၁၀ ဇူလိုင် ၂၀၂၄ - ၁၉:၁၆
အောင်ဝဲလ်လေဝက်သ် တွင် နမာဇ် အား ဂျမာအသ် နှင့် ဝတ်ပြုရန် အရေး ကြီးပါသလား? သို့မဟုတ် အဇါဒါရီ ပြုရန်၊ မဂျ်လစ်စေ လုပ်ရန် သို့မဟုတ် အလံ ထွက်ရန် အရေးကြီးပါသလား?

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်နောက်သားများ (ခ) ရှီအဟ် မွတ်စလင်မ်များ အတွက် အရေးကြီး သည်မှာ နမာဇ် အား အောင်ဝဲလ်လေဝက်သ် တွင် ဂျမာအသ် နှင့် အတူ ဝတ်ပြု နိုင်ရန် ကြိုးပမ်း အားထုတ် ရမည် ဖြစ်ပါတယ်။ အကြောင်းသည်ကား ကရ်ဘလာ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) သည် သာသနာကို ပြန်လည် ထူထောင်ရန် အတွက် ကြွမြန်း တော် မူခဲ့သည့် အတွက်ကြောင့် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အောင်ဝဲလ်လေဝက်သ် တွင် နမာဇ် အား ဂျမာအသ် နှင့် ဝတ်ပြုရန် အရေး ကြီးပါသလား? သို့မဟုတ် အဇါဒါရီ ပြုရန်၊ မဂျ်လစ်စေ လုပ်ရန် သို့မဟုတ် အလံ ထွက်ရန် အရေးကြီးပါသလား? ဆိုသည့် အချက် မရ်ဂျာများ ၏ အမြင် နှင့် သုံးသပ် စိစစ်မှာ ဖြစ်ပါတယ်။

အေမာမ် ခိုမေနီ (ရဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဘဲဟ်ဂျသ် (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂန်နီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဖွာဒွေလ် လန်ကရာနီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟန်မ်ဒါနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာ စာန်နီ  တို့ ၏ အမြင် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာရှုရာနေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှေ့ဆောင် မှု ဖြင့် ဇဟိုရ်နမာဇ် အား ဂျမာအသ် ဖြင့် အောင်ဝဲလ် လေဝက်သ် (သက်ဆိုင်ရာနမာဇ် များ၏  အဇါန်များအချိန်မှာစ၍  ဖဂျရ်နမာဇ်ဆိုလျင် နမာဇ် ၂ရကတ်ဖတ်ကြာချိန် ၊ မဂ်ရိဗ် နမာဇ်ဆိုလျင် ၃ရကတ်ဖတ်ကြာချိန် ၊  ဇဟိုရ်၊ အဆ်ရ် နှင့် အေရှာနမာဇ်များဆိုလျင် ၄ရကတ် ဖတ်ကြာ သည့် အချိန်အထိ) တွင် ဝတ်ပြု ခဲ့ပါတယ်။ နမာဇ်အား ဂျမာအသ် နှင့် ဝတ်ပြု ခြင်း သည် အားလုံးထက် အရေးအလွန်ကြီးပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်နောက်သားများ ( ရှီအဟ် မွတ်စလင်မ်များ) အတွက် အရေးကြီး သည်မှာ နမာဇ် အား  အောင်ဝဲလ်လေဝက်သ် တွင် ဂျမာအသ် နှင့် အတူ ဝတ်ပြု နိုင်ရန် ကြိုးပမ်း အားထုတ် ရမည် ဖြစ်ပါတယ်။ အကြောင်း သည်ကား ကရ်ဗလာတွင် (အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် ရှိနေသည့် သာဝကတော်များ၊ အိမ်သူအိမ်သားများ စသည် တို့၏ ) အပင်ပန်းခံခဲမှူများ ဒုက္ခဆင်းရဲ ခံခဲမှုများ သည် သာသနာ အား တည်ထောင်ရန် အတွက် ဖြစ်ပါတယ်။ အလ္လာဟ် ၏ မအ်ရေဖသ် ပြီးနောက် နမာဇ် ဝတ်ပြုရန် အမိန့်လာ ရှိပါတယ်။

ကျမ်းကိုး - فاضل، جامع المسائل، ج 1 س 2176 و 2177؛ نورى، استفتاءات، ج 2، س 599؛ دفتر: تمام مراجع۔

 

ရလာဒ် - အောင်ဝဲလ်လေဝက်သ် တွင် နမာဇ် အား ဂျမာအသ် နှင့် ဝတ်ပြုရန် အရေး ကြီးပါတယ်။ ပြီး မှ အဇါဒါရီ ပြုခြင်း၊ မဂျ်လစ်စေ လုပ်ရန် ၊ အလံ ထွက် ခြင်းတို့ကို ပြုရပါမည်။

 

မှတ်ချက် - အီရန် နိုင်ငံ ၏ အချို့ နေရာ တွင် မဂ်ရိဗ် နှင့် အေရှာ နမာဇ် ကို ဂျမာအသ် နှင့် အတူ ဝတ်ပြုကြပါတယ်၊ ပြီးနောက် ဇေယာရသ် အာရှုရာ ဖတ်ပြီး မဂျ်လစ် စေ ဟိုစိုင်းန် (အ.စ) ကို ပြုလုပ်ကြပါတယ်။

.......................................................

END / 251