၂၉ ဇန်နဝါရီ ၂၀၂၄ - ၂၀:၂၇
ဒမတ်စကတ်တွင် ဇီယွန်ဝါဒီစစ်တပ်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ၂ ဦး ရှဟီးဒ် ဖြစ်သွား ပြီး အများအပြား ဒဏ်ရာရ

ဆီးရီးယားနိုင်ငံမြို့တော် မတ်စကတ် ရှိ ဇိုင်နဗ်ဘီယဟ် ဧရိယာ၏ ဆင်ခြေဖုံးရပ်ကွက် တွင် ကျူးကျော် နယ်ချဲ့ ဇီယွန်ဝါဒီစစ်တပ်က တနင်္လာနေ့တွင် ဒုံးကျည် ၃ စင်း ပစ်လွတ်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။

            

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများအရ မီဒီယာများ၏ ဖော်ပြချက်အရ ဇီယွန်အစိုးရစစ်တပ်သည် ဒမတ်စကတ်မြို့ ဇိုင်နဗ်ဘီယဟ်   ဧရိယာ၏ ဆင်ခြေဖုံးရပ်ကွက်  ရှိ အဆောက်အအုံတစ်ခုအား ဒုံးကျည်သုံးစင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ  အရပ်သား ၂ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး  အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။

ယင်းအပြင် ဆီးရီးယားစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဒမတ်စကတ်နှင့် ၎င်း၏ အနီးတစ်ဝိုက် တွင် စတင်အသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ သိမ်းပိုက်ထားသော ဂျောင်လန် ဧရိယာမှ ဒုံးကျည်အများအပြား ပစ်လွတ်ခဲ့သော်လည်း ပစ်မှတ်ကို မထိမီတွင် ဒုံးကျည်အများအပြားကို တားဆီး နိုင်ခဲ့သည်ဟု သိရှိပါတယ်။

မကြာသေးမီနှစ်များအတွင်း ကျူးကျော် နယ်ချဲ့  ဇီယွန်ဝါဒီစစ်တပ်သည် ဆီးရီးယားနိုင်ငံရှိ နေရာအများအပြားကို တိုက်ခိုက်ခဲ့ပြီး မကြာသေးမီလများအတွင်း အထူးသဖြင့် (အောက်တိုဘာ ၇ ရက်) ကတည်းက ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုအသစ်များ တိုးမြင့်လာပြီးနောက် တိုက်ခိုက်မှုများသည်လည်း  တိုးမြှင်လာကြောင်း သတိပြုသင့်ပါတယ်။

****************************************************************

END / 251