အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ကာဖီ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
امام جعفر صادق علیه السلام:
المَسجونُ مَن سَجَنَتهُ دُنياهُ عَن آخِرَتِهِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
အကျဥ်းသား အစစ်ဆိုသည်မှာ ၎င်း၏ လောကီသည် ၎င်း ၏ အာခေရသ် (ခ) လောကုတ္တရာ အတွက် အတားအဆီး ဖြစ်စေသူကို ခေါ်ဆိုပါသည်။
ကျမ်းကိုး ။ ။ ကာဖီကျမ်း ၊ အတွဲ ၈ ၊ စာမျက်နှာ ၂၄၃ ၊ ဟဒီးစ်တော် ၃၃၇
မှတ်ချက် - အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ သည် လောကုတ္တရာ အရေး အား လောကီ အရေးထက် ပိုပြီး အလေးပေး ၊ ဦးစားပေးရမည်ဆိုတာ သိရှိရပါမည်။ လူအများစုသည် မိမိ ခဏတာ နေရမည့် လောကကြီး အတွက်တော့ သောက ထားကြပြီး ကြိုးစား အားထုတ်ကြပါတယ်။ စုဆောင်းကြပါတယ်။ သို့သော် လောကုတ္တရာ ၉ခ) အာခေရသ် (ခ) တမလွန် ဘတ အတွက် မေ့လျော့ နေကြပါတယ်။
****************************************************************
END / 251