၂၂ မတ် ၂၀၂၂ - ၁၈:၅၁
အာယာသွလ္လာဟ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ အလ္လာဟ်ဟိုအရှင်မြတ် အမိန့် ခံယူ

ဟဇရသ် အဗ်ဒိုလ်အဇီးမ် ဟစန်နီ (အ.စ) ရောင်ဇာတော်၏ဂေါပကလူကြီး မဂ်ျလစ်စေ ခိုဗ်ရဂန် ( ရဲဟ်ဗရ်ရေအင်န်ကေလာဗ် အစ္စလာမ်မီ ရွေးချယ်ရေးဆိုင်ရာ ပညာရှင်များကောင်စီ ) တွင် တီဟီရန် ကိုယ်စားလှယ် ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော်အား ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အဗ်ဒိုလ်အဇီးမ် ဟစန်နီ (အ.စ) ရောင်ဇာတော်၏ဂေါပကလူကြီး မဂ်ျလစ်စေ ခိုဗ်ရဂန် ( ရဲဟ်ဗရ်ရေအင်န်ကေလာဗ် အစ္စလာမ်မီ ရွေးချယ်ရေးဆိုင်ရာ ပညာရှင်များကောင်စီ ) တွင် တီဟီရန် ကိုယ်စားလှယ် ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ သည် သက်တော် ၇၆ နှစ်အရွယ် တွင် တီဟီရန် မြို့ ရှိ ခါသန်မ်မိုအန်ဗီယာ ဆေးရုံ တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော်အား ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။ အာယာသွလ္လာဟ် အလ္လာဟ် အမိန့်တော် ခံယူသည့် ရက်မှာ မတ်လ ၂၁ ရက်နေ့ ဖြစ်ပါတယ်။

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ သည် အေမာမ် ခိုမေနီ ၏ အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှား မှုတွင် ရှေ့ တန်းမှ ပါဝင် ခဲ့သူဖြစ်ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပွဲခံပြီးနောက် မဂ်ျလစ်စေ ခိုဗ်ရဂန် ( ရဲဟ်ဗရ်ရေအင်န်ကေလာဗ် အစ္စလာမ်မီ ရွေးချယ်ရေးဆိုင်ရာ ပညာရှင်များကောင်စီ ) ၏အဖွဲ့ဝင် ၊ ပြန်ကြားရေး ဝန်ကြီး ၊ ဟဂ်ျ နှင့်ဇေယာရသ် ဆိုင်ရာ ကိစ္စအတွက် ရဲဟ်ဗရ်၏ ကိုယ်စားလှယ်တော် အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပင် အီရန် နိုင်ငံ ဇေယာရသ်ပြုသူများ ကို စောင့်ရှောက်သူ တာဝန်ခံ ၊ ဟဇရသ် အဗ်ဒိုလ်အဇီးမ် ဟစန်နီ (အ.စ) ရောင်ဇာတော်၏ဂေါပကလူကြီး အဖြစ်လည်း တာဝန်ထမ်း ဆောင်၍ သာသနာ နှင့် လူမျိုး အကျိုး ကို ပြုခဲ့သူ ဖြစ်ပါတယ်။

အဖိုးတန် စာအုပ်ပေါင်းများစွာကိုလည်း ရေးသားသီးကုံး ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။

****************************************************************

END / 251