-
H.I အိဖ်သေခါရ် ဟိုစိုင်းန် အန်ဆွာရီ ၏ ၁၂ ကြိမ်မြောက် နှစ်ပတ်လည် နေ့တွင် ကက်ရှ်မီးယားတစ်ဝန်း ကုရ်အာန်ရွတ် ခွာနီ နှင့် မဂျ်လစ်များ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ထင်ရှားကျော်ကြားသော ဘာသာရေးပညာရှင်၊ နိုင်ငံရေးခေါင်းဆောင် နှင့် လူမှုရေးပုဂ္ဂိုလ်ဖြစ်သူ H.I အိဖ်သေခါရ် ဟိုစိုင်းန် အန်ဆွာရီ ကွယ်လွန်ခဲ့သည့် ၁၂ ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဂျမ်မူး နှင့် ကက်ရှ်မီးယား ဒေသရှိ နေရာအမျိုးမျိုးတွင် ကုရ်အာန်ခွာနီ ၊ စူရဟ် ဖာသေဟဟ်ရွတ်ဖတ်ခြင်း၊ မရ်စိယာရွတ်ဖတ်ခြင်းနှင့် မဂျ်လစ်များကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားများတွင် အစ္စလာမ်ဘာသာရေးပညာရှင်များ၊ ဇာကိရ်များ၊ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ ထင်ရှားသူများအပြင် လူမှုအလွှာအသီးသီးမှ ပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
-
ကွမ်းမြို့တွင် “တော်လှန်ရေးအာဇာနည်များ” ညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ တော်လှန်ရေးအာဇာနည်များ ညီလာခံ ကို ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှု ၏ အီရန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နာဆေရ် အဘူ ရှရီးဖ် နှင့် ကွမ်း မြို့ ဟောင်ဇာ အေလ်မီယေ ၏ အစ္စလာမ်ဘာသာရေး ဖြန့်ဝေရေးရုံး သုတေသနဌာန ဒုတိယအကြီးအကဲ H.I နဂျဖ် လက် ဇာအီ တို့က ဟောပြောခဲ့ကြပါတယ်။ အဆိုပါညီလာခံကို ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အာဇာနည်ဖြစ်ခဲ့သည့် ဒုတိယမြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပါကစ္စတန် မွတ်စလင်မ် များညီညွတ်ရေး မဂျ်လစ် ၏ ကွမ်း မြို့ခွဲက ဦးစီး၍ ကွမ်း မြို့ရှိ ဂဒီးရ် အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
-
ပါလီမန် လူမှုရေးကော်မရှင်အဖွဲ့ဝင်များက အာယာသွလ္လာဟ် နူရ်မိုဖီးဒီ နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အစ္စလာမ်မစ် အတိုင်ပင်ခံလွှတ်တော် ၏ လူမှုရေးကော်မရှင် အဖွဲ့ဝင်များသည် ဂိုလက်စတန်ပြည်နယ်သို့ ခရီးစဉ်အတွင်း ဂိုလစ်စတန်ပြည်နယ်ရှိ ဝလီယေဖကီးဟ် ကိုယ်စားလှယ် နှင့် ဂိုရ် ဂန်မြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ အာယာသွလ္လာဟ် ဆယက်ဒ် ကာဇင်းမ် နူရ်မိုဖီးဒီ နှင့် တွေ့ဆုံခဲ့ကြပါတယ်။
-
အာယာသွလ္လာဟ် နူးရ်ရီ ဟမ်ဒါန်နီ က ကြီးမှူးကျင်းပသည့် အာယာသွလ္လာဟ် ဆယက်ဒ် ရှိုဗိုင်ရီ ဇန်ဂျာနီ အထိမ်းအမှတ် အခမ်းအနား ။ ။ Photos
အဗ်နာ ။ ။ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အား ဂုဏ်ပြုအောက်မေ့သည့် အခမ်းအနားကို သောကြာနေ့ ၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ ၏ ကြီးမှူးမှုဖြင့် ကျင်းပခဲ့ပြီး၊ အိုလမာ နှင့် သာသနာ့ ကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ လည်း တက်ရောက်ခဲ့ပါတယ်။
-
မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိုဗိုင်ရီ ဇန်ဂျာနီ အား အောက်မေ့ သတိရ ဂုဏ်ပြုအခမ်းအနား တီဟီရန်မြို့တွင် ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အား အောက်မေ့ သတိရ ဂုဏ်ပြုအခမ်းအနားကို ဗုဒ္ဓဟူးနေ့ ၊ စက်တင်ဘာလ ၃၀ ရက် ၊၂၀၂၆ ခုနှစ် တွင် နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ထင်ရှားသူများ တက်ရောက်ကြပြီး တီဟီရန်မြို့တော် ရှိ ရှဟီးဒ် မိုသွာဟာရီ အဆင့်မြင့်ကျောင်းတွင် ကျင်းပခဲ့ပါတယ်။အီရန်သမ်၎တ ကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။
-
အီရန် နိုင်ငံ၏ ထင်ရှားသော တရားဟောဆရာများက မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် တွေ့ဆုံ
အီရန် နိုင်ငံ၏ ထင်ရှားသော တရားဟောဆရာများအနက် အစ္စလာမ်ဘာသာရေးပညာရှင်များဖြစ်ကြသော H.I အာလီ ၊ H.I ဗဒါဒရာန် ၊ H.I ဟိုစိုင်းန်နီ အရာကီ ၊ H.I မာန်ဒေဂါရီ ၊ H.Iသွာအိဗ် နှင့် H.I ရှိက် ခ် သွာဒီ တို့အပါအဝင် တစ်စုသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ဝန်းကျင် နံနက်ပိုင်းတွင် ကွမ်း မြို့ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အဖွဲ့ချုပ် သို့ သွားရောက်ကာ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီနှင့် တွေ့ဆုံခဲ့ကြပါတယ်။
-
အီရတ်နိုင်ငံ တွင် အမေရိကန်၏ ဆယ်စုနှစ်နှစ်ခုကြာ စစ်ရေးတပ်စွဲမှုကို ဓာတ်ပုံများမှတစ်ဆင့် မြင်တွေ့ရခြင်း ။ ။ Photos
အဗ်နာ ။ ။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ အီရတ်နိုင်ငံသို့ ဝင်ရောက်လာချိန်မှစ၍ အမေရိကန်တပ်ဖွဲ့များသည် အီရတ်နိုင်ငံရှိ နောက်ဆုံးကျန်ရှိနေသော စစ်အခြေစိုက်စခန်းများမှ ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာသွားသည့်အချိန်အထိ အီရတ်တွင် အမေရိကန်၏ စစ်ရေးတပ်စွဲမှုသည် ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်ခဲ့ပါတယ်။ ဤဓာတ်ပုံမှတ်တမ်းတွင် ထိုကာလအတွင်း ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည့် အရေးပါဆုံး ဓာတ်ပုံအချို့နှင့် နှစ်များတစ်လျှောက် အီရတ်နိုင်ငံအပေါ် သက်ရောက်မှုရှိခဲ့သည့် ဖြစ်ရပ်များကို ပြန်လည်လေ့လာတင်ပြထားပါတယ်။
-
သဗ်ရေးဇ် မြို့တွင် အဇာဘိုင်ဂျန်အရှေ့ပိုင်းမှ အမိမြေအတွက် စတေးမည် ဆိုသည့် စုဝေးပွဲကျင်းပ ။ ။ Photos
အဗ်နာ ။ ။ “အဇာဘိုင်ဂျန်အရှေ့ပိုင်းမှ ၃၁၃,၀၀၀ ဦးသောအမိမြေအတွက် စတေးမည် ဆိုသည့် အင်အားပြပွဲ” အခမ်းအနားကို အင်္ဂါနေ့ ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက် တွင် လူထုအလွှာအသီးသီး ပါဝင်တက်ရောက်ကြပြီး သဗ်ရေးဇ် မြို့ရှိ ဂိုလ်လစ်စတန်ဥယျာဉ် မှ ရှဟီးဒ် ဗေဟစ်ရှ်သီ လမ်းဆုံ အထိ ကျင်းပခဲ့ပါတယ်။
-
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ ညီမ ကွယ်လွန် ။ ။ Photos
