အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အီရန်သက္ကရာဇ် ၁၃၉၉ ခုနှစ် တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ခုခံတော်လှန်ရေး ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ ၏ အထွေထွေ အတွင်းရေးမှူး ဌာန မှ ပြိုင်ပွဲ အား ကဏ္ဍ ၂ခုဖြစ် ကျင်းပမည်ဖြစ်ပါတယ်။
ပထမ ကဏ္ဍ အနေဖြင့် ကိုရိုနာ ရောဂါ ကူးစက်ပြန့်ပွား မှု ကို ခုခံကာကွယ်ပေးသည့် ကျန်းမာရေး လှုပ်ရှား သူများ အတွက် ဆုလာဒ် ချီးမြှင့် ရန် ဖြစ်ပါတယ်။ အမိမြေ (အီရန်) ကိုကာကွယ်ရေး ဆိုင်ရာ ပြိုင်ပွဲဝင် ရုပ်ရှင်များ၊ ပြည်နယ်အလိုက် အရွေး ခံ ဗစီးဂ်ျ (ပြည်သူ့ တပ်မတော်) များ ၏ ဆောင်ရွက်မှု ဆိုင်ရာ ရုပ်ရှင်များ ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက် ၂၀၂၀ ခုနှစ်မှ စက်တင်ဘာ ၂၇ ရက် ၂၀၂၀ ခုနှစ် အထိ ကျင်းပ မည် ဖြစ်ပါတယ်။
ဤကဏ္ဍ အတွက် ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် မိမိတို့ ၏ ရုပ်ရှင်များ ကို အောက်တိုဘာလ ၂၀ ရက် ၂၀၂၀ ခုနှစ် အထိ သက်ဆိုင်ရာ ဌာန သို့ ပေးပို့ နိုင်ပါတယ်။
ဒုတိယ ကဏ္ဍ အနေဖြင့် ဗစီးဂ်ျဂျီး ရက်သတ္တပတ် ဆိုင်ရာ ခေါင်းစဉ်များ အပြည်ပြည်ဆိုင်ရာ အဆင့် ၊ အထူး အစီအစဉ်အဖြင့် အေမာမ် ဟိုစိန် (အ.စ) ၏ ခုခံတော်လှန်ရေး ကိုဖော်ဆောင်နေသည့် နာမ်ပိုင်းဆိုင်ရာ ရုပ်ရှင်များ ၊ အစ္စလာမ်မစ်တော်လှန်ရေးဆိုင်ရာ ၊ အမိမြေ (အီရန်) ကို ကာကွယ်ရေး ဆိုင်ရာ ၊ အစ္စလာမ် နိုးကြားမှု ဆိုင်ရာ ဗစီးဂ်ျ (ပြည်သူ့ တပ်မတော်) များ ၏ ဆောင်ရွက်မှု ဆိုင်ရာ ရုပ်ရှင်များ ဖြစ်ပါတယ်။
ဤကဏ္ဍ အတွက် ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် မိမိတို့ ၏ ရုပ်ရှင်များ ကို စက်တင်ဘာလ ၂၆ ရက် ၂၀၂၀ ခုနှစ် အထိ သက်ဆိုင်ရာ ဌာန သို့ ပေးပို့ နိုင်ပါတယ်။
စိတ်ဝင်စားသူများ ၊ သတင်းအချက်အလက်များ ကို ပိုမိုသိရှိလိုသူများ ၊ ပြိုင်ပွဲဝင်ရန် အမည် စာရင်းပေးလိုသူများ သည် www.moqavematfilmfest.ir ဝက်ဘ်ဆိုက် သို့ သွားရောက် ကြည့်ရှု နိုင်ပါတယ်။
သတိပြုသင့်သည်မှာ - အပြည်ပြည်ဆိုင်ရာ ခုခံတော်လှန်ရေး ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ အား မကျင်းပမည်အလျင် ၊ အမိမြေ (အီရန်) အား ကာကွယ် ခုခံရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ အား ကျင်းပမည် ဖြစ်ပါတယ်။ အမိမြေ (အီရန်) အား ကာကွယ် ခုခံရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ သည် သက်တမ်း အရင့်ဆုံး အစ္စလာမ်မစ် တော်လှန်ရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ ဖြစ်ပြီး ၁၅ ကြိမ် ဆက်တိုင်းကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် ခုခံတော်လှန်ရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲ အား ၁၉၈၃ ခုနှစ်တွင် ကျင်းပခဲ့ပါတယ်။ ထိုအချိန် အီရတ် ခေါင်းဆောင်ဆဒန်မ် လက်မှ အမိမြေ (အီရန်) ကို ကာကွယ်ခုခံသည့် ရက်သတ္တပတ် အချိန် အခါ လည်း ဖြစ်ပါတယ်။ ဤ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲအား ၁၀ ကြိမ် မြောက် ကျင်းပ ပြီးနောက် ၁၁ ကြိမ် မြောက်အား အပြည်ပြည်ဆိုင်ရာ အဆင့် အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ သွားမည် ဖြစ်ပါတယ်။
*****************************************************************
END / 251