အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahartv ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံမှာ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ကတော့ ပြီးဆုံးသွားပြီး ဖြစ်ပါတယ်။ တချိန်တည်းတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အယောက် ၈၀ ၊ လက်ရှိဝန်ကြီးများ နှင့် ဝန်ကြီးဟောင်းများ ၊ လက်ရှိ ပါလီမန်အမတ် များ အမတ် ဟောင်းများ သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ၅ ရက်အတွင်း အမည်စာရင်း တင်သွင်းခဲ့ ကြပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွား ခဲ့ပြီး လူ အယောက် ၈၀ ၏ အမည်စာရင်းတင်သွင်းခဲ့ကြပါတယ်။
ဇွန်လ ၃ ရက်၊ တနင်္လာနေ့သည် အီရန်နိုင်ငံ၌ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် အမည် စာရင်းတင်သွင်းရန် နောက်ဆုံးနေ့ဖြစ်ပါတယ်။ အီရန်နိုင်ငံ ၏ ၁၄ ကြိမ်မြောက် သမ္မတသက်တမ်း အတွက် အမည်စာရင်းတင်သွင်းခြင်း စာတမ်းများကို မေလ ၃၀ ရက်က စတင်ခဲ့ပြီး ယနေ့ ဇွန်လ ၃ ရက်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
ငါးရက်တာ သက်တမ်း ကုန်ဆုံးပြီးနောက် အီရန် ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တွင် အမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ အထူးခုံရုံးအား ပိတ်သိမ်းလိုက်ကြောင်း သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြီးကြပ်သည့် ဂါးဒီးယန်းကောင်စီသည် ကိုယ်စားလှယ်လောင်းများ၏ အရည် အချင်းပြည့်မီမှုကို ၇ ရက်အတွင်း ပြန်လည်သုံးသပ်မည်ဖြစ်ပါတယ်။အရည်အချင်းပြည့်မီသော ကိုယ်စားလှယ် လောင်းများ စာရင်းကို ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ဇွန်လ ၁၂ ရက်မှ စတင်မှာဖြစ်ပြီး ဇွန်လ ၂၇ ရက်အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
၁၄ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အီရန်ပြည်သူများက တိုက်ရိုက်မဲဖြင့် သမ္မတအသစ်ကို ရွေးချယ်မည်ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၈၀ ဦး၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) မိုဟမ္မဒ် ရေဇာ ဆဗါဂီးယန်း
(၂) အဘာစ် မွတ်က်သဒါယီ
(၃) မွတ်စ်သဖွာ ကဝါဘီယန်း
(၄) ကိုဒရာသ် အလီ ဟရှ်မသီယန်း
(၅) စအီးဒ်ဂျလီလီ
(၆) အလီ လာရီဂျာနီ
(၇) မဲဟ်မူဒ် အဲဟ်မဒ်ဒီ ဘိုငဂဲရှ်
(၈) မိုဟမ္မဒ် ခိုရှ်ဂျဲဟ်ရေဟ်
(၉) အဗ်ဒွန်နာဆေရ် ဟစ်မတ်သ်သီ
(၁၀) ဆယက်ဒ် အဲဟ်မဒ် ရစူလ်လီ နေဂျာဒ်
(၁၁) မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း
(၁၂) ဆယက်ဒ် ဝဟီးဒ် ဟက်ကာနီယန်း
