၂၂ မေ ၂၀၂၄ - ၀၇:၁၆
အလ္လာဟ်ဟို အရှင်မြတ် ၏ အချစ်မြတ်နိုး တကာ အချစ်မြတ်နိုးဆုံး မိုအ်မင်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အလ္လာဟ်ဟို အရှင်မြတ် ၏ အချစ်မြတ်နိုး တကာ အချစ်မြတ်နိုးဆုံး မိုအ်မင် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သိုဟ်ဖိုလ်အူကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

إنَّ أحَبَّ المُؤمنِینَ إلَی اللَّهِ مَن أعانَ المُؤمِنَ الفَقیرَ مِنَ الفَقرِ فی دُنیاهُ و مَعاشِهِ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«အလ္လာဟ်ဟို အရှင်မြတ် အနီး တွင် အနှစ်သက်ဆုံး တကာ အနှစ်သက်ဆုံး မိုအ်မင် မှာ ဆင်းရဲသားမိုအ်မင် ၏ လောကီ အကြပ်အတည်းများ အခက်အခဲ များတွင် ကူညီဖေးမ ပေး သူ ဖြစ်ပါသည်။  »

ကျမ်းကိုး ။ သိုဟ်ဖိုလ်အူကူးလ် ကျမ်း  ၊ စာမျက်နှာ ၃၇၆

ဃ -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မိမိ အနီးအနား ရှိ ဆင်းရဲသူ၊ဆင်းရဲသား မိုအ်မင်များ မိုအ်မေနသ် များ ၏ လောကီ အကြပ်အတည်းများ အခက်အခဲများ ပမာ အားဖြင့် စားဝတ်နေရေး ကြပ်တည်းနေမှု ၊ ဆေးဝါးကုသမှု စသည် တို့ အတွက် မိမိ တတ်နိုင်သလောက်နှင့် တတ်နိုင်သူများကူညီပေးအောင် မေတ္တာ ရပ်ခံပေး မှု ကို ပြုပေး ရမည် ဖြစ်ပါတယ်။ ဆင်းရဲသားမိုအ်မင်များ ဆင်းရဲသူ မိုအ်မေနသ်များ ကို ကူညီဖေးမ ချိန် ငါးဖမ်း မပေးဘဲ ငါးဖမ်းနည်းကို သင်ပေးသည့် အကူအညီမျိုး အထူး ဦးစားပေးသင့်ပါတယ်။ ပြီးနောက် ဆင်းရဲသူ၊ဆင်းရဲသားမိုအ်မင်များ မိုအ်မေနသ်များ အနေဖြင့်လည်း သူတစ်ပါးဆီက အကူအညီ ယူမှု ကို အတတ်နိုင်ဆုံး ရှောင် ကြဥ် နိုင်အောင်  အထူးကြိုးစားရမည် ဖြစ်ပါတယ်။ ပြီးနောက် သူဌေးတွေထက် အလ္လာဟ် အပေါ်သာလျင်မျှော်လင့်ချက် ထား ဖို့ အားကိုးဖို့ ပြုရမည် ဖြစ်ပါ တယ်။ငွေကြေး တတ်နိုင်သည့် မိုအ်မင် မိုအ်မေနသ်များ အနေဖြင့် လည်း မိမိအနားရှိ ဆင်းရဲသား မိုအ်မင်များ မိမိထံ မေတ္တာ ရပ်ခံခြင်း မပြုမည် အလိုက်သိသိ ဖြင့် ကူညီနိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251