ ခုနှစ် နွေရာသီတွင် ပြီးဆုံးနိုင် ကြောင်း အကြောင်းမှာ  ကိယက်ဗ်၏ အရေးပါသော အရန်ငွေများ အားလုံး ကုန်ခမ်းသွားလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းသည် ဥရောပခေါင်းဆောင်အများစု၏ ထိပ်တန်းဦးစားပေးများထဲတွင် မပါဝင်ကြောင်း ဥရောပအရာရှိ အများအပြားက ၎င်းတို့၏သီးသန့်စုဝေးပွဲများတွင် ၀န်ခံခဲ့ကြောင်း အမေရိကန်သတင်းစာ Politico က ရေးသား ခဲ့ပါတယ်။

ယူကရိန်းသည် ငွေအမြောက်အမြားကို မျိုချမည့် မှောင်မိုက်သောဥမင်လိုဏ်ခေါင်းတစ်ခုအဖြစ် မြင်သည်ဟု ဥရောပထိပ်တန်းအရာရှိများကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့ပါတယ်။

ထို့ကြောင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းနယ်စပ်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တိကျသော အစီ အစဉ်ကို မကမ်းလှမ်းဘဲ ယူကရိန်းအတွက် အကူအညီများ တောင်းခံမှုအား အမေရိကန်ကွန်ဂရက်၏ ရီပတ်ဘလီကန် အဖွဲ့ဝင်များက ငြင်းဆိုနေကြခြင်းဖြစ်ပါတယ်။

****************************************************************

END / 251