၂၁ စက်တင်ဘာ ၂၀၂၂ - ၂၁:၂၆
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ ခိုရ်စာန် နှင့်တွေ့ဆုံ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် အီရတ် နိုင်ငံ အရ်ဗအီးန် ခြေလျင် ခရီး အပြီး အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ မူစဝီ ခိုရ်စာန် နှင့်တွေ့ဆုံ စကားဆို ဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် အီရတ် နိုင်ငံ အရ်ဗအီးန် ခြေလျင် ခရီး အပြီး အီရတ်နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ တွင် သီတင်းသုံးနေထိုင်နေသည့် မရ်ဂျာယေ သက္က်လီးဒ် များ ၊ အိုလမာ နှင့် တွေ့ဆုံခဲ့ပါတယ်။
၎င်းအိုလမာများ အနက် အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ မူစဝီ ခိုရ်စာန် နှင့် လည်း တွေ့ဆုံ ဆိုခဲ့ပါတယ်။

ဤတွေ့ဆုံ မှုတွင် H.I ဗဲဟ်လဝန် ဇါဒေဟ် ဗေဟ်ဗဟာနီ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၊အီရတ် ၏ ဥက္ကဋ္ဌ လည်း ပါဝင် ခဲ့ပါတယ်။

ထိုနည်းတူစွာ အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် မရ်ဂျာယေ သက္က်လီးဒ် များ ဖြစ်ကြသည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖရာဇ် နဂျဖီး ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးရ် နဂျဖီး တို့ နှင့်လည်း တွေ့ဆုံ စကားဆို ခဲ့ပါတယ်။





အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ မူစဝီ ခိုရ်စာန် သည် အီရတ် တွင် နေထိုင် သီတင်းသုံး နေပြီး ဖကီးဟ် တစ်ပါး (မိုဂျ်သဟစ်ဒ်တစ်ပါး) လည်းဖြစ်  စာရေး ဆရာ နှင့် သုတေသီ တစ်ဦးဖြစ်ပါတယ်။ စာအုပ်များစွာကို ရေးသား ပြုစုထားသည့် အာလင်မ် တစ်ပါးလည်း ဖြစ်ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ မူစဝီ ခိုရ်စာန် အား ဂုစ်ပြုသည့် ကံန်ဂရက် တစ်ခု ကို မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အပါအဝင် အခြား အေလ်မီ  (ပညာရေး ) ဆိုင်ရာအဖွဲ့ အစည်းများ မှ မကြာမီ ကျင်းပကြမည်ဖြစ် ပါတယ်။

****************************************************************
END