၂၆ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၃
ယီမင်နိုင်ငံ ဆအ်ဒဟ်ပြည်နယ် အပေါ် ဆော်ဒီ တိုက်လေယာဉ်များ၏ ရာဇဝတ်မြောက် ဗုံးကျဲ တိုက်ခိုက်

ဆော်ဒီ အာရေဗျ သည် ယီမင်ရှိ လက်နက်မဲ့ အာရပ် မွတ်စလင်မ်များ အပေါ် အဆက်မပြတ် ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် လျက် ရှိပါတယ်။ ယီမင် နိုင်ငံ ဆအ်ဒဟ် ပြည်နယ် အပေါ် ဆော်ဒီ တိုက်လေယာဉ်များ ၏ လူမဆန်စွာ ရာဇဝတ်မြောက် ဗုံးကျဲ တိုက် ခိုက် မှုကို ပြုခဲ့ ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဆော်ဒီ အာရေဗျ သည် ယီမင်ရှိ လက်နက်မဲ့ အာရပ် မွတ်စလင်မ်များ အပေါ် အဆက်မပြတ် ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် လျက် ရှိပါတယ်။ ယီမင် နိုင်ငံ ဆအ်ဒဟ် ပြည်နယ် အပေါ် ဆော်ဒီ တိုက်လေယာဉ်များ ၏ လူမဆန်စွာ ရာဇဝတ်မြောက် ဗုံးကျဲ တိုက် ခိုက် မှုကို ပြုခဲ့ ကြောင်း သိရှိရပါတယ်။

သတင်း အထောက်အထားများ အရ ဆော်ဒီ တိုက်လေယာဉ်များ မှ ယီမင်နိုင်ငံ ဟဇရမောက်သ် ပြည်နယ်ရှိ ပြည်သူပြည်သားများ အပေါ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ဤအတွက်ကြောင့် ပြည်သူ အများ အပြား သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာရပ် သတင်းဌာနများ ၏ သတင်း အထောက်အထားများအရ ဆော်ဒီ အာရေဗျ သည် ယီမင် နိုင်ငံအပေါ် တိုက်ခိုက်နေသည်ရည်မှန်းချက် များမှာ မရှုမလှ မအောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။ ယီမင် နိုင်ငံ အပေါ် ဆော်ဒီ အာရေဗျ နိုင်ငံ ၏ မတရား အနိုင်ကျင့် တိုက်ခိုက်မှု တွင် အေမရိကန် ၊ အစ္စရေး အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံသည် ပါဝင်ကြောင်း သိရှိရပါတယ်။

ကမ္ဘာမီဒီယာ အများစု မှာ မတရားသည်ဘက် တွင်ရှိနေကြောင်း အမေရိကန် ၊ အစ္စရေး ၊ဆော်ဒီတို့၏ မဟာမိတ်နိုင်ငံများဘက်တွင်ရပ်တည်နေကြောင်းသိသာ ထင်ရှားပေသည်။ အကြောင်းမှာ ယီမင် အပေါ် ဆော်ဒီ တိုက်ခိုက်နေတော့ မသည်သည့် အသံမထွက်ဘဲ ။ယခု အခါ ရုရှား နိုင်ငံ မှ ယူကရိန်း နိုင်ငံ အပေါ် တိုက်ခိုက် နေသည့်အခါ အသံများ ထွက်ပေါ် လာ ပေသည်။

 

****************************************************************

END / 251