အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟောင်ဇေနယူးဇ် သတင်းဌာန ၏ သတင်း အထောက်များ အရ ဂျအ်မအသိုလ်အဇ်ဟရ် ၊ ကိုင်ရို ၏ သတင်း ရင်းမြစ်များ မှ တဆင့် ဂျအ်မအသိုလ်အဇ်ဟရ် ၊ ကိုင်ရို ၏ ကျောင်းအုပ် ဆရာ ကြီး ရှိက်္ခ ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွရစ်ဗ် အနေဖြင့် မကြာမီ အီရတ် နိုင်ငံသို့ ခရီး ထွက်မည် ဖြစ်ကြောင်း ခရီးစဉ် အတွင်း နဂျဖ်ဖေအရှ်ရဖ် မြို့ သို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။
ရှိက်္ခ ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွရစ်ဗ် အနေဖြင့် အမီးရွလ်မိုအ်မေနီ ဟဇရသ် အေမာမ် အလီ (အ.စ) ၏ရောင်ဇာတော် တွင် နမာဇ် ဝတ်ပြုမည် ဖြစ်ပါတယ်။ ပြီးနောက် ကမ္ဘာ့ရှီအာ မွတ်စလင်များ ၏ အကျော် အမော် မရ်ဂျာများ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ နှင့်လည်း တွေ့ဆုံမည် ဖြစ်ပါတယ်။
မှတ်သားစရာ အချက်မှာ ပြီးခဲ့သည့် လတွင် အီရတ် နိုင်ငံ စွန္နီ ဝတ်က်ဖ်ဘုတ်အဖွဲ့ မှ ကိုယ်စားလှယ် တစ်ဦး သည် အီဂျစ်နိုင်ငံတွင် ရှိက်္ခ ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွရစ်ဗ် နှင့် တွေ့ဆုံ ခဲ့ပြီး အီရတ် နိုင်ငံ သို့ လာရောက်ရန် ဖိတ်ကြားခဲ့ သည့် အချက်ဖြစ်ပါတယ်။
#############################
END / 251