အဗ်နာ ။ ။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ ညီမ ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။ ကွယ်လွန်သူမ ၊မရ်ဟွန်မ်မဟ် အား အလ္လာဟ်အရှင်မြတ်က ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းအပြည့်အဝ ပေးသနားတော်မူပါစေကြောင်း၊ အစဉ်အမြဲ ငြိမ်းချမ်းရာဘုံ၌ စံမြန်းနိုင်ပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအား စိတ်ရှည်သည်းခံနိုင်ရန် ခွန်အားပေးသနားပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။
-
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ သတင်းစာရှင်းလင်းပွဲ ။ ။ Photos
အဗ်နာ ။ ။ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ကြီး ဟိုစိုင်းန် မိုဟစ်ဘီ သည် အင်္ဂါနေ့ နံနက်ပိုင်း (၂၀၂၆ နှစ် စက်တင်ဘာလ ၂၉ ရက်)တွင် ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အကြောင်းအရာမှာ “အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မှ အမေရိကန်ပြည်သူများထံ ပေးစာ” ဖြစ်ပြီး ဟွန်နရီအနုပညာဗဟိုဌာန (Hozeh Honari) တွင် ကျင်းပခဲ့ပါတယ်။
-
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ အီရန်အစ္စလာမ်မစ် လွှတ်တော်၏ အွန်လိုင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ကြံ့ကြံ့ခံ တော်လှန်ရေးတပ်ဦး၏ ကျဆုံးခဲ့သော အာဇာနည်တပ်မှူးများ ကွယ်လွန်ခြင်း ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ကြာသပတေးနေ့ညနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက် တွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အယ်လ်ကွတ်ဒ်စ် တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အီစ္စမာအီ ကန်အာနီ နှင့် အာဇာနည်မိသားစုဝင်များ အများအပြား တက်ရောက်ခဲ့ပြီး မီလတ်ဒ်မျှော်စင် အစည်းအဝေးစင်တာတွင် ကျင်းပခဲ့ပါတယ်။
-
ကြံ့ကြံ့ခံ တော်လှန်ရေးတပ်ဦး၏ အာဇာနည်တပ်မှူးများ ကွယ်လွန်ခြင်း ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ ကြံ့ကြံ့ခံ တော်လှန်ရေးတပ်ဦး၏ ကျဆုံးခဲ့သော အာဇာနည်တပ်မှူးများ ကွယ်လွန်ခြင်း ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ကြာသပတေးနေ့ညနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက် တွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အယ်လ်ကွတ်ဒ်စ် တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အီစ္စမာအီ ကန်အာနီ နှင့် အာဇာနည်မိသားစုဝင်များ အများအပြား တက်ရောက်ခဲ့ပြီး မီလတ်ဒ်မျှော်စင် အစည်းအဝေးစင်တာတွင် ကျင်းပခဲ့ပါတယ်။
-
H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အာဇာနည် ဖြစ်ခြင်း ဒုတိယနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား။ ။ photos
