အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တီဟီရန် မြို့ရှိ ဟောင်ဇာ ၏ ထူးချွန် ဆရာ ၊ဒဿန ပညာရှင် နှင့် ဓမ္မသတ်ပညာရှင် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် ရဇီး ရှီးရာဇီး သည် သက်တော် ၉၃ နှစ် တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် အား ခံယူ သွားကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ရပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် ဆရက်ဒ် ရဇီး ရှီးရာဇီး သည် မွတ်ဂ်ျသဟစ်ဒ် တစ်ပါး နှင့် ဒဿန ပညာရှင် တစ်ပါး ဖြစ်ပါတယ်။ ၎င်းအား ၁၉၂၈ခုနှစ် တွင် နဂျဖ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ နဂျဖ်မြို့ တွင် အနှစ် ၃၀ ကြာ ပညာ သင်ယူခဲ့ပါတယ်။ အခြေခံပညာ မှ ဖေက် နှင့် အူစူလ် ပညာရပ်များ အထိ ပညာသင် ဆည်းပူးခဲ့ ပါတယ်။
မရ်ဟွန်မ် သည် ဆေးရွက်ကြီး သုံးစွဲခြင်းကို ဟရာမ် ဟု ဖသ်ဝါ ပေးခဲ့သူ အကျော်အမော် မရ်ဂျာတစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် မီးရ်ဇာ ရှီးရာဇီး (ရ.ဟ) ၏ ဆွေမျိုး မှ ဖြစ်ပါတယ်။
နဂျဖ်မြို့ တွင် မရ်ဟွန်မ် ၏ ထင်ရှား သည့် ဆရာများ မှာ မရ်ဟွန်မ် ၏ ဖခင် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိန် ရှီးရာဇီး နှင့် မရ်ဟွန်မာ ၏ နာနာ (မိခင်၏ အဖေ) မိုဟမ္မဒ် ကာစင်မ် ရှီးရာဇီး နှင့် ဟိုစိန် ဟစ်လီ ကဲ့သို့ အကျော်အမော် ဆရာကြီး များ ဖြစ်ကြပါတယ်။
မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် ရဇီး ရှီးရာဇီး သည် မိမိ ၏ လူငယ် ဘဝ တွင် အာယာသွလ္လာဟ် မိုဟမ္မဒ် ဟိုစိန် ကာရှစ်ဖ် ဖိုလ် ဂသွာ ထံ မှ မိုဂ်ျသဟစ်ဒ် ဖြစ်ကြောင်း ထောက်ခံ စာ ကို ရယူခဲ့ပါတယ်။ ပြီးနောက် တီဟီရန် သို့ သွားရောက်၍ သာသနာ အကျိုး သယ်ပိုး ခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။
****************************************************************
END / 251