အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုးပြာဂိုဏ်းက ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေ များနှင့် တရားဓမ္မများကို ထုတ်ဝေဖြန့်ချိပါက ဥပဒေနှင့်အညီ တရားစွဲဆိုမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
‘‘ဆက်လုပ်သွားမယ်ဆိုရင်တော့ ထပ်မံတရားစွဲပြီးတော့မှ ဗုဒ္ဓသာသနာ တော် ထိန်းသိမ်းကာကွယ်ရေးဥပဒေများနဲ့အညီ ဆက်လက်ပြီးတော့မှ အရေး ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ဟု သူရဦးအောင်ကိုက ဒီဇင်ဘာ ၁၂ ရက် တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး၌ မီဒီယာများအား ပြောကြား ခဲ့သည်။
မိုးပြာဂိုဏ်းသည် အစွန်းရောက် သဘောတရားများကို ထုတ်ဝေဖြန့်ချိ သောကြောင့် ထေရဝါဒဗုဒ္ဓသာသနာရေးနှင့် လုံးဝဆန့်ကျင်နေပြီး ယခင်က ထေရဝါဒကိုးကွယ်သည့် မြန်မာပြည်သူများအကြားတွင် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ စိတ်ဝမ်းကွဲစရာ၊ တွေးတောစရာ ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သူရ ဦးအောင်ကိုက ပြောသည်။
‘‘ထေရဝါဒ ဗုဒ္ဓသာသနာ တော်နဲ့ လုံးဝဆန့်ကျင်နေကြောင်း တွေ့ရှိရသောကြောင့် ဒါတွေကို ပြန်လည်ရုပ်သိမ်းဖို့ ပိတ်ပင်တား ဆီးခဲ့ပါတယ်။ သို့သော် နာခံရန် ပျက်ကွက်ခဲ့လို့ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေများနဲ့အညီ တရားစွဲဆိုပြီး ထောင်ဒဏ် အပြစ်ပေးမှုရှိခဲ့ တယ်’’ဟု ၎င်းက ပြောသည်။
မိုးပြာဂိုဏ်း တည်ထောင်သူ ဦးဉာဏကို အပြစ်ပေးမှုသည် ထောင်ဒဏ်အနှစ် ၂၀ ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာကြောင်း သိရသည်။
ဒီဇင်ဘာ ၃ ရက်ထုတ် နိုင်ငံ ပိုင်သတင်းစာတွင် ပစ္စုပ္ပန်ကမ္မဝါ ဒ(မိုးပြာ) ဂိုဏ်းမှ သာဝကများ ကိုယ်စား ဦးနေဝင်းက ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေများနှင့် တရားဓမ္မများ ဟောကြားဆွေးနွေးခြင်းများကို ပြန် လည်ထုတ်ဝေဖြန့်ချိမည် ဖြစ်ပါ သဖြင့် ကန့်ကွက်လိုသူများရှိပါက ခုနစ်ရက်အတွင်း ကန့်ကွက်နိုင် ကြောင်း အများသိစေရန် ကြေ ညာချက်အပေါ် သာသနာရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်၌ ကြေညာချက်ထုတ်၍ ပြန်လည် တုံ့ပြန်ခဲ့သည်။
‘‘ပစ္စုပ္ပန်ကမ္မဝါဒ မိုးပြာဂိုဏ်း နဲ့ ဆက်စပ်တဲ့ စာအုပ်၊ စီဒီခွေများ နဲ့ တရားဓမ္မဟောကြားဆွေးနွေး ချက်များအား ထုတ်ဝေဖြန့်ချိမှု တစ်စုံတစ်ရာပြုလုပ်ပါက တည် ဆဲဥပဒေတွေနဲ့ အရေးယူဆောင် ရွက်သွားမယ်’’ဟု သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
မိုးပြာဂိုဏ်း၏ ကြေညာချက် သည် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့၏ ညွှန်ကြားချက် အမှတ်(၉၅)၊ အပိုဒ် ၂ (ခ)၊ အပိုဒ်ခွဲငယ် (၂)ဖြင့် ငြိစွန်းနေသောကြောင့် ပြန်လည်ရုပ်သိမ်းရန်၊ စာအုပ်၊ စီဒီခွေများ၊ ထုတ်ဝေဖြန့်ချိခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အ သိပေး အကြောင်းကြားစာကို ဒီဇင်ဘာ ၆ ရက်က ဦးနေဝင်းထံပေးအပ်ခဲ့ရာ လက်မှတ်ရေးထိုး လက်ခံယူခဲ့သည်ဟု ဒီဇင်ဘာ ၁၂ရက်က ထုတ်ပြန်သည့် သာသနာ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အကြောင်းကြားစာ ကို လက်ခံရရှိကြောင်းနှင့် လက် မှတ်ရေးထိုးယူခဲ့ကြောင်း ဦးနေဝင်းက အတည်ပြုခဲ့ပြီး လိုက်နာ မည့် သဘောမျိုးမဟုတ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် မိုးပြာဂိုဏ်း နောက်ခံသမိုင်းအကြောင်း စာအုပ်ကို ဦးဉာဏ (မိုးပြာဂိုဏ်း စတင်တည် ထောင်သူ)ကိုယ်တိုင် တည်းဖြတ် နေပြီး ထုတ်ဝေရန်ရှိသည်ဟု ဦးနေဝင်းက ပြောသည်။
ဦးဉာဏကိုယ်တိုင် ရေးသား ထားသည့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓ ဘာသာစာအုပ် ၆၀ ကျော်ရှိပြီး ၂၀၁၇ တွင် ရန်ကုန်နှင့် မန္တလေး မြို့များတွင် စာအုပ်ဆိုင်များ ကိုယ်တိုင်ဖွင့်လှစ်ကာ တရားဝင်ရောင်း ချရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။
