၁၁ ဇန်နဝါရီ ၂၀၂၀ - ၁၆:၁၉
ရခိုင္မွာ စီမံကိန္းလုပ္ဖို႔ ကုမၸဏီႀကီးတစ္ခု အဆိုျပဳ

ရခိုင္ျပည္နယ္စစ္ေတြ၊ပုဏၰားကြၽန္း၊ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာ စက္မႈဇုန္၊ဆိပ္ကမ္း၊အျမန္လမ္း၊ရထားလမ္းစတဲ့စီမံကိန္း ေတြကို အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုၿပီးတ႐ုတ္ ေက်ာ ေထာက္ ေနာက္ခံျပဳထားတဲ့ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံ မႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္က ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ကို ဒီေန႔ အဆိုျပဳလိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ


Zawgyi


ရခိုင္ျပည္နယ္စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာစက္မႈဇုန္၊ဆိပ္ကမ္း၊အျမန္လမ္း၊ ရထားလမ္း စတဲ့စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုၿပီး တ႐ုတ္ ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္က ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ဒီေန႔ အဆိုျပဳလိုက္ပါတယ္။

ေနျပည္ေတာ္အေျခစိုက္ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔တိုးတက္ေရးကုမၸဏီလီမိတက္တာဝန္ရွိသူေတြက သူတို႔ေဆာင္႐ြက္ခ်င္တဲ့ စီမံကိန္းေတြနဲ႔ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ ဦးညီပုဦးေဆာင္တဲ့ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ကို ဒီေန႔ တင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

နမ့္ခမ္း - မူဆယ္ကေန မႏၲေလး၊ ေနျပည္ေတာ္၊ ေက်ာက္ျဖဴနဲ႔ စစ္ေတြ၊ အမ္း၊ ဂြ၊ သံတြဲအထိ အျမန္ရထားလမ္းနဲ႔ အျမန္လမ္းမစီမံကိန္းေတြ၊ မီတာ ၂၃၀၀ ေက်ာ္ရွည္လ်ားတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီးမံကိန္း၊ ဟက္တာ ၁၆၀၀ ေက်ာ္က်ယ္ဝန္းတဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္း၊ ဧကေပါင္း ၁၈၀၀ ေက်ာ္က်ယ္မယ့္ ပုဏၰားကြၽန္းစက္မႈဇုန္ စီမံကိန္း၊ စစ္ေတြ - ပုဏၰားကြၽန္း အျမန္လမ္းစီမံကိန္းတို႔ ပါဝင္ပါတယ္။

ဒီစီမံကိန္းေတြအားလုံးကို ႏွစ္လမ္းတစ္ဆိပ္ကမ္းအထူးစီးပြားေရးဇုန္စီမံကိန္းလို႔အမည္ေပးထားၿပီးတ႐ုတ္ႏိုင္ငံမွာေဆာင္႐ြက္ထားတဲ့နည္းပညာစံႏႈန္းေတြအတိုင္းအေကာင္အ ထည္ေဖာ္မယ္လို႔ ဆိုပါတယ္။

ဒီစီမံကိန္းေတြအားလုံးအတြက္ တ႐ုတ္အစိုးရက အေမရိကန္ေဒၚလာ ဘီလီယံ ၁၀၀၀ ေက်ာ္နဲ႔ညီမွ်တဲ့ တ႐ုတ္ယြမ္ေငြ ဘီလီယံ ၇၀၀၀ နီးပါးခန႔္ရင္းႏွီးျမႇပ္ႏွံဖို႔ အဆင့္သင့္ရွိေန တယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြက ေျပာခဲ့ၾကပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔တိုးတက္ေရးကုမၸဏီလီမိတက္ကိုယ္စား တ႐ုတ္နည္းပညာရွင္ တစ္ဦးျဖစ္တဲ့ မစၥတာေ႐ႊဖားယုံက ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းနဲ႔ ပတ္သက္ လို႔ ရွင္းလင္းခဲ့တာပါ။

ကုမၸဏီရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ဦးစိုင္းဟံျမင့္က ရခိုင္ေဒသတိုးတက္ေရးအတြက္ ဒီစီမံကိန္းေတြကို ျဖစ္ေအာင္လုပ္ခ်င္တယ္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ရွင္းျပခဲ့ပါတယ္။

ကုမၸဏီရဲ႕ ဥကၠ႒ ဦးေက်ာ္သိန္းကလည္း အစိုးရဆီကခြင့္ျပဳတာနဲ႔ ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ တ႐ုတ္ကုမၼဏီေတြနဲ႔ စာခ်ဳပ္ေတြခ်ဳပ္ဆိုထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က လာမယ့္ ဇန္နဝါရီလ ၁၇ ရက္ေနာက္ဆုံးၿပီး တင္ဒါေလွ်ာက္လႊာေခၚထားပါတယ္။