အဗ်နာ ။ ။ လက်ဘနွန်နိုင်ငံ ဘေရွတ် ၊ အီရတ်နိုင်ငံ ဘဂ္ဂဒက်နှင့် အီရန်နိုင်ငံ တီဟီရန်မြို့များတွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံသူများ နှင့် အားပေးသူ ထောင်နှင့်ချီက အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ကြပြီး ဟစ်ဇ်ဘိုလာအဖွဲ့ ၏ ယခင်အထွေထွေအတွင်းရေးမှူး H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အာဇာနည် ဖြစ်ခြင်း ဒုတိယနှစ်ပတ်လည်နေ့ကို အောက်မေ့ဂုဏ်ပြုခဲ့ကြပါတယ်။ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဘေရွတ်မြို့တောင်ပိုင်း ဒဟီယာဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ရှဟီးဒ်( အာဇာနည် ) ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
-
အနောက်ဘင်္ဂလားတွင် « အေမာမ်မဲဟ်ဒီ (အ.စ) နှင့် မရ်ဂျအီယသ် » ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အနောက်ဘင်္ဂလားပြည်နယ်ရှိ ဂုန်နာရ်ဘန်ဒေသတွင် « အေမာမ်မဲဟ်ဒီ (အ.စ) နှင့် မရ်ဂျအီယသ် » ဟူသော ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာနှင့် သာသနာပြုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ အာလင်မ်ပညာရှင်များ ၁၅ ဦးကျော်နှင့် မုအ်မင်န်များ ခန့်မှန်းခြေအားဖြင့် ၁၅၀ မှ ၂၀၀ ဦးအထိ ပါဝင်တက်ရောက်ခဲ့ကြပြီး လူငယ်များလည်း ထင်ရှားစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
-
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ၏ ဈာပန ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ၏ ရုပ်ကလာပ်တော် ကို စက်တင်ဘာလ ၂၃ ရက်နေ့ ၂၀၂၆ ခုနှစ် တွင် အေမာမ် ခိုမေနီ (ရ.ဟ) ဘာသာရေးတက္ကသိုလ် မှ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ရောင်ဇာတော် မြတ် သို့ လူအုပ်ကြီးဖြင့် ဈာပနပို့ဆောင်ခဲ့ပါတယ်။ ထို့နောက်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ က ဦးဆောင်၍ နမာဇ် ဇေဂျနာဇဟ် ဝတ်ပြုပေးခဲ့ပြီး ရောင်ဇာတော် တွင် ဒဖ်နာ ပြု (မြှုပ်နှံ) ခဲ့ပါတယ်။
-
ယီမင်နိုင်ငံရှိ အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့များ၏ တိုက်ပွဲဝင်စစ်မျက်နှာများတွင် ရှေ့ဆက်တိုးမြှင့် ။ ။ Photos
အဗ်နာ ။ ။ ယီမင်နိုင်ငံရှိ အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့များသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တိုက်ပွဲဝင်စစ်မျက်နှာများတွင် ရှေ့ဆက်တိုးမြှင့်ခဲ့ပြီး ပင်လယ်နီဝမှာရှိသော မဟာဗျူဟာမြောက် ကျွန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြင့် ထိုဒေသတွင် အပြောင်းအလဲသစ်များကို ဖန်တီးခဲ့ကြပါတယ်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် ဆော်ဒီအာရေဗျ၏ ရေနံတင်ပို့မှုလမ်းကြောင်းအပေါ် ဖိအားများကို တစ်ပြိုင်နက်တိုးမြှင့်စေခဲ့ပြီး ဆော်ဒီအရာရှိများကို တုံ့ပြန်ရန် နည်းလမ်းများကို ပြန်လည်သုံးသပ်စေရန် တွန်းအားပေးလျက်ရှိပါတယ်။
-
ဟစ်ဇ်ဘိုလာ အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ။ ။ Photos
