၈ ဧပြီ ၂၀၂၁ - ၁၉:၂၉
မင်းဘူး မန်းရေနံ မြေတွင် မီးလောင်၊ ကျပ်သိန်း ၁၇၀ ဖိုးခန့် ဆုံးရှုံး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက မန်းရေနံမြေ သန်ကန်တန်း(၁)မှာ ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ကျပ်ငွေ သိန်း ၁၇၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက မန်းရေနံမြေ သန်ကန်တန်း(၁)မှာ ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ကျပ်ငွေ သိန်း ၁၇၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့  ဒေသခံတွေဆီကနေသိရပါတယ်။

ဧပြီ ၇ ရက် ည ၈ နာရီကျော်ကနေ ၉ နာရီကျော်လောင်ထိ အချိန်တစ်နာရီခန့်ကြာ လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့ အဲဒီမီးလောင်ကျွမ်းတဲ့နေရာကို မီးသတ်ကား ၇ စီး၊ ရဲကား ၄ စီး ၊ အချုပ်ကား ၁ စီးနဲ့ စစ်ကား ၃ စီးလောက် ဖြတ်သွားတာတွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သန်ကန်တန်း(၁)မှာရှိတဲ့ အမှိုက်ကန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီးတော့ မီးလောင်တဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက မန်းရေနံမြေ လုံခြုံရေးဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။

******************************************
END / 251