ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ကန်ဇိုလ်အမ်မါလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلى الله عليه و آله وسلم:
ما ثَبّتَ اللّهُ حُبَّ عليٍّ في قلبِ مؤمنٍ فَزلَّتْ به قدمٌ إلّا ثَبّتَ اللّهُ قَدَما يومَ القيامةِ علَى الصِّراطِ.
ما ثَبّتَ اللّهُ حُبَّ عليٍّ في قلبِ مؤمنٍ فَزلَّتْ به قدمٌ إلّا ثَبّتَ اللّهُ قَدَما يومَ القيامةِ علَى الصِّراطِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
“အလ္လာဟ် ဟို အရှင်မြတ် သည် မိုအ်မင် ၏ နှလုံးသား တွင် ဟဇရသ် အလီ (အ.စ) ၏ အချစ်မေတ္တာကို ထည့်သွင်း ပေးသည့် အခါ ၎င်းအချစ်မေတ္တာ တရား ရှိလျက် ၎င်း၏ ခြေလှမ်း ယိမ်းယိုင် သွားမည် (ဆိုလိုသည်မှာ ၎င်းအနေဖြင့် အမှား တစ်ခုခု ကျူးလွန် မိသွားလျှင် ) အလ္လာဟ် ဟို အရှင်မြတ် သည်ကေယမသ် နေ့ တွင် ၎င်း ၏ ခြေလှမ်း ကို ဆွေရာသ် (တံတား ) ပေါ်တွင် ခိုင်မာ စွာထား တော်မူမည်။ ”
ကျမ်းကိုး ။ ။ ကန်ဇိုလ်အမ်မါလ် ကျမ်း ၊ ဟဒီးစ်တော် ၃၃၀၂၂
မှတ်ချက် - အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) အား ချစ်ခြင်း ၏ ရလာဒ် ကို သိရှိရမှာ ဖြစ်ပါတယ်။
****************************************************************
END / 251