အဗ်နာ ။ ။ ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့၏ ယခင် အထွေထွေအတွင်းရေးမှူးဖြစ်ပြီး၊ အစ္စလာမ့်တော်လှန်ရေးနှင့် ခုခံရေးလှုပ်ရှားမှု၏ ထင်ရှားသော ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်ပါတယ်။ ၎င်းသည် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေးနှင့် တိုက်ပွဲဝင်ရေးနယ်ပယ်များတွင် နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးတွင် အစ္စရေးအစိုးရ၏ တိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့ တောင်ပိုင်း ဒါဟီယာဒေသ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ကျဆုံးရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
-
အမျိုးသမီး ဘာသာရေးပညာရေးကျောင်းများ နှင့် ဂျအ်မေအသွန်ဇ်ဇဲဟ်ရာ (စ.အ) တို့၏ ပညာသင်နှစ်သစ် စတင်ခြင်း အခမ်းအနား ။ ။ Photos
အဗ်နာ ။ ။ နိုင်ငံတစ်ဝန်းရှိ အမျိုးသမီး ဘာသာရေးပညာရေးကျောင်းများနှင့် ဂျအ်မေအသွန်ဇ်ဇဲဟ်ရာ (စ.အ) တို့၏ ပညာသင်နှစ်သစ် စတင်ခြင်း ပူးတွဲအခမ်းအနားကို “အာဇာနည် အေမာမ် နှင့် သိပ္ပံပညာဆိုင်ရာ ကတိသစ္စာ” ဟူသော ခေါင်းစဉ်ဖြင့် စနေနေ့ (၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ် ။ အဆိုပါအခမ်းအနားသို့ နိုင်ငံ၏ ဘာသာရေးပညာရေးကျောင်းများ ၏ အုပ်ချုပ်ရေးမှူး အာယာသွလ္လာဟ် အအ်ရာဖီ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး ၊ ဘာသာရေးပညာရေးကျောင်းများ၏ အမျိုးသမီးကဏ္ဍ စီမံခန့်ခွဲရေးမှူးများလည်း တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အာယာသွလ္လာဟ် ရှရီအီ(ရ.ဟ) ခန်းမ ၊ အမျိုးသမီး ဘာသာရေးပညာရေးကျောင်းများ ဗဟိုစီမံခန့်ခွဲရေးဌာန တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
-
ဂါဇာကလေးများ အပျက်အစီးများကြား စာသင်ခန်းများသို့ ပြန်လည်ဝင်ရောက်ခြင်း။ ။ Photos
အဗ်နာ ။ ။ ပါလက်စတိုင်းကလေးများသည် ဂါဇာတွင် သုံးနှစ်ကြာ ရပ်နားခဲ့ရပြီးနောက် ပညာသင်နှစ်သစ်ကို ပြန်လည်စတင်ခဲ့ကြပါတယ်။ ထိုသို့ စတင်ရာတွင် ကျောင်းအများအပြား ပျက်စီးသွားခဲ့ပြီး၊ ယာယီစာသင်ခန်းများကို တဲများနှင့် ပျက်စီးထိခိုက်ထားသော အဆောက်အအုံများအတွင်း ဖွင့်လှစ်ထားရသည့် အခြေအနေတွင် ဖြစ်ပါတယ်။
-
အီရန် သမ္မတကြီး နယူးယောက်မှ ပြန်လည်ရောက်ရှိလာခြင်း ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံ တွင် မိန့်ခွန်းပြောကြားပြီးနောက် စနေနေ့ညပိုင်း စက်တင်ဘာလ ၂၇ ရက်နေ့ ၂၀၂၆ ခုနှစ် တွင် အစ္စလာမ်မစ်တော်လှန်ရေး၏ အမြင့်မြတ်ဆုံးခေါင်းဆောင်၏ ရုံးအကြီးအကဲက တရားဝင်ကြိုဆိုခဲ့ပြီး တီဟီရန်မြို့ရှိ မေဟ်ရာဘတ်လေဆိပ် သို့ ရောက်ရှိလာခဲ့ပါတယ်။
-
စက်တင်ဘာလ ၂၃ ရက်နေ့ ပထမဆုံးကျောင်းဖွင့်ရက်တွင် ဒေါက်တာ ကာလီဗါဖ် သည် ရှဟီးဒ် အာယသ် မူလတန်းကျောင်းသို့ သွားရောက်ခဲ့ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တီဟီရန်မြို့ ၊ အမှတ် ၁၄ ခရိုင်ရှိ ရှဟီးဒ် အာယသ် ယောကျ်ားလေး မူလတန်းကျောင်းသို့ သွားရောက်ခဲ့ပါတယ်။
-
အိန္ဒိယနိုင်ငံရှိဝလီယေဖကီးဟ်ကိုယ်စားလှယ်ရုံး၌အာယာသွလ္လာဟ်အလ်အွဇ်မာဆယက်ဒ်မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အတွက်အောက်မေ့ဖွယ်ဝမ်းနည်းခြင်းအခမ်း ။ ။ Photos
