အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန၏အဆိုအရ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန မှ စနေနေ့တွင် ဒါဇင်နှင့်ချီသော နယ်ချဲ့ အစ္စရေး သည် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ဂါဇာအလယ်ပိုင်းရှိ ဒီရာလ်ဘလာဟ် (Deir al-Balah ) နှင့် နိုဆီရသ် (Nusirat ) ၊ တောင်ဘက်ရှိ ရဖ်ဟ် (Rafah) ၏အနောက်ဘက်ဒေသများရှိ လူနေအိမ် အဆောက် အအုံများကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါ ပြောကြားခဲ့ပါတယ်။
ရှဟီးဒ် ဖြစ်သူ နှင့် ဒဏ်ရာရသူ အများအပြားကို အလ်အက်ဆွာ အာဇာနည်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဂါဇာတွင် ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ၎င်းတို့အသက်ရှင်စေရန် ဆေးဝါးများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြသော်လည်း ၎င်းတို့မှာ ဆေးဝါးပြတ်လပ်နေပြီး ဂါဇာတခွင်တွင် ဆေးဝါးနှင့် အစာပြတ်လပ်မှုများ ရှိနေကြောင်း ဂါဇာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ လောင်စာဆီပြတ်လပ်မှုကြောင့် ဆေးရုံလည်း ရပ်နားထားရကြောင်း သိရှိရပါတယ်။
နာစီရတ် နှင့် ဂါဇာအလယ်ပိုင်းရှိ အခြားဒေသများတွင် အစ္စရေး၏ တိုက်ခိုက် မှုများကြောင့် ပါလက်စတိုင်း ၂၁၀ ဦး ရှဟီးဒ် ဖြစ်ခဲ့ ကြောင်း မီဒီယာရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အစောပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက လမ်းများပေါ်တွင် လဲလျောင်းနေ သည့် လူသေအလောင်းများ နှင့် ဒဏ်ရာရရှိသူအများအပြား ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ ပါတယ်။
.......................................................
END / 251