တရုတ်ခရီးသွားများကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ဖြင့် ပြည်တွင်းသို့ ဝင် ရောက်ခွင့်ပြုမည်ဟူသော မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အပေါ်ဧည့်လမ်းညွှန်များအပါအဝင် ခရီး သွားကုမ္ပဏီအချို့က ကန့်ကွက် ခဲ့သည်။
စီစဉ်ထားသည့် ခရီးစဉ်များ ကို ဖျက်သိမ်းပါက နစ်နာကြေးပေး ဆောင်ရမည်ဖြစ်၍ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက် ဖြင့် လာရောက်လည်ပတ်ခွင့်ပြု သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းရှင်များအသင်းက အသင်း ဝင်ကုမ္ပဏီများသို့ အသိပေးခဲ့ သည်။
မန္တလေး ဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ‘‘ဖြစ်စေချင်တာ ဝန်ကြီးဌာနက ထုတ်လည်း မြန်မာနိုင်ငံသားတွေ အတွက် ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့ တဲ့ တရုတ်နိုင်ငံက ခရီးသွားတွေ ကို
ဝင်ခွင့်မပြုသင့်သေးဘူး ဆိုပြီး ထောက်ပြသင့်တယ်’’ဟု ပြော သည်။
တရုတ်ခရီးသွားများကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ဖြင့် ပြည်တွင်းသို့ ဝင် ရောက်ခွင့်ပြုမည်ဟူသော ထုတ်ပြန်ချက်အပေါ် မန္တလေးဧည့်လမ်း ညွှန်များအသင်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။
COVID-19 သည် ရောဂါ ကူးစက်ပြီး နှစ်ပတ်ကြာမှသာ ရောဂါလက္ခဏာ ပြသသည်ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသဖြင့် တရုတ်ခရီးသွားများ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက် ဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့်အစီအစဉ်ကို ကန့် ကွက်ကြခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ အသင်း ရဲ့ သဘောထားကြေညာချက် မဟုတ်ပါဘူး။ ညွှန်ကြားချက်အ တိုင်း ဆောင်ရွက်ရတာ ဖြစ်ပါ တယ်။ အသင်းက တင်ပြတောင်း ခံထားတာလည်း မဟုတ်ပါဘူး’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်း နောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံသည် တရုတ် ခရီးသွားများအတွက် ဆိုက် ရောက်ဗီဇာထုတ်ပေးခြင်းကိုသာ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး အွန်လိုင်းဗီဇာနှင့် သံရုံးသို့ တိုက်ရိုက် လျှောက်ထားသည့် ဗီဇာများကို ဝင်ရောက်ခွင့် ပြုထားဆဲဖြစ် သည်။
‘‘တရုတ်ခရီးသွားအဝင်က လုံးဝရပ်တန့်သွားတာမဟုတ်ဘူး။ လေကြောင်းလိုင်းတွေကလည်း ပျံနေပြီး အရေးကြီးလို့ ဝင်လာ တာတွေ ရှိနေတုန်းပဲ။ ထုတ်ပြန် ချက်က ဝင်လို့မရတာကို ဝင်လို့ ရအောင် လမ်းဖွင့်ပေးလိုက်တာ မဟုတ်ဘူး’’ဟု ဦးနောင်းနောင်း ဟန်က ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင် အောင်ထွန်းက ‘‘ပေးမဝင်ဖို့ မူဝါဒ ကရှိပြီးသားပါ။ ဒါကိုလည်း တင်း တင်းကျပ်ကျပ် ကိုင်တွယ်နေပါ တယ်။ ခရီးသွားကုမ္ပဏီတွေကြား ထဲမှာကို ကျန်းမာရေးအာမခံချက် ကို မရှင်းလင်းဘူးဖြစ်နေပါသေး တယ်။ မကြာခင် ထုတ်ပြန်ချက် အသစ်တစ်ခု ထွက်လာဖို့ရှိပါ တယ်’’ဟု ပြောသည်။
COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး ဆုံး ဖြတ်ချက်အရ တရုတ်ခရီးသွား များကို ကျန်းမာရေးကောင်းမွန် ကြောင်း အာမခံချက်ဖြင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
.....................................
END / 251