အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
SHITENEWS သတင်းဌာန ၏ သတင်း အသေးစိတ်အချက်အလက်များ အရ ပန်ဂျာဗ် ပြည်နယ် ဘူကာ ခရိုင်ရှိ ဒရ်ယာခန်း ဌာ န တွင် ဇွန်လ ၈ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၀ ခုနှစ် တွင် မောင်လာနာ ယာစေရ် နဂျဖ်ဖီ အနေဖြင့် မဂ်ျလစ်စေ အဇါတစ်ခု တွင် ဟဇရသ် ဖွာသွေမာ (سلام الله علیها ) ၏ မစာအေဗ် အား ဟောကြားခဲ့ပါတယ်။ ဟောကြား မှု တွင် မောင်လာနာ အနေဖြင့် ပထမ ခလီဖွာ နှင့် ဒုတိယ ခလီဖွာ ဘက်မှ ကိုယ်တော်မြတ် မိုဟမ္မဒ် (صلی الله علیه وآله وسلم ) ၏ သမီးတော် ဟဇရသ် ဖွာသွေမာ (سلام الله علیها ) အပေါ် ပြုခဲ့သည့် ရက်စက်မှုများ ကို လည်း ဟောကြားခဲ့ပါတယ်။
ဤ သခင်မကြီး ၏ မစာအေဗ် ကို အကြောင်းပြပြီး အစွန်းရောက် မော်လ၀ီ များ မှ လူထုအားဘာသာရေး လူမျိုးရေး အဓိကရုဏ်း မဖြစ်ဖြစ်အောင် လှုံ့ဆော်ခဲ့ကြပြီး သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်၍ အရေးယူ ပေးရန် အုပ်ချုပ်သူများ ကို တင်ပြခဲ့ကြပါတယ်။
ဤ အစွန်းရောက် မော်လဝီ များ ၏ ခြိမ်းခြောက် မှုများ ဖိအားပေးမှုများ ကြောင့် ပန်ဂျာဗ် ရဲတပ်ဖွဲ့မှ မောင်လာ နာ အား ဆွာဟာဗာများကို စော်ကား သည့် ပုဒ်မ ဖြင့် အမှုဖွင့် တိုင်ချက် ပြုမှုကို အကြောင်း ပြပြီးဖမ်းဆီးခဲ့ကြပါတယ်။
ရှိသမျှ မိုအ်မင် များ အားလုံး အနေဖြင့် ဘီဘီဖွာသွေမာ (سلام الله علیها ) ၏ မဇ်လူးမီယသ် နှင့် သခင်မကြီး၏ မတရား သိမ်းပိုက်ခြင်းခံခဲ့ရသည့် ဟက္က်များကို ပါကစ္စတန် တရားရုံး တွင် သက်သေ အထောက်အထား ခိုင်လုံ စွာဖြင့် တင်ပြ သက်သေထူနိုင်ရန် ဒိုအာပြုပေးကြပါရန် မေတ္တာရပ်ခံ ပါတယ်။ မောင်လာနာ အား သိက္ခာ ရှိစွာဖြင့် ပြန်လည် လွတ်ပေးလာရန်လည်း ဒိုအာပြုပေးကြရန် မေတ္တာ ရပ်ခံအပ်ပါတယ်။
ကိုယ်တော်မြတ်ကြီး မိုဟမ္မဒ် (صلی الله علیه وآله وسلم ) ၏ သာဝကတော်များ ကို ထိလျင် ဆွေ့ဆွေ့ခုန် ဆတ်ဆတ်တုန်ကြပြီး ကိုယ်တော်မြတ် မိုဟမ္မဒ် (صلی الله علیه وآله وسلم ) ၏ သမီးတော် ဘီဘီဖွာသွေမာ (سلاماللهعلیها) နှင့် ကိုယ်တော်မြတ် ၏ အဲဟ်လေ့ဘိုက် (علیهم السلام ) ကို ထိလျှင် စော်ကားလျှင် ဘာမှမဖြစ်တတ်သော် မွတ်စလင်မ်များ ၊မော်လဝီများကို အံ့သြမိပါတယ်။
#########################################
END / 251