အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကူဝိတ်ပါလီမန် ၏ ရှီအဟ် ကိုယ်စားလှယ် အမတ် ဟောင်းတစ်ဦး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဟိုစိုင်းန် အလ်ကေလာဖ် အား ဖမ်းဆီး ခံထားရကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြ ထားပါ တယ်။
အစီရင်ခံစာ အရ ကူဝိတ် တရားရုံး မှ ကူဝိတ်ပါလီမန် ၏ ရှီအဟ် ကိုယ်စားလှယ် အမတ် ဟောင်းတစ်ဦး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဟိုစိုင်းန် အလ်ကေလာဖ် အား ကူဝတ် ဘုရင် ၏ အခွင့်အရေးနှင့် အချုပ်အခြာအာဏာကို မေးခွန်းထုတ်သည့်စွဲချက်ဖြင့် ထောင်ဒဏ် ၂၁ ရက် ချမှတ်ခဲ့ပါတယ်။
ကူဝိတ်ပါလီမန် ၏ ရှီအဟ် ကိုယ်စားလှယ် အမတ် ဟောင်းတစ်ဦး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဟိုစိုင်းန် အလ်ကေလာဖ် မှ အေမာမ်ဘာရာများ (ခ) ဟိုစိုင်းန်နီယဟ် များအပေါ် ပြည်ထဲရေး ဝန်ကြီးဌာန မှ ချမှတ်ထားသော ကန့်သတ်ချက်များကို ပြစ်တင်ဝေဖန်ပြီးနောက် ၎င်းအား ကူဝိတ်အစိုးရရှေ့နေရုံးမှ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကူဝိတ်ပြည်ထဲရေးဝန်ကြီး ဖဟ်ဒ် ယူစွဖ် စအူးဒ် အလ်ဆဗါဟ် အနေဖြင့် အေမာမ်ဘာရာများ (ခ) ဟိုစိုင်းန်နီယဟ် များ အပြင် ဘက်တွင် ရွက်ဖျင်တဲများ တည်ထောင်ခြင်းကို အဇါဒါ ရီ ပြုသူများ အတွက် ကျန်းမာရေးကို ကာကွယ်ရန် အတွက် ဆိုပြီး တားမြစ်ခဲ့ပါတယ်။
ဤတားမြစ်ချက် ကို ကူဝိတ် ရှီအဟ် များ မှ ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
.......................................................
END / 251