အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဘေးဒုက္ခကြုံတွေခဲ့ရသည့် လက်ဘနွန်နိုင်ငံအတွက် ဒေါ်လာ သန်း ၂၉၀ ကျော် ကူညီမည်ဟု သြဂုတ် ၉ ရက်တွင် ပြင်သစ်နိုင်ငံက ဦးစီးခဲ့သည့်ဆွေးနွေးပွဲ၌ ကမ္ဘာ့ခေါင်းဆောင်များက ကတိပြုခဲ့ပြီး အရေးပေါ်အကူ အညီကို ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် အခြေအနေပျက်ပြားခဲ့သည့် ဒေသခံများဆီသို့ တိုက်ရိုက်ပေးပို့သွားမည်ဟု ပြော ကြားခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ကုလသမဂ္ဂက ဦးစီးခဲ့သည့် အွန်လိုင်းဆွေး နွေးပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပါအဝင် နိုင်ငံ ၁၅ နိုင်ငံမှ အစိုးရခေါင်း ဆောင်များက လက်ဘနွန်လူထုနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပြီး လာမည့်ရက်များနှင့် သီတင်းပတ်များတွင် အရေးပါသည့် အရင်းအမြစ်များကို စုစည်း ပေးမည်ဟု ကတိပေးခဲ့သည်။
ဥရောပသမဂ္ဂနှင့် အာရပ်တို့အပြင် နိုင်ငံ ၃၀ ခန့်မှ ကိုယ်စားလှယ်များပါဝင်ခဲ့ သည့် ဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေညာ ချက်တစ်ခုကို ထုတ်ပြန်ခဲ့သော်လည်း တစ်ကမ္ဘာလုံးကူညီမည့်ပမာဏကို မဖော်ပြခဲ့ပေ။ ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂကူညီထောက် ပံ့မှုညှိနှိုင်းဆောင်ရွက်သူ Mark Lowcock ၊ ကမ္ဘာ့ဘဏ်၊ကြက်ခြေနီအဖွဲ့၊ IMF ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ပြန်လည်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဥရောပဘဏ် တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။
မက်ခရွန်၏ရုံးကမူ ပြင်သစ်မှ ကူညီမည့် ဒေါ်လာ ၃၅ သန်းကျော်အပါအဝင် အရေးပေါ်အကူအညီအတွက် စုစုပေါင်း ခန့်မှန်းငွေ (သို့မဟုတ်) သို့မဟုတ် မြန်မြန်ဆန်ဆန်စု စည်းနိုင်သည့် ပမာဏသည် ဒေါ်လာ ၂၉၈ သန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ဘေရွတ်ဆိပ်ကမ်းတွင် အများအပြား သိုလှောင်ထားသည့် အမိုနီယံနိုက်ထရိတ် ဓာတုပစ္စည်းများ သြဂုတ် ၆ ရက်တွင် မီး လောင်ပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် သေဆုံးပြီး ၆ç၀၀၀ ကျော် ထိခိုက်ဒဏ်ရာရကာ လူ ၃၀၀ç၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ မက်ခရွန်သည် ယင်းပေါက်ကွဲမှုအပြီးတွင် ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် လက်ဘနွန် သို့ သွားရောက်ခဲ့သည့် ပထမဆုံး ကမ္ဘာ့ခေါင်း ဆောင်ဖြစ်သည်။
ဂျာမနီမှ ကူညီမည့် ဒေါ်လာ ၂၃ သန်း ကျော်အပါအဝင် အရေးပေါ်အကူအညီအ တွက် ဒေါ်လာသန်း ၂၃၀ ကျော် ကောက်ခံ ရရှိခဲ့သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဇီင်္ ရုပ်သံသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ဘနွန်အစိုးရ၏ခြစား မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မီး မောင်းထိုးပြခဲ့သည်။
“ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေက လက် ဘနွန်လူထုရဲ့ လိုအပ်ချက်တွေ ပြည့်စုံပြီး ကူ ညီထောက်ပံ့မှုတွေ အချိန်မီရောက်ဖို့ သဘော တူခဲ့ကြတယ်။ အကူအညီတွေကို ကုလသမဂ္ဂ ခေါင်းဆောင်အောက်ကနေ ချိတ်ဆက်ပြီး အချိန်တိုတိုနဲ့ ပွင့်လင်းမြင်သာမှုရှိမှုတို့နဲ့ အတူ လက်ဘနွန်ပြည်သူတွေဆီကို တိုက် ရိုက်ပေးပို့သွားမှာပါ” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သြဂုတ် ၉ ရက်က ပြုလုပ်ခဲ့သည့် ဆွေး နွေးပွဲတွင် အမေရိကန်က ဒေါ်လာ ၁၅ သန်း အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။ လက် ဘနွန်နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး ပြန် လည်ကောင်းမွန်ရန်အတွက် ရေရှည်ကူညီ ထောက်ပံ့မှုလမ်းပွင့်စေရန် လက်ဘနွန် အာ ဏာပိုင်များက စီမံချက်များနှင့် ပြုပြင်ပြောင်း လဲမှုများအချိန်မီလုပ်ဆောင်ရန် အလှူရှင် နိုင်ငံများက တိုက်တွန်းခဲ့သည်။
သြဂုတ် ၆ ရက် ပေါက်ကွဲမှုအတွက် သမာသမတ်ကျပြီးစိတ်ချရသော အမှီအခို ကင်းသည့် စုံစမ်းစစ်ဆေးမှုအတွက် လက်ဘနွန်၏တောင်းဆိုချက်အပေါ် မူတည်ပြီး အကူအညီချက်ချင်းပေးမည်ဟုလည်း ၎င်းတို့ က ပြောကြားခဲ့သည်။
လက်ဘနွန်တွင် ကျန်းမာရေးဝန် ဆောင်မှုများ၊ အရေးပေါ်နေထိုင်စရာနေရာ များ၊ အစားအစာပေးဝေခြင်းနှင့် COVID-19 ထိန်းချုပ်ရေးအစီအစဉ်များအတွက် လာမည့် သုံးလကျော်အတွင်း အရေးပေါ်တုံ့ပြန်မှုဆိုင် ရာအကူအညီ ဒေါ်လာ ၁၁၇ သန်းခန့် လို အပ်မည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှုအတွက် အစိုးရ၏ ပေါ့ဆမှုကို လက်ဘနွန်လူထုက အပြစ်တင်ခဲ့ပြီး အစိုး ရဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြုလုပ်ကာ ဝန်ကြီးဌာနများကို ဝင်ရောက်စီးနင်းခဲ့ သည်။ပါလီမန်သို့ဦးတည်သည့် လမ်းတစ်ခုအနီး တွင် ကျောက်ခဲများပစ်ပေါက်ပြီး ဗျောက်အိုး များဖောက်နေသည့် ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သြဂုတ် ၉ တွင် ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ် ပွားခဲ့သည်။ဘေရွတ်ပေါက် ကွဲမှုအပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် တရားရေး ဝန်ကြီးတို့က ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။
*************************************
END /251