အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဟဂ်ျနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။
ယခုနှစ် ဟဂ်ျဘုရားဖူးကာလဟာ လာမယ့် ဇူလိုင်လမှာ ကျရောက်မှာပါ။ ပုံမှန်အားဖြင့် ဒီကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် သန်းနဲ့ချီ လာရောက်ဟဂ်ျပြုကျပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဟဂ်ျကာလမှာ နိုင်ငံအတွင်းက လူတစ်ထောင်ကိုသာ ဆော်ဒီက ဟဂ်ျပြုခွင့် ပေးခဲ့ပါတယ်။
အခုနှစ် ဟဂ်ျကာလမှာလည်း ဆော်ဒီအစိုးရဟာ လူအများအပြားကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေတာပါ။
ဆော်ဒီ ခေတ္တ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ မဂျစ် အလ်-ကာဆာဘီက အစိုးရအာဏာပိုင်တွေဟာ ကိုဗစ်ကပ်ရောဂါ နောက်ဆုံးအခြေအနေတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက ရက်ပိုင်းအတွင်း ဟဂ်ျကိစ္စကို ထုတ်ပြန်ပေးမလိမ့်မယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြေားခဲ့ပါတယ်။
ပုံပြောင်းကိုဗစ် ပြန့်နှံမှုကို သေသေချာချာ တွက်ချက်ဖို့ အရေးကြီးတယ်လို့လည်း အလ်-ကာဆာဘီက ပြောပါတယ်။
“ဟဂ်ျကာလဟာ နိုင်ငံအတွင်းနဲ့ မွတ်စလင်ကမ္ဘာမှာ ကိုဗစ်ပြန့်နှံ့မယ့် အဓိကအကြောင်းတရား ဖြစ်လာတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး”
ဆော်ဒီဟာ အွမ္မရာဟ်ဘုရားဖူးအစီအစဉ်ကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြန်ဖွင့်ပေးခဲ့ပြီး လူအကန့်အသတ်၊ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုတာ ဖြစ်ပါတယ်။
*****************************************************************
END / 251
၈ ဇွန် ၂၀၂၁ - ၁၅:၀၂
News ID: 1148716
ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဟဂ်ျနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။