၇ ဖေဖော်ဝါရီ ၂၀၂၄ - ၁၂:၀၉
ယီမင် စစ်တပ် သည် အမေရိကန် နှင့် ဗြိတိန် သင်္ဘောများကို တိုက်ခိုက်ခဲ့

ယီမင်စစ်တပ်သည် ပင်လယ်နီတွင် အမေရိကန်နှင့် ဗြိတိန်သင်္ဘောများကို ထပ်မံပစ်မှတ်ထား တိုက်ခိုက်ခဲ့ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန  နှင့် အလ်ဂျဇီးရဟ် ရုပ်သံလိုင်း၏ အစီရင်ခံစာအရ ယီမင်လက်နက် ကိုင်တပ်ဖွဲ့များ သည် ပင်လယ်နီတွင် အမေရိကန်နှင့် ဗြိတိန်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ပါလက်စတို င်းသတင်းဌာန စမာ မှ  ယီမင်တပ်ဖွဲ့များ သည် ပင်လယ်နီအတွင်း ဗြိတိန်နှင့် အမေရိကန် သင်္ဘော နှစ်စင်း ကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ စရီးအ် ကလည်း ဒီအကြောင်း နှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်မတိုင်မီတွင်၊ ဗြိတိန်ရေကြောင်းကုန်သွယ်မှုအဖွဲ့မှလည်း ယီမင်နိုင်ငံ ဟိုဒဲဒါပြည်နယ်၏ အနောက် ဘက် ငါးဆယ့်ခုနစ်မိုင်အကွာ ပင်လယ်နီတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သတင်းများကို လက်ခံရရှိ ထား ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထို့အပြင် British Embry Maritime Security Company ကလည်း ဗြိတိန်ကုန်တင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် ဝင်တိုက်မိခဲ့ကြောင်း သိရပါတယ်။                                                                                            

****************************************************************

END / 251