၅ ဇွန် ၂၀၂၆ - ၂၃:၅၄
တောင်ပိုင်း လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာနှင့် တိုက်ပွဲဖြစ်ပြီး အစ္စရေးစစ်သား ၈ ဦး သေဆုံး

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က တောင်ပိုင်း လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဖြစ်ပွားခဲ့သော သီးခြား ဖြစ်ရပ် ၃ ခုအတွင်း အစ္စရေးစစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပထမဆုံး သေဆုံးသူအဖြစ် အသက် ၂၂ နှစ်အရွယ် Egoz ကွန်မန်ဒိုယူနစ်၏ အဖွဲ့ခေါင်းဆောင် ကပ္ပတိန် အီသန် အစ်ဇတ် အော့စတာကို အစောပိုင်းတွင် ကြေညာခဲ့ပါတယ်။  ထို့နောက် အဆိုပါဖြစ်ရပ်တစ်ခုတည်းတွင် Egoz ကွန်မန်ဒို ယူနစ်မှ အခြားစစ်သား ၄ ဦးလည်း သေဆုံးခဲ့ကြောင်း IDF က ထပ်မံအတည်ပြုခဲ့ပါတယ်။ ထိုဖြစ်ရပ်ကို တောင်ပိုင်း လက်ဘနွန်ရှိ ကျေးရွာတစ်ရွာတွင် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များနှင့် နီးကပ်သေနတ်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဖော်ပြထားပါတယ်။

သေဆုံးသူများတွင် အသက် ၂၃ နှစ်အရွယ် ကပ္ပတိန် ဟီရယ် အက်တင်ဂါ၊ အသက် ၂၂ နှစ်အရွယ် စာဂျင့် ဖာ့စ် ကလပ်စ် နိုမ် ဘာဇီလေး၊ အသက် ၂၁ နှစ်အရွယ် စာဂျင့် ဖာ့စ် ကလပ်စ် ယမ် နတ်ဇိုရ် နှင့် နာဒါ အတ်ကန်တို့ ပါဝင်ပါတယ်။

 ထို့ပြင် အသက် ၂၃ နှစ်အရွယ် ကပ္ပတိန် အီတိုင် အာရီယဲလ် ဂိတ်နှင့် Yahalom တိုက်ခိုက်ရေး အင်ဂျင်နီယာယူနစ်မှ အရာရှိတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း အခြားအရာရှိတစ်ဦးနှင့် စစ်သား ၄ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ အဖွဲ့၏ သတင်းရင်းမြစ်များက စစ်သားများကို မထင်မှတ်ဘဲ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။  အခြားဖြစ်ရပ်တစ်ခုတွင် Golani Brigade ၏ ရှာဖွေရေးယူနစ်မှ စစ်သား ၂ ဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် Staff Sergeant Almken Terefe နှင့် Staff Sergeant Ido Broyer တို့ သေဆုံးခဲ့ပြီး တတိယစစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

တတိယဖြစ်ရပ်တွင် Golani Brigade ၏ ၅၁ မျိုးဆက်တပ်ရင်းနှင့် လိုက်ပါခဲ့သည့် IDF ဆရာဝန်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

IDF ၏ စုံစမ်းချက်များအရ Egoz ကွန်မန်ဒို ယူနစ်သည် အစ္စရေးနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာသို့ ဝင်ရောက်ကာ ဟစ်ဇ်ဘိုလာ၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ဆောင်ရွက်နေစဉ် အဆောက်အအုံတစ်ခုအတွင်း ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ထို့နောက် အနီးအနားရှိ ဒေသများမှ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ ထပ်မံရောက်ရှိလာပြီး စစ်သားများ အပေါ် တန့်ကာကွယ်ရေး မီဇိုင်းများနှင့် မော်တာများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူများကို ဆေးဘက်ဆိုင်ရာ ကယ်ထုတ်နေစဉ်အတွင်းလည်း မော်တာပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha