
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်န
“ဒေသခံတွေ စိုးရိမ်ခဲ့သလိုပဲ။ အခုတော့ တာပေါင်က ကျိုးကျသွားခဲ့ပြီ။ လက်ရှိမှာ တာရိုးကြီးကို ပြန်ပိတ်နိုင်လိုက်လို့ ဘေးဒုက္ခရောက်သူတွေ အဆင်ပြေသွားပြီမထင်နဲ့။ နေစရာတောင် လောက်ငအောင် မလုပ်နိုင်သေးဘူး။ တာရိုးကျိုးတာကို အောင်မြင်စွာပိတ်နိုင်တာကို လိုအပ်တာထက်ပိုပြီး လော်ကြ၊ ဖားကြလုပ်နေကြတာ။ သူတို့ကြောင့်ဖြစ်တာ။ သူတို့မပြင်ရင် ဘယ်သူပြင်မှာလဲ။ သူတို့အတွက် ဘယ်လိုပြန်ထူထောင်ပေးမှာလဲ။ ဘယ်သူတွေက တာဝန်ယူ တာဝန်ခံပေးကြမှာလဲ”
“ကျွန်တော်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေက အများကြီးပါ။ ဒါတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်တဲ့အချိန်မှာ အစိုးရက ဘာတွေ ကူညီထောက်ပံ့ပေးမှာလဲ။ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထူထောင် ရမှာလား။ ဒါတွေကို ကျွန်တော်တို့ သိချင်နေတယ်။ ကျွန်တော်တို့ သိချင်နေသလိုပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း သိစေချင်ပါတယ်”
အထက်ပါ စကားများဟာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲ ရေဆိုးထုတ်စက်ရုံစီမံကိန်းအနီး ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှုဖြစ်စဉ်ကြောင့် မြစ်ရေ ဝင်ရောက်နစ်မြုပ်ခဲ့ပြီး ရေဘေးဒုက္ခကြုံ တွေ့နေကြရတဲ့ ဒေသခံတွေက မေးခွန်းထုတ်ပြောဆိုထားတာ ဖြစ်ပါတယ်။
မန္တလေး- စစ်ကိုင်း ကမ်းနားကန်ပတ်လမ်း တာပေါင်ရိုး ကျိုးပေါက်မှုဖြစ်စဉ်ဟာ ဇူလိုင် ၁၉ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ တာရိုးကျိုးပေါက်မှုဖြစ်ပွားတဲ့နေရာဟာ ရွှေဂဲ ရေဆိုးထုတ်စက်ရုံ စီမံကိန်းဆောက်လုပ် ရေးလုပ်ငန်းနဲ့ ကပ်လျက်ဖြစ်ပြီး ရေစိမ့်ဝင်မှု စတင်ဖြစ်ပေါ်မှုကို အချိန်မီသိရှိခဲ့ပေမဲ့ မတားဆီးနိုင်ခဲ့ဘဲ လုံးဝ ကျိုးပေါက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ကျိုးပေါက်သွားချိန် မှာ ရေဆိုးထုတ်စက်ရုံစီမံကိန်းနဲ့ပတ်သက်တဲ့ အားနည်းချက်၊ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့သလို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းပေါင်းစုံရဲ့ ဆောင်ရွက်မှုတွေအပေါ် ချီးကျူးထောမနာ အသိအမှတ်ပြုမှုတွေလည်း ရှိခဲ့ပါတယ် ။
တာရိုးကျိုးပေါက်မှုမဖြစ်မီ တာပေါင်အောက်ခြေက ရေပေါက်ကျနေမှုတွေကို သက်ဆိုင်ရာက စက်ယန္တရားတွေ အသုံးပြုပြီး ကာကွယ်ဖို့ ကြိုးစားထိန်းသိမ်းခဲ့ပေမဲ့ ရေစိမ့်ဝင်မှုအားများတာကြောင့် ထိန်းသိမ်းနိုင် ခြင်းမရှိတော့ဘဲ ဇူလိုင် ၂၀ ရက် နံနက် ၂ နာရီကျော်မှာ တာရိုးဟာ ထက်ပိုင်းပြတ် လုံးဝ ကျိုးပေါက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို တာရိုးကျိုးပေါက်မှု နောက်ဆက်တွဲအနေနဲ့ လူနေရပ်ကွက်နဲ့ ကျေးရွာတွေ အတွင်းမှာ ဧရာဝတီမြစ်ရေတွေ ဒလဟော ဝင်ရောက်ခဲ့လို့ လက်ရှိမှာ လူဦးရေ ၁၅၀၀၀ ခန့် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး အိမ်ခြေ ပေါင်း ၃၀၀၀ ဝန်းကျင် ရေနစ်မြုပ်ခဲ့ရပါ တယ်။ ဒီလို ရုတ်တရက် ရေဘေးဒုက္ခကြုံ တွေ့ရသူတွေဟာ သက်ဆိုင်ရာက စီစဉ်ပေးထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု မှာ ပြောင်းရွှခေို့လှုံနေကြရပြီး အချို့သော ရေဘေးဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ နိုင်ခြင်းမရှိဘဲ မီးရထားသံလမ်းနံဘေးမှာ ဖြစ်သလို ယာယီတဲထိုး နေထိုင်နေကြရပါ တယ်။
ဒီကျိုးပေါက်မှုဖြစ်စဉ်ကို ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းမှာတော့ ရေဆက်လက် ဝင် ရောက်မှုမရှိအောင် ကျောက်ခဲကြီးများချ ကာ စတင်ပိတ်ဆို့ခဲ့ကြပြီး ည ၇ နာရီခွဲမှာ တော့ တာရိုးကျိုးတာကို တားဆီးပိတ်ဆို့နိုင်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ တာရိုးကို ခိုင်ခံ့အောင် ထပ်မံပြီး Sheep pile ရိုက်ခြင်း၊ သဲအိတ်ဖို့ခြင်း၊ လမ်းပိုင်းဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ ရွှေဂဲ ရေဆိုးထုတ်စက်ရုံစီမံ ကိန်းအနီး ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ အမြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သုံးသပ်ဝေဖန်တာတွေလည်း ထွက်ပေါ် လျက်ရှိနေပါတယ်။ တာရိုးကျိုးပေါက်မှုဖြစ်စဉ်ဟာ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး တာပေါင်ကျိုးကျခဲ့တာကြောင့် မြစ်ရေဝင် ရောက်နစ်မြုပ်တဲ့ သဘာဝဘေးဆိုပြီး ပြောဆိုမှုအချို့ရှိခဲ့သလို ဒေသခံများကတော့ ရေဆိုးထုတ်စက်ရုံစီမံကိန်းအတွင်း ပိုက်လိုင်းချရာမှာ ဂလိုင်ပေါက်ဖြစ်ကာ ရေစိမ့် ကျမှုဖြစ်ပွားရာကတစ်ဆင့် တာရိုးကျိုးပေါက် ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်စတင် ဖြစ်ပွားမှုအကြောင်းကို ဇူလိုင် ၂၀ ရက်က အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ ကြေးနန်းမှာဖော်ပြထားချက်အချို့ကို တင်ပြပေးလိုပါတယ်။
“အမရပူရမြို့နယ် ငယ်တိုးကျေးရွာ အုပ်စု၊ ရွှေခဲရပ် ဒေါ်အေးကြင် ထမင်းဆိုင်အ နီး ဧရာဝတီမြစ်ကမ်းနားလမ်းတွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူတည်ဆောက်နေသော ရွှေဂဲ ရေဆိုးထုတ်စက်ရုံတွင် ဧရာဝတီမြစ်ဘက် ခြမ်းသို့ ပို့လွှတ်မည့် Diameter 100 nm ရှိ Mild Steel Pipe ပိုက်လိုင်းလေးလုံးကို ကမ်းနားလမ်းအောက်မှ ဆက်သွယ်ချထား ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဧရာဝတီမြစ်ကမ်း ရေထိန်းတံတားအောက်တွင် တာရိုးပေါက်ထွက်မှုဖြစ်ကြောင်း ဇူလိုင် ၁၉ ရက် ည ၈ နာရီခွဲအချိန်တွင် သတင်းရရှိ သဖြင့် အမရပူရမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ ထွက်ခွာခဲ့ကြပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သားများ ပူးပေါင်း၍ စက်ယန္တရားများအသုံးပြုကာ ဆောင်ရွက်နေခဲ့ သော်လည်း ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ မြေ ဂလိုင်မှာ ငါးပေခန့်အထိ ထပ်မံပြိုကျခဲ့ ကြောင်း၊ ည ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်ပေါင်း ၁၇၀၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်သူ/သားများ စသည့်အဖွဲ့အစည်းပေါင်းစုံတို့ဖြင့်ပူးပေါင်းပြီး ကျန်တန်းရပ်ကွက်၊ မှန်တန်းရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် ယဉ်တော်ကျေးရွာများသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း၊ တာရိုးမှာလည်း ၁၅ ပေခန့် အကျယ်အထိ ပေါက်ထွက်နေခဲ့ပြီဖြစ်ကြောင်း”လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး “ဇူလိုင် ၁၉ ရက်ည ၁၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မီး သတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၄၀ တို့ကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန် စွာဆောင်ရွက်နိုင်ရန်အတွက် နေရာငါးနေရာသို့ဖြန့်ခွဲ၍ ရေဝင်ရောက်နိုင်သည့် နေရာ များတွင် ရေကင်းများချထားပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေစဉ် တာရိုးမှာ ဇူလိုင် ၂၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် လုံးဝ ကျိုးပေါက် သွားခဲ့ပြီးနောက် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများအဆက်မပြတ်စီးဆင်းခဲ့ရာ နံနက် ၉ နာရီအချိန်တွင် ကျန်တန်းရပ်ကွက်၊ မှန် တန်းရပ်ကွက်၊ ယဉ်တော်ကျေးရွာ အစရှိ သည့် မြေနိမ့်ပိုင်းနေရာများသို့ ငါးပေခန့် ရေများရောက်ရှိလာခဲ့ကြောင်း၊ ရေဘေးသင့် ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း”လို့ အမရပူရမီးသတ်ဦးစီးဌာနရဲ့ ဖြစ်စဉ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အမရပူရမီးသတ်ဦးစီးဌာနရဲ့ ဖြစ်စဉ် မှတ်တမ်းမှာဖော်ပြထားတာက ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှုဖြစ်စဉ်ဟာ ရွှေဂဲရေဆိုး ထုတ်စက်ရုံစီမံကိန်းက ဧရာဝတီမြစ်ဘက်ခြမ်း သို့ ပို့လွှတ်မယ့် Diameter 1000 nm ရှိ Mild Steel Pipe ပိုက်လိုင်းလေးလုံးကို ကမ်းနားလမ်းအောက်မှ ဆက်သွယ်ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဧရာ ဝတီမြစ်ကမ်း ရေထိန်းတံတားအောက် တာရိုးပေါက်ထွက်မှုဖြစ်ပွားခဲ့ပြီးနောက် တာရိုး ကျိုးပေါက်မှုအခြေအနေတွေကို ထိန်းချုပ်နိုင်မှုမရှိတော့တာကြောင့် တာရိုးကျိုးကျခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တာရိုးကျိုးပေါက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဂဲရေဆိုးထုတ်စက်ရုံစီမံ ကိန်းကို တင်ဒါစနစ်နဲ့ တာဝန်ယူတည် ဆောက်လျက်ရှိတဲ့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီကလည်း သူတို့မှာ တာဝန်ရှိပါတယ် လို့ ဝန်ခံထားပြီးဖြစ်ပါတယ်။
ဒါကြောင့် တာရိုးကျိုးပေါက်မှုဖြစ်စဉ်ဟာ မြစ်ရေလျှံတက်ပြီး တာရိုးကျိုးခဲ့တာ လား။ စက်ရုံစီမံကိန်းကြောင့် တာရိုးကျိုး ပေါက်သွားတာလားဆိုတာ သုံးသပ်နိုင်ပြီ ဖြစ်ပါတယ်။ သာမန်မြစ်ရေကြီးပြီး တာရိုးကျိုးလို့ သဘာဝဘေးဖြစ်တာလား။ လူကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးလား ဆိုဆာ ရှင်းလင်းသွားပြီဖြစ်ပါတယ်။ ဒါ့ အပြင် ဧရာဝတီမြစ်တာရိုးကျိုးချိန်မှာ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေခြင်း မရှိသေးပါဘူး။
ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ထပ်မြစ်ရေဝင်ရောက်မှုမရှိစေရန် သံတိုင် (Sheet Pile) များ စိုက်ထူလုပ်ဆောင်နေစဉ်
************************************
END / 251