အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယီမင်ရှိ မြို့အသီးသီးတွင် အမေရိကန် နှင့် ဗြိတိန်တို့က တိုက်ခိုက်ခဲ့ကြောင်း Maher News Agency မှ အယ်လ်ဂျာဇီယာ အား ကိုးကား၍ ဖော်ပြထားပါတယ်။
ကနဦးသတင်းများအရ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ယီမင်ရှိ နေရာအသီးသီးတွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ယီမင်ရှိ တည်နေရာ ၁၀ ခုတွင် အမေရိကန်က ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးနှင့် ဗြိတိန်တို့သည် ဆနအာအ် ၊ ဟဒီးဒ်ဒဟ် ၊ဆအ်ဒဟ် နှင့် ဇမာရ် ပြည်နယ်များရှိ ယီမင် တပ် များကို ပစ်မှတ်ထားနေကြောင်း ဆဗါ နယူးစ် မှ အတည်ပြုပြောကြားခဲ့ပါတယ်။
ယီမင်ရှိ နေရာအသီးသီးအား အမေရိကန်နှင့် ဗြိတိန်သင်္ဘောများမှ ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ရေတပ် မှ တာဝန်ရှိသူတစ်ဦးက အယ်လ်ဂျာဇီယာ သို့ ပြောကြားခဲ့ပါတယ်။
CNN နှင့် စကားပြောရာတွင် အမေရိကန် အရာရှိက တိုက်ခိုက်မှု ပြီးသွားသော်လည်း ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေပါက အမေရိကန်က ထပ်မံတိုက်ခိုက်နိုင်သည်ဟု ဆိုထားပါတယ်။
ဟဂျ် ပြည်နယ်နှင့် ယီမင် အနောက်ပိုင်းရှိ ပြည်နယ် ၃ ခု အပါအဝင် ယီမင်ပြည်နယ် လေးခုတွင် တိုက်ခိုက်မှုများကို ပြုခဲ့ ကြောင်း အယ်လ်ဂျာဇီယာက အစီရင်ခံထားပါတယ်။
****************************************************************
END / 251