၁၆ ဇွန် ၂၀၂၁ - ၁၁:၄၆
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ အား နိုင်ငံခြား သတင်းထောက် ၅၀၀ အစီရင်ခံ တင်ပြကြမည်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ယဉ်ကျေးမှု နှင့် အစ္စလာမ်မီ စာပေစိစစ်ရေး ဝန်ကြီးဌာန ၏ လက်ထောက် ပြန်ကြားရေး မှူး မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ အား နိုင်ငံတကာ ၏ ဌာနပေါင်း ၂၂၆ခုမှ သတင်းထောက်ပေါင်း ၅၀၀ နေရာယူ အစီရင်ခံ တင်ပြမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မဲဟ်ရ် သတင်းဌာန၏ သတင်းအထောက် များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ယဉ်ကျေးမှု နှင့် အစ္စလာမ်မီ စာပေစိစစ်ရေး ဝန်ကြီးဌာန ၏ လက်ထောက် ပြန်ကြားရေး မှူး မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ အား နိုင်ငံ တကာ ၏  ဌာနပေါင်း ၂၂၆ခုမှ သတင်းထောက်ပေါင်း ၅၀၀ နေရာယူ အစီရင်ခံ တင်ပြမည်ဟု ပြောကြားခဲ့ပါတယ်။

 

၎င်းမှဆက်လက် ပြောကြားသည်မှာ အချို့ သတင်းထောက်များ တီဟီရန် မြို့ ကို ရောက်ရျိနေပြီး ဖြစ်ကြောင်း အချိုက သတင်းထောက်များ အတွက် ဗီဇာ ထုတ်ပေးပြီး ဖြစ်ကြောင်း ပြောကြားပါတယ်။

 

လက်ထောက် ပြန်ကြားရေး မှူး မိုဟမ္မဒ် ခိုဒါဒါဒီ မှ ဆက်လက်ပြောကြားသည်မှာ - သတင်း ထောက်များ မှ နိုင်ငံပေါင်း ၃၉ နိုင်ငံ မှ ဖြစ်ကြောင်း ၊ သတင်းထောက်များ ကို ကိုရိုနာ ရောဂါ မရှိကြောင်း စိစစ်ပြီး မှသာ အီရန် အတွင်း ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း လတ်တလော သတင်းထောက် ၃၃၆ ဦးတီဟီရန် တွင် ရှိနေပြီး ဖြစ်ကြောင်း ၊ ကျန် ၁၆၀ ဦး အတွက် ဗီဇာ ထုတ်ပေးထား ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မိုဟမ္မဒ် ခိုဒါဒါဒီ မှ ဆက်လက်ပြောကြားသည်မှာ - အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ ကို တင်ပြကြမည့် သတင်းထောက်များ မှာ အမေရိကန် ၊ အင်္ဂလန် ၊ အီတလီ ၊ ဘာရိန်း ၊ ဘယ်လ်ဂျီယံ ၊ တူရကီ ၊နော်ဝေး ၊ ဆွစ်ဇာလန် ၊ ပြင်သစ် ၊ ဆွီဒင် ၊ ဒိန်းမတ် ၊ တရုတ် ၊ ကနေဒါ ၊ ကိုလံဘီယာ ၊ ကူဝိတ် ၊ လက်ဘနွန် ၊ ပါကစ္စတန် ၊ နိုဂျီးရီးယား ၊ အဇာဘိုင်ဂျန် ၊ အာဖဂန် နိစ္စတန် ၊ အာမေးနီးယား ၊ ကာဂျစ္စတန် ၊ အီရတ် ၊ အိုမန် ၊ ယူအေအီ ၊ ပါလက်စတိုင်း ၊ဆီးရီးယား နှင့် တခြား နိုင်ငံများ ဖြစ်ပါတယ်။ သတင်းထောက်များ အထူး အထူး ကတ်ပြားကို လည်း ထုတ်ပေမည်ဖြစ်ကြောင်း ၎င်း မှ ပြောကြားခဲ့ပါတယ်။

 

*****************************************************************

END / 251