ဒီစီမံကိန္အတြက္ ကုမၸဏီတစ္ခုကေလွ်ာက္ထားၿပီး အခုထြက္ေပၚလာတဲ့ ဖြံ႕ၿဖိဳးျမန္မာ စြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အစိုးရအေနနဲ႔ ခြင့္ျပဳမယ့္ကုမၸဏီကို စိစစ္ေ႐ြးခ်ယ္ၿပီး အစိုးရအဖြဲ႕ အစည္းအေဝးမွာ အတည္ျပဳၿပီးေနာက္ ျပည္ေထာင္စုအစိုးရထံ ဆက္လက္တင္ျပရမွာျဖစ္ပါ တယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔တိုးတက္ေရးကုမၸဏီလီမိတက္ကပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းအျပင္ အျခားစီမံကိန္းေတြကိုပါ အဆိုျပဳလာတဲ့ကိစၥနဲ႔ပတ္သက္လို႔ ရခိုင္ျပည္ နယ္ အစိုးရအဖြဲ႕ရဲ႕သေဘာထားကို RFA က ေမးျမန္းခဲ့ပါတယ္။

ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းကိုၿပီးခဲ့တဲ့သမၼတဦးသိန္းစိန္အစိုးရလက္ထက္ကပင္အေကာင္အထည္ေဖာ္ဖို႔ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္ရင္းႏွီးျမႇပ္ႏွံမယ့္ကုမၸဏီေတြ မရွိတာေၾကာင့္ အေကာင္အထည္မေဖာ္ႏိုင္ဘဲ ျဖစ္ေနတာပါ။

ကုမၸဏီတာဝန္ရွိသူေတြက ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ သီးသန႔္ေတြ႕ဆုံေဆြးေႏြးခဲ့ရာမွာ အစိုးရအဖြဲ႕ကလည္း အခုအဆိုျပဳတဲ့စီမံကိန္းေတြအတြက္ ႀကိဳဆိုခဲ့တယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြက ေျပာပါတယ္။
ဒီကုမၸဏီက ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ၊ ေမလတို႔မွာ ရခိုင္ျပည္နယ္အစိုးရနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ တိုးတက္ေရး ကုမၸဏီလီမိတက္လို႔ ျမန္မာလို အမည္ ေပးထားၿပီး အဂၤလိပ္လိုေတာ့ ေဆာက္လုပ္ေရးႏွင့္ သတၱဳတူးေဖာ္ထုတ္လုပ္ေရး လုပ္ကိုင္တဲ့ Phwint Phyo Myanmar Power Construction & Mining Company Limited လို႔ ေပးထားေၾကာင္း ကုမၸဏီရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ကုမၸဏီတာဝန္ရွိသူေတြ စာရင္းမွာေတာ့ ျမန္မာျပည္သားေတြရဲ႕ အမည္ေတြကိုပဲ ေတြ႕ရပါတယ္။

အဲဒီအင္တာနက္စာမ်က္ႏွာမွာပဲ“တ႐ုတ္ႏိုင္ငံ One Belt, One Road စီမံကိန္း၏အဓိကအစိတ္အပိုင္းျဖစ္ၿပီး တ႐ုတ္ျမန္မာစီးပြားေရး စၾကၤန္လုပ္ငန္းမ်ား ေဖာ္ေဆာင္ႏိုင္ေရး တြင္ အထူးပင္အေရးပါလွပါသည္။၎စီမံကိန္းသာအေကာင္အထည္ေဖာ္ႏိုင္ပါက ျမန္မာႏိုင္ငံ၏ စီပြားေရးတိုးတက္မႈအရွိန္ ျမႇင့္တင္ေပးၿပီး ျပည္သူ႔တို႔၏စားဝတ္ေနေရး ဖြံ႕ၿဖိဳး တိုးတက္ႏိုင္ မည္ျဖစ္သည္” လို႔ ေဖာ္ျပထားပါတယ္။

၈ ႏွစ္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္မယ့္ ဒီစီမံကိန္းက လူဦးေရ  ငါးသိန္းဝန္းက်င္ကို အလုပ္အကိုင္ ဖန္တီးေပးမယ္လို႔ ဆိုပါတယ္။

Unicode

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်တွေမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ အမြန်လမ်း၊ ရထားလမ်း စတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ချင် တယ်ဆိုပြီးတရုတ်ကျောထောက် နောက်ခံပြုထားတဲ့ ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီနေ့ အဆိုပြုလိုက် ပါတယ်။

နေပြည်တော်အခြေစိုက် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက် တာဝန်ရှိသူတွေက သူတို့ဆောင်ရွက်ချင်တဲ့ စီမံကိန်းတွေနဲ့ပတ်သက် လို့ ဝန်ကြီးချုပ် ဦးညီပုဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီနေ့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

