အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ နိုင်ငံ ၏ ကသီးဖ် ပြည်နယ် ရှိ ကဒီးဟ် ဒေသ မှ အကျော်အမော် သာသနာ့ ပညာရှင်များ မှ လည်း ဖြစ် ခေတ်ပညာ ဘွဲ့ လည်းရ ရှိထားသူ ရှိက်္ခ စအီးဒ် ဗင် နာစေရ် အလ်ခါသွေရ် အမည် ရှိ ရှီအာ အာလင်မ် တစ်ပါး သည် အသက် ၈၉ နှစ်တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူသွား ကြောင်း ဝမ်းနည်း စွာ သိရှိ ရပါတယ်။
မရ်ဟွန်မ် ရှိက်္ခ စအီးဒ် ဗင် နာစေရ် အလ်ခါသွေရ် သည် ဆော်ဒီ အာလင်မ်များ တွင် ရှားပါးသည့် အာလင်မ်တစ်ပါးဖြစ်ပါတယ်။ အကြောင်း မှာ ခေတ်ပညာ ဘွဲ့ လည်းရ ပြီး တရားဝင် အလုပ် အကိုင်လည်း ရှိ ပြီး လူမှုရေး ကိစ္စများကိုေ ဆာင်ရွက်ပေးသည့် သာသနာပြု ဆရာ တစ်ပါးလည်း ဖြစ်ပါတယ်။ ပြီးနောက် အေမာမ်ဟိုစိုင်းန် (အ.စ) အကြောင်းဟောကြားသည့် တရားဟော ဆရာ တစ်ပါး လည်း ဖြစ်ပါတယ်။
မရ်ဟွန်မ် အနေဖြင့် သာသနာ့ ပညာ ဆည်းပူး မှုနှင့်အတူ ဘေရွတ် ရှိ အမေရိကန် တက္ကသိုလ် တွင် ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်တွင် ဆော်ဒီ အာရာမ်ကို မှ အရဘီ ပညာရပ်ဆိုင်ရာ ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
မရ်ဟွန်မ် ရှိက်္ခ စအီးဒ် ဗင် နာစေရ် အလ်ခါသွေရ် သည် ပထမဆုံး ဘေရွတ် ရှိ အမေရိကန် တက္ကသိုလ် တွင် ပထမဆုံး ပညာ သင်ကြားရသည့် အေမာမ်ဟိုစိုင်းန် (အ.စ) အကြောင်းဟောကြား သည့် တရား ဟော ဆရာ တစ်ပါး ဖြစ်ပါတယ်။
အားကစားရုံ ၊ ပရဟိတ အသင်း နှင့် အလ်ကဒီးဟ် ကျောင်း ကို လည်း မရ်ဟွန်မ် အလ်ခါသွေရ် တည်ထောင်ခဲ့ပါတယ်။
မရ်ဟွန်မ် အား ၁၉၃၃ ခုနှစ် တွင် ဆော်ဒီ နိုင်ငံ ကဒီးဟ် တွင် မွေးဖွား ခဲ့ပါတယ်။ အရေး ၊ အဖတ် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ကို မရ်ဟွန်မ် မွတ်လာ ဟစန် အလ်မိုကီးလီ ထံ တွင် သင်ယူခဲ့ပါတယ်။
မရ်ဟွန်မ် ရှိက်္ခ စအီးဒ် သည် ၁၉၆၇ ခုနှစ်မှ ၁၉၇၀ အထိ ကဒီးဟ် မြို့ ၏ ကိုယ်စားလှယတော် အဖြစ် ရွေးချယ် ခြင်းခံ ခဲ့ရပါတယ်။
မရ်ဟွန်မ် သည် အလ်ကာဖေလဟ် မဂ္ဂဇင်း တွင် သတင်း ထောက် နှင့် အရှေ့ အလယ်ပိုင်း စာအုပ် ပြပွဲများတွင် အာရာမ်ကို စာကြည့် တိုက် များ ၏ ကိုယ်စားလှယ် အဖြစ် နေရာယူခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် အနေဖြင့် ကဒီးဟ် ရှိ အလ်ခါသွေရ် အမည် ရှိ အေမာမ် ဘာရာ တွင် မဂ်ျလစ်များ ကို ပြုလုပ် သူ ဖြစ်ပါတယ်။





****************************************************************
END / 251