၂၄ ဇန်နဝါရီ ၂၀၂၄ - ၂၀:၁၂
   အဒန် ပင်လယ်ကွေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရကြောင်း ယီမင် စစ်တပ် ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့

အဒန် ပင်လယ်ကွေ့ရှိ အမေရိကန် စစ်သင်္ဘောတစ်စင်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီးအ် သည် အဒန် ပင်လယ်ကွေ့ရှိ အမေရိကန်ပိုင် ကုန်တင် သင်္ဘော အိုစင်ဂါ ကို တိုက်ခိုက်ခဲ့ကြောင်း အလ်မစီးရဟ် သတင်းဌာန ၏ ပြောကြားချက်အရ သိရှိရ ပါတယ်။

ယီမင်ရေတပ်သည် အမေရိကန်စစ်သင်္ဘောအား သင့်လျော်သောလက်နက်များဖြင့် ပစ်မှတ်ထားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖိနှိပ်ခံနေရသော ပါလက်စတိုင်းများအပေါ် ဇီယွန်စစ်အစိုးရ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည်အထိ ဇီယွန်နစ် ဆိပ်ကမ်းများ နှင့်  ပင်လယ်နီမှ ထွက်ခွာလာသော သင်္ဘောများကို ဆက်လက် တိုက်ခိုက် သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့ ၏တိုက်ခိုက်မှုများသည် ယီမင်နယ်စပ်ကို ကာကွယ်ရန်နှင့် ပါလက်စတိုင်းပြည်သူများနှင့် အတူရှိ ကြောင်း ကို ပြသရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် ဗြိတိန်တို့ဘက် မှ  တိုက်ခိုက်လာ သည့် အခြေအနေတွင်  ပင်လယ်နီနှင့် အာရေဗျပင်လယ်ရှိ ကျူးကျော်နိုင်ငံများ ၏ တပ်စခန်း များကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ယဟ်ယာ စရီးအ် မှ ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251