၁၃ ဩဂုတ် ၂၀၂၃ - ၁၈:၅၂
အိုင်အက်စ် အကြမ်းဖက် သမား များ မှ ရှီးရာဇ် မြို့ရှိ ရှာဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် အတွင်း အကြမ်းဖက် တိုက်ခိုက်  ၄ဦး ရှဟီးဒ် ဖြစ် / ပဏာမသတင်း

အိုင်အက်စ် အကြမ်းဖက် သမား များ မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ရှီးရာဇ် မြို့ရှိ ရှာဟ်ကြေရာဂ် ရောင်ဇာတော် အား ဒုတိယ အကြိမ် ထပ်မံ အကြမ်းဖက် တိုက်လိုက်ခံမှု ကို ပြုခဲ့ပြန်ပါတယ်။ ပထမအကြိမ် အောက်တိုဘာလ ၂၆ရက်နေ ၂၀၂၂ခုနှစ် က လည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ၁၃ဦး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ သတင်း အချက်အလက်များ အရ အိုင်အက်စ် အကြမ်းဖက် သမား များ မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ရှီးရာဇ် မြို့ရှိ ရှာဟ်ကြေရာဂ် ရောင်ဇာတော် အား ယနေ့ ညနေပိုင်း တွင် ဒုတိယ အကြိမ် လူမဆန်စွာ ဖြင့် ထပ်မံ  ဖြစ်ပွားခံ ကြောင်း ဝမ်းနည်း စွာ ဖြင့် သိရှိရပါတယ်။

ဤလူမဆန်သည့် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့်  ‌ရောင်ဇာတော် အား ခေသ်မသ် ပြုပေးနေသူ နှစ်ဦး ရှဟီးဒ် ဖြစ်သွားကြောင်း သိရှိရပါတယ်။ IRNA သတင်းဌာန           ၏ သတင်း အထောက်အထား အရ အိုင်အက်စ် အကြမ်းဖက် သမား များ ဤ တိုက်ခိုက် မှု ကြောင့်  လေးဦး ရှဟီးဒ် ဖြစ် ခဲ့ကြောင်း သိရှိ ပါတယ်။

သမ္မတနိုင်ငံ ရှီးရာဇ် မြို့ရှိ ရှာဟ်ကြေရာဂ် ရောင်ဇာတော် အတွင်း ယနေ့ အိုက်အက်စ် အကြမ်းဖက် လက်နက်ကိုင် သမား နှစ်ဦး မှ အလ်မဲဟ်ဒီ (အ.ဂျ) ဆိုသည့် တံခါးဝပေါက်မှ ဝင်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ လက်နက်ကိုင် အကြမ်းဖက်သမား နှစ်ဦး သည် ရောင်ဇာတော် အတွင်း အလ်မဲဟ်ဒီ (အ.ဂျ) ဆိုသည့် အဝင် တံခါးဝ မှ ဝင်လာပြီး တွေ့ရ သမျှ လူများကို သေနတ်ဖြင့်ပစ်ခတ် ခဲ့ပါတယ်။  အကြမ်းဖက် သမား တစ်ဦးအား ဖမ်းချုပ်ထား နိုင်ခဲ့ပြီး ကျန် တစ်ယောက်မှ ထွက်ပြေး တိမ်းရှောင် နေ ကြောင်းသိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ ရှာဟ်ကြေရာဂ်ရောင်ဇာတော် ၏ တံခါးများ ကို ပိတ်ထားပြီး ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား ကို ရှာဖွေနေကြောင်း လုံခြုံရေးတပ်ဖွဲ့တွေ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ အဖမ်းခံရသည့် အကြမ်းဖက်သမားသည် သေနတ်တစ်လက်နှင့် မဂ္ဂဇင်း ၈ စောင်ပါရှိကြောင်း ဖာရ်ဇ် ပြည်နယ် တပ်မှူးက ပြောကြသည်။

ဖာရ်ဇ် ပြည်နယ် ၏ တရားသူကြီးချုပ် ဟွတ်ဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီးန် မူစဝီ  မှလည်း ကြေငြာခဲ့သည မှာ - ဖမ်းဆီးခံထားရသော အကြမ်းဖက်သမားအား ပဏာမစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၂ခုနှစ် ဗုဒ္ဓဟူးနေ့ညနေခင်းတွင် လက်နက်ကိုင် အိုက်အက်စ် (ဝဟာဘီ) အကြမ်းဖက် သမား သုံးဦးသည် မှ အီရန် နိုင်ငံ ရှီးရာဇ် မြို့ရှိ ရှာဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် အတွင်း အကြမ်းဖက် တိုက်ခိုက် မှု ပြုခဲ့ရာ ၁၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အနည်းဆုံး ၄၅ ဦးခန့် ဒဏ်ရာ ရခဲ့ကြောင်း  ဝမ်းနည်း စွာ မှတ်တမ်းတင်ပါတယ်။

****************************************************************

END / 251