အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်သတင်းဌာန၏ သတင်း အထောက်အထားများ အရ အီရတ် နိုင်ငံ ရှိ ရှီအာမွတ်စလင်မ်များ ၏ဘာသာရေး မြို့တော် နဂျဖ်ဖေအရှ်ရဖ် တွင် ကမ္ဘာ့ ကက်သလစ် ခရစ်ယာန်များ၏ ခေါင်းဆောင်ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် ကမ္ဘာ့ ရှီအာ မွတ်စလင်မ် များ၏ အကျော်အမော် အာလင်မ်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ တို့ တွေ့ဆုံ ၍ အရေးကြီး စကား များ ဆိုခဲ့ ကြပါတယ်။
ခရစ်ယာန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ၏ အီရတ် နိုင်ငံ ဆိုင်ရာ ပထမဦးဆုံး ခရီး စဉ် ဖြစ်ပါတယ်။
ကက်သလစ် ခရစ်ယာန်များ၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ နှင့် မတွေ့ ဆုံ ခင် အီရတ် နိုင်ငံ ဝန်ကြီး ချုပ် မွတ်စ်သဖွာ အလ်ကာစင်မီ ပြီးနောက် အီရတ် နိုင်ငံ သမ္မတ ဗရ်ဟမ်ဆွာလေဟ် နှင့် တွေ့ဆုံ ခဲ့ပါတယ်။
ကက်သလစ် ခရစ်ယာန်များ၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် နှင့် အာယာ သွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ တို့ ၏ တွေ့ဆုံ ဆွေးနွေးမှု သည် တစ်နာ ရီ ကြာ တံခါး ပိတ် ဆွေးနွေးခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် အီရတ် ပြည်သူ့ တပ်မတော် ၏ တပ်မှူး အား လက်ဆောင် ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ပုပ်ရဟန်း မင်းကြီး အနေဖြင့် အီရတ် ပြည်သူ့ တပ်မတော် ၏ ခရစ်ယာန် တပ်မှူး ကိုလည်း မိမိ ၏ စိတပုတီး လက်ဆောင် ပေးခဲ့ပါတယ်။
သတင်း အထောက်အထားများ အရ အီရတ် ပြည်သူ့ တပ်မတော် သည် လူနည်းစု ဖြစ်သည့် အီရတ် နိုင်ငံ သား လူနည်း စု ခရစ်ယာန် ဘာသာဝင်များ ကို အကြမ်းဖက် အဖွဲ့ ကြီး ISIS ၏ရန်မှ ကာကွယ်ရာတွင် အဓိက နေရာ မှ ပါဝင်ကြေင်း သိရှိရပါတယ်။
#####################################################
END / 251