၃၀ အောက်တိုဘာ ၂၀၂၃ - ၀၆:၁၄
အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး အစ္စရေးစစ်သားများ သေဆုံးမှုအား ထုတ်ဖော်

အပြင်းထန်ဆုံး ဆင်ဆာဖြတ်တောက်ထားသည့်ကြားမှ ဟားမတ်စ်တို့၏ အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး တွင် အစ္စရေး စစ်သားများ၏ နောက်ဆုံး သေဆုံးမှု စာရင်း ထွက်ပေါ်လာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အောက်တိုဘာလ ၂၈ ရက်နေ့ လာ Sahar News သတင်းဌာန ၏ သတင်း အထောက်အထား များ အရ  ဟားမတ်စ် တို့ ပြုခဲ့သည့် အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ကြောင့် အစ္စရေးစစ်သား ၃၁၁ ဦး သေဆုံးပြီး အကျဉ်းသား ၃၂ ဦးဖြစ်ကြောင်း နယ်ချဲ့ စစ်သွေးကြွ အစ္စရေး ဇီယွန် ဝါဒီ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ မှ ယနေ့တွင် ဝန်ခံ ပြောကြားခဲ့ပါတယ်။

အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး တွင် စုစုပေါင်း ဇီယွန်ဝါဒီ ၁၄၀၀ သေဆုံးပြီး ၂၀၀  အဖမ်းခံထားရကြောင်း သိရပါတယ်။

မိမိ တို့၏ မြေကို မတရားကျူးထားသည့် နယ်ချဲ့ စစ်သွေးကြွ အစ္စရေး ဇီယွန် ဝါဒီ များ တော်လှန်နေသည့်  ဟားမတ်စ် တပ်သားများ မှ ခရစ်နှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်ခံ ထားသည့် မိမိတို့ နယ်မြေများတွင် အစ္စရေးအား သူဖန်နိုလ်အက်ဆွာ (အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး) ဟု လူသိများ သော စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်  အစ္စရေးမီဒီယာများက ဤစစ်ဆင်ရေးသည် သမိုင်းတွင် အနှိုင်းမဲ့ပြီး အစ္စရေး အစိုးရအတွက် ကြီးမားသော ကျရှုံးမှုဖြစ်သည်ဟု ယူဆကြပါတယ်။ ထို့အပြင် ဖမ်းဆီးခံထားရသည့် ဟားမတ်စ်စစ်သားများကို ကိုးကား၍ မီဒီယာအချို့၏ ထုတ်ပြန်ချက်များအရ ဤ စစ်ဆင်ရေး ကို တစ်နှစ် အရင် စီစဥ် ထားသည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

ဤစစ်ဆင်ရေးကြောင့် အစ္စရေးများ သည်အဖျက်အစီး အဆုံး အရှုံး အများအပြားနှင့် ရင်ဆိုင်ရပြီး ဖရိုဖရဲ များ ဖြစ်သွားကြရပါတယ်။

****************************************************************

END / 251