မိုးပြာဂိုဏ်းနှင့် ပတ်သက် သည့် အကြောင်းအရာများပါဝင် သည့်စာကို သမ္မတဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့လည်း ပေးပို့ထားသည်ဟုဦးနေဝင်းက ပြောသည်။
အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးထံ ပေးပို့သည့်အကြောင်းကို ၎င်းက ‘‘တကယ့်ရည်ရွယ်ချက်က အဓမ္မ ဝါဒကြေညာထားတယ်ဆိုတာ သူ တို့နိုင်ထက်စီးနင်း အခြေခံဥပဒေ မဲ့ အချိန်ကာလက လုပ်ခဲ့တာဖြစ် လို့ ကျွန်တော်တို့ လက်မခံဘူး။ ကျွန်ုပ်တို့သည် ခင်ဗျားတို့က ဘယ်လိုပင် အဓမ္မဝါဒလို့ ကြေညာနေ ကြေညာနေ၊ ဘယ်လိုပဲလုပ်နေ လုပ်နေ ပစ္စုပ္ပန်ကမ္မဝါဒကို ဦးဉာ ဏဦးစီးသော ယုံကြည်ကိုးကွယ် သူများက ဒီဒဿနကိုပဲ ဆက် လက်ပြီးတော့ ပြန့်ပွားအောင် လုပ်ဆောင်နေမယ်ဆိုတဲ့ အ ကြောင်းရင်းပါပဲ’’ဟု ဦးနေဝင်းက ပြောသည်။
စစ်ကိုင်းတိုင်း မင်းကွန်းရွှေ မြင်တောင်တွင် နေထိုင်သည့် ဦးဉာဏသည် ဈာန်ရပုဂ္ဂိုလ်၊ ပဋိ သမ္ဘိဒါယ ရဟန္တာဖြစ်ကြောင်း ကြွားဝါ၍ အဓမ္မဝါဒများ ဟော ကြားသဖြင့် ၁၉၈၃ တွင် အဓိက ရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ချက်များကို ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၉/၁၁ ဖြင့် တရားစွဲဆိုခံရရာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရကြောင်းသာသနာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဦးဉာဏသည် ၁၉၉၁ တွင် ပစ္စုပ္ပန်ကမ္မဝါဒ (မိုး ပြာဂိုဏ်း) ထူထောင်မှုကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေသည့် စွဲချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ် ခံရသည်။ သို့သော် ၎င်းမှာ ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ လျက် မိုးပြာဂိုဏ်းကို စွန့်လွှတ် ခြင်းမရှိဘဲ ဆက်လက်၍ ဝါဒဖြန့် နေမှုကြောင့် သာသနာတော် ညှိုး နွမ်းစေမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅ (က)၊ ဝိနည်းဓမ္မကံ အဓိက ရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ချက်များကို ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၁၀၊ သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂၊ ၁၃၊ အသင်းအ ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ တို့အရ ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်ဟု ယင်းထုတ် ပြန်ချက်အရ သိရသည်။
ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကို မလိုက်နာဘဲ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ၃၁ ဘုံနှင့် သံသရာမရှိဟူသော ရုပ်ဝါဒအယူကိုယူကာ ပိဋကတ် တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီ ကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စု ပ္ပန်ကမ္မဝါဒကို တီထွင်ဟောကြား သော ဓမ္မဝိဟာရိအမည်ခံ ရှင်မိုး ပြာ (ခေါ်) ရှင်ဉာဏ၏ ဟောပြော ချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များ သည် အဓမ္မဝါဒများဖြစ်ကြောင်း နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော် ကြီးများက ၂၀၁၁ နိုဝင်ဘာ ၁၅ ရက်တွင် ဆုံးဖြတ်ကြေညာခဲ့ခြင်း ဖြစ်သည်။
===================
251 / End
မိုးပြာဂိုဏ်း အယူဝါဒများ ထုတ်ဝေဖြန့်ချိပါက အရေးယူမည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီးပြော ယုံကြည်ကိုးကွယ်သူများက ဆက်လက်ပြန့်ပွားအောင
၁၃ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၁၉
News ID: 797952
မိုးပြာဂိုဏ်းက ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေ များနှင့် တရားဓမ္မများကို ထုတ်ဝေဖြန့်ချိပါက ဥပဒေနှင့်အညီ တရားစွဲဆိုမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။