နမ့်ခမ်း - မူဆယ်ကနေ မန္တလေး၊ နေပြည်တော်၊ ကျောက်ဖြူနဲ့ စစ်တွေ၊ အမ်း၊ ဂွ၊ သံတွဲအထိ အမြန်ရထားလမ်းနဲ့ အမြန်လမ်းမစီမံကိန်းတွေ၊ မီတာ ၂၃၀၀ ကျော်ရှည် လျားတဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းစီးမံကိန်း၊ဟက်တာ ၁၆၀၀ ကျော်ကျယ်ဝန်းတဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ဧကပေါင်း ၁၈၀၀ ကျော်ကျယ်မယ့် ပုဏ္ဏား ကျွန်းစက်မှုဇုန်စီမံကိန်း၊ စစ်တွေ - ပုဏ္ဏားကျွန်း အမြန်လမ်းစီမံကိန်းတို့ ပါဝင်ပါတယ်။

ဒီစီမံကိန်းတွေအားလုံးကို နှစ်လမ်းတစ်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းလို့ အမည်ပေးထားပြီး တရုတ်နိုင်ငံမှာ ဆောင်ရွက်ထားတဲ့ နည်းပညာစံနှုန်းတွေအတိုင်း အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းတွေအားလုံးအတွက်တရုတ်အစိုးရကအမေရိကန်ဒေါ်လာဘီလီယံ ၁၀၀၀ ကျော်နဲ့ညီမျှတဲ့တရုတ်ယွမ်ငွေဘီလီယံ ၇၀၀၀ နီးပါးခန့်ရင်းနှီးမြှပ်နှံဖို့ အဆင့်သင့် ရှိနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့တိုးတက်ရေးကုမ္ပဏီလီမိတက်ကိုယ်စားတရုတ်နည်းပညာရှင်တစ်ဦးဖြစ်တဲ့မစ္စတာရွှေဖားယုံက ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံ ကိန်းနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့တာပါ။

ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်ဦးစိုင်းဟံမြင့်က ရခိုင်ဒေသတိုးတက်ရေးအတွက် ဒီစီမံကိန်းတွေကို ဖြစ်အောင်လုပ်ချင်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရှင်းပြခဲ့ ပါတယ်။

ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးကျော်သိန်းကလည်း အစိုးရဆီကခွင့်ပြုတာနဲ့ ချက်ချင်းအကောင်အထည်ဖော်ဖို့ တရုတ်ကုမ္မဏီတွေနဲ့ စာချုပ်တွေချုပ်ဆိုထားပြီးဖြစ်တယ်လို့ ဆိုပါ တယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လာမယ့် ဇန်နဝါရီလ ၁၇ ရက်နောက်ဆုံးပြီး တင်ဒါလျှောက်လွှာခေါ် ထားပါတယ်။

ဒီစီမံကိန်အတွက်ကုမ္ပဏီတစ်ခုကလျှောက်ထားပြီး အခုထွက်ပေါ်လာတဲ့ ဖွံ့ဖြိုးမြန်မာ စွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ် ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ခွင့်ပြုမယ့်ကုမ္ပဏီကို စိစစ်ရွေးချယ်ပြီး အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုပြီးနောက် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြရမှာဖြစ် ပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းအပြင် အခြားစီမံကိန်းတွေကိုပါ အဆိုပြုလာတဲ့ကိစ္စနဲ့ပတ် သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့သဘောထားကို RFA က မေးမြန်းခဲ့ပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ရင်းနှီးမြှပ်နှံမယ့်ကုမ္ပ ဏီတွေ မရှိတာကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေတာပါ။

ကုမ္ပဏီတာဝန်ရှိသူတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အစိုးရအဖွဲ့ကလည်း အခုအဆိုပြုတဲ့စီမံကိန်းတွေအတွက် ကြိုဆိုခဲ့တယ် လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကုမ္ပဏီက ပြီးခဲ့တဲ့နှစ် ဧပြီလ၊ မေလတို့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအား ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက်လို့ မြန်မာလို အမည် ပေးထားပြီး အင်္ဂလိပ်လိုတော့ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော် ထုတ်လုပ်ရေး လုပ်ကိုင်တဲ့ Phwint Phyo Myanmar Power Construction & Mining Company Limited လို့ ပေးထားကြောင်း ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီတာဝန်ရှိသူတွေ စာရင်းမှာတော့ မြန်မာပြည်သားတွေရဲ့ အမည်တွေကိုပဲ တွေ့ရပါတယ်။

အဲဒီအင်တာနက်စာမျက်နှာမှာပဲ“တရုတ်နိုင်ငံ One Belt, One Road စီမံကိန်း၏အဓိကအစိတ်အပိုင်းဖြစ်ပြီးတရုတ်မြန်မာစီးပွားရေးစင်္ကြန်လုပ်ငန်းများ ဖော်ဆောင် နိုင်ရေးတွင် အထူးပင်အရေးပါလှပါသည်။ ၎င်းစီမံကိန်းသာ အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ စီပွားရေးတိုးတက်မှုအရှိန် မြှင့်တင်ပေးပြီး ပြည်သူ့တို့၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

၈ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မယ့် ဒီစီမံကိန်းက လူဦးရေ  ငါးသိန်းဝန်းကျင်ကို အလုပ်အကိုင် ဖန်တီးပေးမယ်လို့ ဆိုပါတယ်။

====================================

END / 251