၂၅ အောက်တိုဘာ ၂၀၂၁ - ၁၉:၅၉
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထွက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDFက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထွက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDFက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် လွိုင်ကော်မှ ဖယ်ခုံသို့ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့်တင်ဆောင်လာသည့် စစ်ကားငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲမြို့အထွက်နားတွင် မိုးဗြဲPDF နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF BO-3 တို့မှ အသင့်စောင့်ကြို၍ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲ PDF နှင့် KNDF BO-3 တို့မှ ၁၅ မိနစ်ခန့် တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုကို ခန့်မှန်း၍ မရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

" အရင်နေ့က ဖယ်ခုံမှာ PDF က ကင်းပုန်ကိုဝင်ပစ်ပြီး လက်နက်တွေ ရသွားတယ်၊ အဲ့တာကို လွိုင်ကော်ကနေ စစ်ကောင်စီတပ်တွေက အင်အားဖြည့်ဖို့သွားတာ။ မိုးဗြဲက ဖယ်ခုံနဲ့ လွိုင်ကော်ကြားမှာရှိတော့ စကစတွေတွေ မိုးဗြဲရောက်တဲ့အချိန်မှာ ဖြတ်ပစ်ကြတာ။ လမ်းဘေးကနေ အနီးကပ် ဆက်တိုက်ပစ်တာဆိုတော့ ၁၀ ယောက်ထက်မနည်းသေတာကို အတိအကျ သိရတယ်။အားလုံးဆုတ်ခွာသွားပြီးချိန်မှာ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာ" ဟု မိုးဗြဲ PDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ မိုးဗြဲမြို့အတွင်းရှိ လူနေရပ်ကွက်များစီသို့ လက်နက်ကြီး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၄၄နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် အသက်မပြည့်သေးသူ ကလေးနှစ်ဦး အပါအဝင် ငါးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဘက်ပေါင်းစုံမှ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားနှင့် ရန်သူ စနစ်တကျ မခွဲခြားဘဲ အပစ်မဲ့ အရပ်သားများကို ပစ်မှတ်ထားနေခြင်းမှာ အင်မတန် စပ်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ပြောဆိုထားသည်။


#############################                       
END / 251