၂၂ ဇွန် ၂၀၂၁ - ၁၆:၁၁
အီရတ် နိုင်ငံ ရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် ၏ ကိုယ်စားလှယ် တော် မှ အီရန် ပြည်သူ့ လူထုအား ဂုဏ်ပြု ချီးမွမ်း

အီရတ်နိုင်ငံ ရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် ၏ ကိုယ်စားလှယ် တော် ဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် ဆရက်ဒ် မိုဂ်ျသဗာ ဟိုစိန်နီ မှ သဝဏ်လွှာ တစ်စောင်ပေးပို့ ရင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ရွေးကောက်ပွဲ တွင် ပြည်သူ့ လူထု ၏ အမြောက်အများ တက်ရောက် နေရာယူပြီး မဲ ပေးခြင်း သည် အစ္စလာမ် သာသနာ ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် နှင့် မိမိတို့၏ မြင့်မြတ် သည့် ဇာတိ မြေ ကို ချစ်မြတ်နိုး ပြီး သစ္စာ ရှိသည့် အတွက်ကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟောင်ဇေနယူးစ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရတ်နိုင်ငံ ရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် ၏ ကိုယ်စားလှယ် တော် ဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် ဆရက်ဒ် မိုဂ်ျသဗာ ဟိုစိန်နီ မှ သဝဏ်လွှာ တစ်ခု တွင် သမ္မတရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် အီရန် ပြည်သူ့ လူထု အား ဂုဏ်ပြု ချီးမွမ်း ခဲ့ပါတယ်။

 

သဝဏ်လွှာ အပြည့်အစုံ မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

بسم الله الرحمن الرحیم

قال الله تعالى:"كتب الله لاغلبن انا ورسلى إن الله قوى عزيز."

 

အီရန်အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏ သစ္စာ ရှိ ပြီး အရှက်တရားနှင့် ရဲရဲတောက် ပြည်သူ့လူထု အနေဖြင့် နောက်တဖန် သမ္မတသစ်ရွေးကောက်ပွဲ တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာဝင်ယူ ၍ သမိုင်းတွင် စေခဲ့ပြီးအစ္စလာမ် သာသနာ ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် နှင့် မိမိတို့၏ မြင့်မြတ် သည့် ဇာတိ မြေ ကို ချစ်မြတ်နိုး ပြီး သစ္စာ ရှိကြောင်းသက်သေထူပြခဲ့ပါတယ်။

 

အီရန်အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏ သစ္စာ ရှိ ပြီး အရှက်တရားနှင့် ရဲရဲတောက် ပြည်သူ့လူထု အနေဖြင့် နောက်တဖန် သမ္မတသစ်ရွေးကောက်ပွဲ တွင် အခုလို ထိလွယ် ရှလွယ်နေသည့် အချိန် ၊ အလ္လာဟ်ဟို အရှင်မြတ် ၏ ဥပဒေများ ၏ ရန်သူများသည် မိမိတို့၏ ရှိသမျှ ရှိုင်တွန် (မာရ်နတ်) အင်အား ကို အသုံးပြုနေချိန် ၊ အီရန်ပြည်သူ့ လူထု အနေဖြင့် စီးပွားရေး ၊ စားဝတ်နေရေး နှင့် နိုင်ငံရေး အကြပ် အတည်း တွေ့နေရ၍ စိတ်ကုန်နေသည့် အချိန် တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာဝင် ယူ ၍ အောင်မြင် ခဲ့ပါတယ်။

ဤအတွက်ကြောင့် ရန်သူများ အနေဖြင့် သမ္မတသစ်ရွေးကောက်ပွဲ ကို ထိထိမိမိ အပြည့်အဝ ကိုင်တွယ် နိုင်ရန် အေမာမ် ခိုမေနီ (ရ.ဟ) တော်လှန်ခဲ့သည့် အစ္စလာမ်မစ်တော်လှန်ရေးကိုထိန်းသိမ်း စောင့်ရှောက်ရန် အလ္လာဟ် နှင့် ကတိ ကဝတ်ပြုထား ပြီး သစ္စာ ရှိ   နိုးထနေသည့် ပြည်သူ့လူထု အား   အစ္စလာမ်မီတော်လှန် ရေး ၏ မြင့်မားသည့် ရည်ရွယ်ချက် နှင့် သူကျွန်မခံ လိုစိတ် ၊ လွတ်လပ် ရေးစိတ် နှင့် အစ္စလာမ်မစ် ပြည်သူ့ များ ၏ ကြီးမားသည့် ညာသံ တို့နှင့် လွဲချော်   သွား အောင် ကြိုးပမ်း ခဲ့ကြပါတယ်။

သံသယ မရှိ ယနေ့ လက်ရှိ ခေတ်ကာလ တွင် အီရန် အစ္စလာမ်မစ်ပြည်သူ့ လမ်းစဉ် သည် မိမိကိုယ့်ကို အားကိုး ပြီး တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးတိုးတက် စည်ပင်ဝပြော အောင် နှင့် အခြေ အနေကောင်း လာအောင် ကြိုးပမ်းနေသည့် တစ်ခုတည်းသော လမ်းစဉ် ဖြစ်ပါ တယ်။

မည်သည့် အင်အား နှင့် အာဏာ ရှင် ရှေ့ ဒူးမထောက်သည့် လမ်းစဉ် ဖြစ်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတော် နှင့် ချီးမြှင့် ပေးသနား မှု ဖြင့် ယနေ့ အစ္စလာမ်မစ်တော်လှန်ရေး၏ အောင်မြင်ခံတာ ၄၂နှစ် ရှိသွား ဖြစ်ပါတယ်။ ဤအတွက် ပြည်သူ့ လူထု အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်အား ကျေးဇူးတင်ရှိရပါမည်။

 

ကျနော် အနေဖြင့် ဤ ကြီးကျယ်မြင့်မြတ်သည့် အောင်ပွဲ အတွက် အေမာမ်ဇမာန်း (အ.ဂျ) နှင့် သခင်ကြီး ၏ စစ်မှန်သည့်ကိုယ်စားလှယ်တော် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အေမာမ်ခါမေနာအီ နှင့် ကမ္ဘာ့ပေါ်ရှိ လွတ်လပ်ရေး ကိုမြတ်နိုး သူများ နှင့် အထူးသဖြင့် အီရန် လူမျိုး များ အားဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားအပ်ပါတယ်။ အီရန်ပြည်သူ့လူထု ၏ အချစ်တော် အရွေးခံ သမ္မတ သစ် နှင့် မဂျလစ်စေ ခိုဗ်ရ် ဂန်၏ အရွေးချယ်ခံ ကိုယ်စားလှယ် နှင့် အစ္စလာမ်မီ ပါလီမန် ကိုယ်စား လှယ် အဖွဲ့ဝင်များ နှင့် တာဝန်ရှိ လူကြီးများ (မိမိတို့၏) တာဝန် ဝတ္တရားများ ကိုကျေပွန် ရန် အလ္လာဟ် ဟို အရှင်မြတ် သခင် စွမ်း အား ချီးမြှင့် ပေးသနားတော်မူရန် ဒိုအာပြု တောင်းခံ အပ်ပါတယ်။

 

ဆရက်ဒ် မိုဂ်ျသဗာ ဟိုစိန်နီး

နဂျဖ်ဖေအရှ်ရဖ်

ဝလီယေဖကီးဟ် ၏ ကိုယ်စားလှယ်                      

*****************************************************************


END / 251