အဗ်နာ ။ ။ အိန္ဒိယနိုင်ငံရှိ ဝလီယေဖကီးဟ်၏ ကိုယ်စားလှယ်ရုံးတွင် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အား အောက်မေ့သတိရသည့် ဝမ်းနည်းခြင်းအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဗ်ဒိုလ်မဂျီးဒ် ဟကီးမ်အေလာဟီ နှင့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင် သကဝီ တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး၊ မရ်ဂျအ် သက္က်လီးဒ် ၏ ပညာရပ်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အမှုတော်ဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။
-
ဟဇရသ် မအ်စူမဟ် (စ.အ) ဝဖါသ် ညတွင် ဖယောင်းတိုင်ထွန်းဂါရဝပြုခြင်းနှင့် ခွသ်ဗဟ် ဖတ်ကြားခြင်း အခမ်းအနား ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် မအ်စူမဟ် (စ.အ) ဝဖါသ် ညတွင် ဖယောင်းတိုင်ထွန်းဂါရဝပြုခြင်း နှင့် ခွသ်ဗဟ် (တရားဓမ္မမိန့်ခွန်း) ဖတ်ကြားခြင်း အခမ်းအနားကို အင်္ဂါနေ့ည (စက်တင်ဘာလ ၂၂ ရက်နေ့ ၂၀၂၆ ခုနှစ် ) တွင် ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ဟဇရသ် မအ်စူမဟ် (စ.အ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော် မြတ် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) ခန်းမတွင် ကျင်းပခဲ့ပြီး၊ ရောင်ဇာတော် အား အုပ်ချုပ်စောင့်ရှောက်သူ အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ ၊ မြင့်မြတ်သည့် ဂျန်မ်ကာရန် ဗလီ၏ အုပ်ချုပ်စောင့်ရှောက်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဂျာက် နီဇာဒ် နှင့်အတူ အစ္စလာမ်ဘာသာရေးပညာရှင်များ၊ ဝန်ထမ်း/အမှုထမ်းများနှင့် ကွမ်းမြို့မှ ပြည်သူများ အများအပြား တက်ရောက်ခဲ့ကြပါတယ်။
-
သခင်မကြီး မာအ်စူမဟ် (စ.အ) ဝဖါသ် ဖြစ်သည့်နေ့တွင် သခင်မကြီးရောင်ဇာတော် မြတ်မှ ဝန်ထမ်း များ အဇါဒါရီ ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ စက်တင်ဘာလ ၂၂ ရက်နေ့ ၂၀၂၆ ခုနှစ် သခင်မကြီး မာအ်စူမဟ် (စ.အ) ဝဖါသ် ဖြစ်သည့်နေ့တွင် သခင်မကြီးရောင်ဇာတော် မြတ်မှ ဝန်ထမ်း များ အဇါဒါရီ ပြုလုပ်ခဲ့ကြပါတယ်။ သခင်မကြီး (စ.အ) ကွမ်းမြို့သို့ ရောက်ရှိလာချိန်တွင် နေထိုင်ခဲ့သည့်နေရာဖြစ်သော ဘိုင်တုန်နူးရ် ဗလီ မှ စတင်ကာ သခင်မကြီး ၏ ရောင်ဇာတော် မြတ်အထိ အလံ ထွက် အဇါဒါရီ ပြုခဲ့ကြပါ တယ်။
-
“ အီရန်အတွက် အသက်စတေးမည့် သူ ၃၁၃,၀၀၀ ဦး” အကြီးစားစစ်ရေးလေ့ကျင့်မှု - ၂ ။ ။ Photos
အဗ်နာ ။ ။ “အီရန်အတွက် အသက်စတေးမည့် သူ ၃၁၃,၀၀၀ ဦး ” ဟု အမည်ပေးထားသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် (သောကြာနေ့) နံနက်ပိုင်းတွင် တီဟီရန်မြို့၌ လူထုအလွှာအသီးသီးမှ ပြည်သူများနှင့် “အသက် စတေး ရန် အသင့်ရှိသူ” တပ်ဖွဲ့ဝင်များ အများအပြား ပါဝင်တက်ရောက်ခဲ့ကြပြီး “လပ်ဘိုင်ခ် ယာ ခါမေနာအီ ” (အို ခါမေနာအီ ၊ ကျွန်ုပ်တို့သည် သင့်အမိန့်ကို နာခံရန် အသင့်ရှိပါသည်) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပါတယ်။