(၁၃) ဟဘီးဘွလ္လာဟ် ဒဟ်မရ်ဒဟ်
(၁၄) အလီရေဇာ ဇာကာနီ
(၁၅) ဆယက်ဒ် မိုဟမ္မဒ် ရေဇာ မီးရ် သာဂျ်ဂျွန်ဒ်ဒီးန်နီ
(၁၆) ဇဲဟ်ရဟ်အေလာဟီယန်း
(၁၇) ဖေဒါဟိုစိုင်းန် မာလစ်က်ကီး
(၁၈) မိုဟမ္မဒ် မဲဟ်ဒီ အစ်မာအီလီ
(၁၉) မက်စ်အူးဒ် ဇရီဗါဖါန်
(၂၀) ဟိုစိုင်းန် အဖ်ရှာ ဇါဒဟ်
(၂၁) မဲဟ်မူဒ် အဲဟ်မဒ်ဒီ နေဂျာဒ်
(၂၂) ဟိုစိုင်းန်အလီ ကာစင်မ်ဇါဒေဟ်
(၂၃) မဲဟ်မူဒ် ဆွာဒစ်ကီ
(၂၄) ဆွာဒစ် ခလီလီယန်း
(၂၅) ဆယက်ဒ် မိုဟမ္မဒ် မူကီးမီ
(၂၆) အီးရ်ဂျ် ရှာဟ်ဝရ်ဒီ
(၂၇) မိုဟမ္မဒ် ဟစန် ကဒီးရရီအဗီးယာနဟ်
(၂၈) ဟစန် မိုဟမ္မဒ်ယာရီ
(၂၉) ဆယက်ဒ် မွတ်ဂျ်သဗာ မဲဟ်ဖူဇီး
(၃၀) ရှဲဟ်ယာရ် ဟိုင်ဒဲရ်ရီ
(၃၁) အလီဆူဖီ
(၃၂) မိုဟမ္မဒ် ရေဇာ ပူးရ် အီဗရာဟီးမီ
(၃၃) ဟိုစိုင်းန် မီးရ်ဇာယီ
(၃၄) ဂိုလန်မ် ဟိုစိုင်းန် ရေဇ် ဝါနီ
(၃၅) မိုဟမ္မဒ် ရှရီအသ် မဒါရီ
(၃၆) ဂျလီလ်ဂျအ်ဖရီ
(၃၇) ဆယက်ဒ် ဂနီ နဇရီ
(၃၈) အေလ်ယာစ် နာဒေရာန်
(၃၉) ဟစန် စိုဗ်ဟာနီ
(၄၀)ဟစန် ကာမရာန်
(၄၁) H.I အဲဟ်မဒ် အက်ဘရီ
(၄၂) ကာစင်မ် ဂျာစမီ
(၄၃) ဟမီဒဟ်ဇရ် အာဗါဒ်ဒီ
(၄၄) မိုဟမ္မဒ် နာဇေမီ အရ်ဒကာနီ
(၄၅) အလီရေဇာဝရ်နာဆေရီ
(၄၆) ဟမီးဒ် ကရီမီ
(၄၇) အလီ အာဇရီ
(၄၈) မိုဟမ္မဒ် ရေဇာ အစ်ကန်ဒရီ
(၄၉) ဝဟီးဒ်ဂျလာလ် ဇာဒေဟ်
(၅၀) အရ်ဒရှီးရ် မိုသွဟရီ
(၅၁) အစ်ဟာက် ဂျဟာန်ဂီးရီ
(၅၂) မိုဟမ္မဒ် ဝဲဟ်ဒသီ
(၅၃) ဟစန် နော်ရူဇီ
(၅၄) မိုဟမ္မဒ် ရူယာနီယာန်း
(၅၅) ဟိုစိုင်းန်ဂရူစီ
(၅၆) မိုဟမ္မဒ် အလီ ဝကီးလီ
(၅၇) မဲဟ်ဒီ ရှိက်ခ်
(၅၈) မော်ဟ်စင်န် ကူဟ်ကန်
(၅၉) မိုဟမ္မဒ် ဟစန် နာမီ
(၆၀) မိုဟမ္မဒ် မဲဟ်ဒီ ဇာဟေဒီ
(၆၁) အလီရေဇာ အဖ်ရှာရ်
(၆၂) အဇ်ဂဲရ် စလီမီ
(၆၃) မွတ်စ်သဖွာ ပူးရ် မိုဟမ္မဒ်ဒီ
(၆၄) ရှမ်စွတ်ဒ်ဒီးန် ဟိုစိုင်းန်နီ
(၆၅) ဟာဂျရ် ဂျနာရာနီ
(၆၆) ဇရ်ဂါမ်န် ဆွာဒစ်ဒ်ကီ
(၆၇) မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်
(၆၈) အဗ်ဒိုရ်ရဟီးမ် ဗဟာရ်ဝန်ဒ်
(၆၉)အက္က်ဘဲရ် နီးက်ဇာဒ်
(၇၀) ဆယက်ဒ် အဲဟ်မဒ် မူစဝီ
(၇၁) အလီ ဝက်ဖ်ကြီ
(၇၂) အီဗရာဟီးမ် အဇီးဇီး
(၇၃) အဘာစ်အာခွန်ဒ်ဒီ
(၇၄) ဒါဝဒ်မန်ဇူရ်
(၇၅) ဆယက်ဒ် အလီ ဟိုစိုင်းန်နီ
(၇၆) မဲဟ်ရ်ဒါဒ် ဗဇရ်ပါရှ်
(၇၇) အမီးရ်ဟိုစိုင်းန် ကာဇီ ဇါဒဟ် ဟာရှင်မ်မီ
(၇၈) ဆယက်ဒ် ဆူလက်သ် မိုရ်သဇဝီးရ်
(၇၉) အလီနီးက်ဇာဒ်
(၈၀) ရဖ်အသ် ဗယာသ်
တို့ ဖြစ်ကြပါတယ်။
အင်န်ရှာအလ္လာဟ် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အတွက် အရည်အချင်းရှိပြီး ဦ၊ ဘာသာတရား ကိုင်းရှိုင်းသည့် သမ္မတသစ် ရနိုင်မည် ဟု မျှော်လင့် ပြီး ဒိုအာ (ဆု) တောင်းအပ်ပါတယ်။
.......................................................
END / 251