-
“ အီရန်အတွက် အသက်စတေးမည့် သူ ၃၁၃,၀၀၀ ဦး” အကြီးစားစစ်ရေးလေ့ကျင့်မှု - ၁ ။ ။ Photos
အဗ်နာ ။ ။ “အီရန်အတွက် အသက်စတေးမည့် သူ ၃၁၃,၀၀၀ဦ ” းဟု အမည်ပေးထားသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် (သောကြာနေ့) နံနက်ပိုင်းတွင် တီဟီရန်မြို့၌ လူထုအလွှာအသီးသီးမှ ပြည်သူများနှင့် “အသက် စတေး ရန် အသင့်ရှိသူ” တပ်ဖွဲ့ဝင်များ အများအပြား ပါဝင်တက်ရောက်ခဲ့ကြပြီး “လပ်ဘိုင်ခ် ယာ ခါမေနာအီ ” (အို ခါမေနာအီ ၊ ကျွန်ုပ်တို့သည် သင့်အမိန့်ကို နာခံရန် အသင့်ရှိပါသည်) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပါတယ်။
-
ဟဇရသ် မအ်စူမဟ် (စ.အ) ရှဟာဒသ် နေ့ည အထိမ်းအမှတ်အဖြစ် သခင်မကြီး ၏ရောင်ဇာတော် မြတ် တွင် အဇါဒါရီ ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ရှဟာဒသ် အထိမ်းအမှတ်နေ့ည တွင် ကွမ်း မြို့ရှိ ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် မြတ် ၌ အဇါဒါရီ နှင့် ဘာသာရေးအခမ်းအနားများကို ကျင်းပခဲ့ကြပြီး၊ ဘာသာဝင်များနှင့် အဇာဒါရီပြုသူများက စုပေါင်းပါဝင်ခဲ့ကြပါတယ်။
-
အီရန်နိုင်ငံ ကွမ်း မြို့ ၏ ဗေအ်စသ် ည ၂၀၀ ပြည့် ည ။ ။ Photos
အဗ်နာ ။ ။ အီရန်နိုင်ငံ၏ အာဇာနည်များကို မွေးထုတ်ပေးခဲ့သည့် ကွမ်း မြို့မှ ပြည်သူများသည် ဆက်တိုက် ၂၀၀ မြောက်ညတွင် မြို့၏ လမ်းများနှင့် ရင်ပြင်များ၌ ထပ်မံစုဝေးခဲ့ကြပြီး အစ္စလာမ်မစ်အမိမြေကို ကာကွယ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရေးနှင့် ပြင်ပမှ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တုံ့ပြန်ရေးတို့အပေါ် ၎င်းတို့၏ အလေးထားမှုကို ထပ်မံဖော်ပြခဲ့ကြပါတယ်။
-
ဟဇရသ် အာယာသွလ္လာဟ် မဟ်ဖူးဇီ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ အဘာစ် မဟ်ဖူးဇီ၏ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကြာသပတေးနေ့ ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နေ့ တွင် မက်စ်ဂျစ်ဒ် အအ်ဇမ်၌ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ ဘာသာရေးပညာရှင်များ ၊ ဟောင်ဇေအေလ်မီယေ (ဘာသာရေးတက္ကသိုလ် ) မှ ပညာရှင်များ၊ တပည့်တော်များနှင့် ကွယ်လွန်သူ အာလင်မ်ကြီးအား ကြည်ညိုလေးစားသူများ တက်ရောက်ခဲ့ကြပါတယ်။မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ လည်း တက်ရောက်ခဲ့ပါတယ်။
-
အီရန်အတွက် အသက်ပေးရန် အသင့်ရှိသူများ၏ စစ်ရေးလေ့ကျင့်မှု ။ ။ Photos
အဗ်နာ ။ ။ အီရန်အတွက် အသက်ပေးရန် အသင့်ရှိသူ ၃၁၃,၀၀၀ ဦး ပါဝင်သည့် အကြီးစား စစ်ရေးလေ့ကျင့်မှုကို ယနေ့ သောကြာနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ) နံနက် ၈ နာရီတွင် မိုဟမ္မဒ် ရစူလွလ္လာဟ် (ဆွ) တပ်ဖွဲ့မှူး ဗိုလ်ချုပ် ဟစန် ဟစန်ဇာဒေ၏ အမိန့်ဖြင့် “လဘ်ဗိုက် ယာ ခါမေနာအီ ” ဟူသော စကားဝှက်ဖြင့် တီဟီရန်မြို့၌ စတင်ခဲ့ပါတယ်။